address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, August 27, 2013

ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲဖို့ UNFC နဲ့ UNA ကော်မတီဖွဲ့

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ရဲ့ အတွင်းရေးမှုး နိုင်ဟံသာ



27.8.2013

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)နဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် အအဖွဲ့ (UNA) တို့ ဦးဆောင်ပြီး ဖက်ဒရယ်မူအပေါ်အခြေခံတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ် ရေးဆွဲနိုင်ဖို့အ တွက် ကော် မတီတရပ်ဖွဲ့စည်း သွားမယ်လို့ သိရပါတယ်။

အခြေခံ ဥပဒေအသစ် ပြန်လည်ရေးဆွဲဖို့အတွက် ဇူလိုင်လအတွင်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်ခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေ တွေ့ဆုံတဲ့ဆွေးနွေးပွဲကနေ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။


UNFC အနေနဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေက စစ်မှန်တဲ့ ပြည်ထောင်စုပုံစံမျိုး မဟုတ်တဲ့အပြင် ဖွဲ့စည်းပုံပြင် ဆင်ရေးမှာလည်း အခက်အခဲတွေ ရှိတဲ့အတွက် ဖွဲ့စည်းပုံအသစ် ပြန်လည်ရေးဆွဲဖို့ လုပ်ဆောင်တာဖြစ်တယ်လို့ UNFC အဖွဲ့က ပြောရေးဆိုခွင့်ရှိသူအတွင်းရေးမှူး ဦးနိုင်ဟံသာက ပြောပါတယ်။

၂၀၀၈ဖွဲ့စည်းပုံက ဒီမိုကရေစီအခွင့်အရေးလည်း အပြည့်အ၀မရှိဘူး၊ စစ်မှန်တဲ့ ပြည်ထောင်စုပုံစံလည်း မဟုတ်ဘူး၊ အဲ ဒီတော့ ကျနော်တို့ရဲ့ နိုင်ငံအခြေအနေနဲ့ မကိုက်ညီဘူး၊ အားလုံးကလည်း ဆန့်ကျင်နေပါတယ်၊ အစိုးရက ခွင့်ပြုထား တဲ့ မူအရ လွတ်တော်ထဲမှာ ပြင်ဖို့ဆိုတာကလည်း ဖြစ်နိုင်တဲ့ အနေအထားမရှိဘူး၊ တဖက်ကလည်း ပြင်ဖို့လည်း လိုအပ်တဲ့ အပေါ်မှာ ဖြစ်နိုင်တဲ့ နည်းအရကတော့ အသစ်တခု ရေးဆွဲတာ အကောင်းဆုံး ဖြစ်တယ်လို့ ကျနော်တို့ မြင်တယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ်ကို ၂၀၁၃ နှစ်မကုန်ခင်မှာ အပြီးရေးဆွဲဖို့ လုပ်ဆောင်သွားမယ်လို့ သိရပြီး UNFC နဲ့ UNA အဖွဲ့ဝင်တွေ၊ လူမှုအဖွဲ့အစည်းတွေ၊ ဒီမိုကရေစီ အင်အားစုတွေ၊ လူငယ်တွေနဲ့ အမျိုးသမီးအဖွဲ့တွေ ပါဝင်တဲ့ မူကြမ်းရေးဆွဲ တဲ့ ကော်မတီကနေ ဖက်ဒရယ်မူအပေါ် အခြေခံပြီး ရေးဆွဲသွားမှာ ဖြစ်တယ်လို့ ဦးနိုင်ဟံသာက ဆက်ပြောပါတယ်။

ကျနော်တို့ကတော့ ဖက်ဒရယ်မူအပေါ် အခြေခံပြီး ရေးဆွဲမှာပါ၊ တဖက်က ဒီမိုကရေစီအခွင့်အရေး အပြည့်အ၀ရှိဖို့နဲ့ တ ဖက်က စစ်မှန်တဲ့ ပြည်ထောင်စုမူကို အခြေခံပြီးတော့ ရေးဆွဲမှာပါ၊ ဒါကကျနော်တို့ရဲ့ မူကြမ်းပါ၊ အစိုးရနဲ့ ကျနော် တို့နဲ့ ဆွေးနွေးတဲ့ အခါကျရင်တော့ ကျနော်တို့ ကိုင်ဆောင်ဖို့ အခြေခံမူ တရပ်ဖြစ်တယ်။

UNFC အဖွဲ့ဝင်တွေရေးဆွဲမဲ့ အခြေခံဥပဒေအသစ် မူကြမ်းနဲ့ပတ်သက်ပြီး ပြည်သူလူထုတွေရဲ့ သဘောထားတွေ ကိုလည်း ရယူသွားမှာဖြစ်သလို မူကြမ်းရေးဆွဲပြီးရင်လည်း အများပြည်သူ သိရှိနိုင်အောင် ထုတ်ပြန်သွားမယ်လို့ ပြောပါတယ်။

ဒီကနေ့မှာတော့UNFCအဖွဲ့ဝင်တွေနဲ့ မြန်မာငြိမ်းချမ်းရေးစင်တာကဦးလှမောင်ရွှေဦးဆောင်တဲ့အစိုးရငြိမ်းချမ်းရေး   ဖော်ဆောင်ရေး အလုပ်အဖွဲ့တို့ ချင်းမိုင်မြို့မှာ တွေ့ဆုံကြဖို့ ရှိတယ်လို့လည်း ရေဒီယိုသြစတြေးလျ သတင်းေ ထာက်ြ မတ်မိုးက သတင်းပေးပို့ခဲ့ပါတယ်။

ABC Radio Australia



No comments:

Post a Comment