address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, July 2, 2014

AKO ၏ Brisbane branch ကော်မတီဝင်သစ် ထပ်မံ ရွေးကောက်

July 2, 2014
သြစတြေးလျားနိုင်ငံ Queensland ပြည်နယ်၊ Brisbane အခြေစိုက် AKO (QLD-Branch)က ဇွန်လ ၂၈ရက်၊ စနေနေ့က Brisbane Senior Citizen Hall ZINNERE တွင် ပြုလုပ်သည့် ၎င်းတို့၏ နှစ်ပတ်လည် အထွေထွေ အစည်းအဝေး၌ ကော်မတီ ၀င်သစ်ကို ရွေးကောက်ခဲ့ကြကြောင်း ကေအိုင်စီက သတင်းရရှိသည်။

AKO ဥက္ကဌသစ်အဖြစ် ရွေးကောက်ခံရသူ စောဆာ့ကပေါ်ဟိန်းက “ကျနော်တို့ကော်မတီအနေနဲ့ ကရင့်တော်လှန်ရေးကို စုပေါင်း ခေါင်းဆောင်မှုနဲ့ အတူတကွ လုပ်ဆောင်သွားမယ်။ မူနဲ့လမ်းစဉ်အပေါ် ရပ်တည်တဲ့ ခေါင်းဆောင်တွေကို ဝန်းရံသွားကြမယ်”ဟု အစည်းအဝေးတွင် ပြောကြားသွားခဲ့သည်။


၎င်းကော်မတီဝင်များကို လျှို့ဝှက်မဲပေးစနစ်ဖြင့် ရွေးကောက်တင်မြှောက်ခဲ့ကြရာ ဥက္ကဌ စောဆာကပေါဟိန်း၊ ဒုဥက္ကဌ စောဆန်း လွင်၊ အတွင်းရေးမှူး နော်မူးကေတု၊ တွဲဖက်အတွင်းရေးမှူး စောအယ်သလေ၊ ဘဏ္ဍာရေးမှူး စောသာထော်နှင့် စာရင်းစစ် နော် ကော်ဆဲဖောတို့ ပါဝင်ခဲ့ကြသည်။

ထိုနေ့မနက်(၉)နာရီမှ မွန်းလွဲ(၃)နာရီအထိ ကျင်းပခဲ့သည့် အစည်းအဝေးတွင် အဝေးရောက်ကရင်များ စုစုပေါင်း ၁၀၀ဦးကျော် တက်ရောက်ခဲ့ကြပြီး လက်ရှိ ငြိမ်းချမ်းရေးဖော်ဆောင်နေမှုအပေါ် အမြင်ဖလှယ်ခြင်းများလည်း ပြုလုပ်ခဲ့ကြသည်။

အစည်းအဝေးတက်ရောက်သူ မန်းအော်လန်းဒိုက “ကရင်တွေအကုန်လုံး စည်းလုံးညီညွတ်စေချင်တယ်။ ရန်သူနဲ့ကျ စည်းလုံး ညီညွတ်မှု တည်ဆောက်နိုင်ရင် ကိုယ့်အမျိုးသားချင်းဆို ပိုလို့တောင် စည်းလုံးညီညွှတ်နိုင်ရမယ်။ ဖောက်ပြန်တဲ့စိတ် မရှိဖို့ဘဲလို တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

AKO (Queensland Branch)ကို ကရင့်ပညာရေး၊ ကျန်းမာရေး၊ အမျိုးသားလွတ်မြောက်ရေးနှင့် တန်းတူညီမျှရေးနှင့် ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေးအပေါ် အခြေခံကာ ၂၀၀၆ခုနှစ် သြဂုတ်လမှစ၍ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ထိုနှစ်မှစ၍ ၂နှစ်တကြိမ် နှစ်ပတ် လည် အစည်းအဝေး ကျင်းပလာခဲ့ရာ ယခုဆိုလျှင် လေးကြိမ်မြောက်ရှိပြီး ဖြစ်သည်။

ကေအိုင်စီ

No comments:

Post a Comment