address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, August 20, 2013

တိုင်းရင်းသားမီဒီယာအခွင့်အရေးအတွက် ဘီအဲန်အိုင် တိုးမြှင့်ဆောင်ရွက်မည်

20-8-2013

တိုင်းရင်းသားမီဒီယာများ၏ အခွင့်အရေးကာကွယ်မြှင့်တင်ရေးအတွက် နိုင်ငံတကာမြန်မာ့သတင်း (ဘီအဲန်အိုင်)က တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ကျင်းပခဲ့သည့် အကြိမ် ၂၀မြောက် ဘီအဲန်အိုင် နှစ်ပတ်လည်အ စည်းအဝေးအပြီး ယနေ့ သြဂုတ်လ ၁၉ရက်နေ့တွင် သတင်းထုတ်ပြန်လိုက်သည်။

တိုင်းရင်းသားသတင်းဌာနအများစုဖြင့် စုဖွဲ့ထားသည့် ဘီအဲန်အိုင်သည် ယခုလ ၁၅ရက်မှ ၁၉ရက်နေ့ အထိ ကျင်းပသည့် အစည်း အဝေးတွင် အဖွဲ့ဝင်များ၏ သတင်းအရည်အသွေး မြှင့်မားရေးအ တွက် နိုင် ငံတကာစံညွှန်းနှင့်အညီသတင်းကျင့်ဝတ်ဆိုင်ရာမူဝါဒရေးဆွဲရေး၊အဖွဲ့ဝင်သစ်လက်ခံရေးမူဝါဒများ၊  ရှေ့ လုပ်ငန်းစဉ်များ စနစ်တကျ ဆောင်ရွက်နိုင်ရေးနှင့် မီဒီယာဥပဒေများတွင် တိုင်းရင်းမီဒီယာများ အခွင့် အရေး ပါဝင်ရေး စသည်တို့ကို ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ဘီအဲန်အိုင် ဖွံ့ဖြိုးရေးအရာရှိ နန်းဖော့ဂေက “အစည်းအဝေးမှာ မီဒီယာဥပဒေနဲ့ ပတ်သက်လို့ရှိရင် အ ထူးသဖြင့် တိုင်းရင်းသား ဘာသာစကားနဲ့ ထုတ်ဝေနိုင်ဖို့၊ သတင်းလုပ်ငန်းအရ ဘယ်ပုဂ္ဂိုလ်၊ ဘယ်အဖွဲ့ အစည်းနဲ့မဆို ဆက်သွယ်မေးမြန်းတဲ့အခါဥပဒေအရအရေးယူမှုကင်းလွှတ်ခွင့်ရှိဖို့ကိုလည်း ဆွေးနွေးခဲ့ပါ တယ်”ဟု ပြောဆိုသည်။

မြန်မာနိုင်ငံတွင် လက်ရှိအငြင်းပွားနေသည့် မီဒီယာဥပဒေကြမ်းတွင် တိုင်းရင်းသားမီဒီယာများ၏ လို အပ်ချက်များ ပါဝင်ရေးအ တွက် တိုက်တွန်းလုပ်ဆောင်သွားရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်းလည်း နန်းဖော့ဂေက ဆက်ပြောသည်။

ယခုပြုလုပ်သည့် အစည်းအဝေးတွင် ဘီအဲန်အိုင်၏ အဖွဲ့ဝင်များ၊ လေ့လာသူအဖွဲ့များအဖြစ် သံလွင် တိုင်းဂျာနယ်နှင့် ချင်းဝေါလ် ဂျာနယ်တို့မှ ကိုယ်စားလှယ်များလည်း ပါဝင်ကာ စုစုပေါင်း ကိုယ်စားလှယ် ၃၆ဦး တက်ရောက်ခဲ့ကြသည်။

ထို့အပြင် အစည်းအဝေးတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့အခြေစိုက် သံလွင်တိုင်းဂျာနယ်ကို အဖွဲ့ဝင် သစ်အဖြစ် လက်ခံလိုက်သ ဖြင့် ယခုဆိုလျှင် ဘီအဲန်အိုင်မှာ သတင်းဌာန ၁၂ဖွဲ့ဖြင့် စုဖွဲ့ထားသည့်ကွန် ယက် ဖြစ်လာသည်။

သံလွင်တိုင်းဂျာနယ် အုပ်ချုပ်ရေးအယ်ဒီတာ ကိုမင်းမင်းနွယ်က “ဘီအဲန်အိုင်မှာ အဖွဲ့ဝင်အဖြစ် လက်ခံ တဲ့အတွက် ၀မ်းသာ တယ်။အခုလိုပါဝင်ခြင်းအားဖြင့်အတူတူလုပ်ဆောင်သွားနိုင်မယ့်အခွင့်အလမ်းတွေ  ရှိလာမှာဖြစ်သလို ရှေ့ဆက် မီဒီယာလုပ် ငန်းတွေမှာလည်း ဘီအဲန်အိုင်ရဲ့အခန်းကဏ္ဍဟာအရေးကြီးနေ ပါတယ်။”ဟု ကေအိုင်စီသို့ ပြောကြားသည်။

ဘီအဲန်အိုင်အဖွဲ့ကို ၂၀၁၃ခုနှစ်တွင် စတင် ဖွဲ့ စည်းခဲ့ပြီး လက်ရှိတွင် ကချင်သတင်းဌာန၊ ကရင်သတင်း ဌာန၊ ကုလားတန်သတင်း ဌာန၊ သျှမ်းသံတော်ဆင့်သတင်းဌာန၊ ရွှေဟင်္သာသတင်းဌာန၊ လွတ် လပ်သော မွန်သတင်းအေဂျင်စီ၊ သတင်းနှင့်မီဒီယာကွန် ယက်၊ မဇ္ဈိမ၊ ကန္တာရ၀တီတိုင်း၊ ခိုနုမ်းထုန်၊ နိရဉ္စရာနှင့် သံလွင်တိုင်းဂျာနယ် စသည့်သတင်းဌာန ၁၂ခုရှိကာ အဖွဲ့ဝင်အများစု သည် ပြည်ပအခြေ စိုက် တိုင်းရင်းသားသတင်းဌာနများ ဖြစ်သည်။

KIC (Karen Information Center)

No comments:

Post a Comment