address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, August 20, 2013

ကရင် လက်နက်ကိုင် တပ်ဖွဲ့ဝင် အယောင်ဆောင်များရှိဟု ဆို

20.8.2013

ကရင်အမျိုးသား အစည်းအရုံး (KNU) က ခွဲထွက်ပြီး သီးခြား ရပ်တည်နေ ကြသည့် ကရင် လက်နက် ကိုင် အဖွဲ့အစည်းများမှ တပ်ဖွဲ့ဝင်များ အယောင်ဆောင်ထားသည့် သူများ ရှိနေကြောင်း နယ်ခြားစောင့် တပ် အမှတ် (၃) တပ်နယ်မှူး ဗိုလ်မှူးချုပ် စောချစ်သူက ပြောကြားသည်။

အဆိုပါ အကြောင်းအရာကို သြဂုတ်လ ၁၉ရက်နေ့က မြဝတီ မြို့နယ် ရွှေကုက္ကိုမြိုင်မြို့ ဘောလုံးကွင်း တွင် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် သုံးနှစ်ပြည့် အခမ်းအနား ကျင်းပရန် ပြင်ဆင်နေသည်ကို လာရောက် စစ်ဆေးရာ သတင်း မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

သြဂုတ် လဆန်းပိုင်းက မြဝတီမြို့တွင် နယ်ခြားစောင့်တပ် တပ်ဖွဲ့ဝင် ဟု ပြောဆိုသူထံတွင် သေနတ်နှင့် ကျည်ဆန်များဖမ်းဆီးရမှုကိုသတင်းမီဒီယာများ၏ မေးမြန်းမှုကိုဗိုလ်မှူးချုပ် စောချစ်သူက ပြန်လည်  ဖြေ ရှင်းခြင်း ဖြစ်သည်။

“နယ်ခြားစောင့်တပ်က တရားဝင် အဖွဲ့အစည်းဖြစ်တော့ ကရင်ပြည်နယ် တစ်ခုလုံး လက်နက် ကိုင်ဆောင်ခွင့် ရှိတယ်။ တာဝန်အရဆိုရင် မြန်မာ တစ်နိုင်ငံလုံး လက်နက် ကိုင်ဆောင်ခွင့် ရှိတယ်” ဟု ၎င်းက ဆိုသည်။

ကရင်ပြည်နယ်တွင် လက်နက်ကိုင် အဖွဲ့အစည်းများသည့်အတွက် နယ်ခြားစောင့် တပ်ဖွဲ့ဝင်၊ KNU တပ်ဖွဲ့ဝင်၊ ဒီမိုကရေစီ အကျိုးပြု ကရင် အမျိုးသား တပ်မတော် (DKBA) အဖွဲ့ဝင် စသဖြင့် အမျိုးမျိုး အယောင်ဆောင် နေကြကြောင်း ဗိုလ်မှူးချုပ် စောချစ်သူက ပြောကြားသည်။

လက်ရှိ ဗဟို ကွပ်ကဲရေးနှင့် အကြံပေး အထွေထွေ အတွင်းရေးမှူးအပြင် နယ်ခြားစောင့်တပ် အမှတ် ၃ တပ်နယ်မှူး ဗိုလ်မှူးချုပ် စောချစ်သူသည် ယခင် ကရင် အမျိုးသား အစည်းအရုံး (KNU) မှ ခွဲထွက်ကာ တိုးတက်သော ကရင် ဗုဒ္ဓဘာသာ တပ်မတော် (DKBA) အဖြစ် ထူထောင်ခဲ့သူများ တွင် ခေါင်းဆောင် တစ်ဦးအဖြစ် ဆောင်ရွက်ခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် ၎င်း ဦးဆောင်သော DKBA တပ်ဖွဲ့ဝင်များက အစိုးရ၏ နယ်ခြားစောင့်တပ်အဖြစ် လက်ခံခဲ့ခြင်း ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment