address
ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက
( dawnamyay2013@gmail.com )
သို့ပေးပို့နိုင်ပါသည်
Monday, August 19, 2013
ကရင် နယ်ခြားစောင့်တပ် နှစ်ပတ်လည် အခမ်းအနား တိုင်းရင်းသားအဖွဲ့ ၁၉ ဖွဲ့ တက်ရောက်မည်
19.8.2013
ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုမြိုင်တွင် သြဂုတ်လ ၂၀ ရက်နေ့၌ ကျင်းပမည့် သုံးနှစ်ပြည့် နယ်ခြားစောင့်တပ် နှစ်ပတ်လည် အခမ်းအနားသို့ တိုင်းရင်းသား လက်နက်ကိုင်များ အပါအဝင် အဖွဲ့ အစည်း ၁၉ ဖွဲ့ တက်ရောက်မည် ဖြစ်ကြောင်း ယင်း နယ်ခြားစောင့်တပ်က သတင်း ထုတ်ပြန် သည်။
“အရင်နှစ်တွေက ကရင် အဖွဲ့အစည်းတွေကိုပဲ ဖိတ်တယ်။ ဒီနှစ် ဝ တို့၊ KIA, SSA တို့ကိုလည်း ဖိတ် ထား တယ်” ဟု နယ်ခြားစောင့်တပ်မှ ဗိုလ်မှူး တစ်ဦးက ဆိုသည်။
ကရင်ပြည်နယ် နယ်ခြားစောင့်တပ် သုံးနှစ်ပြည့်အခမ်းအနားတွင်နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင် စုဒုတိယဝန်ကြီးဗိုလ်ချုပ် မောင်မောင်အုန်းနှင့် ပြည်သူ့စစ်နှင့်နယ်ခြားစောင့်တပ်ညွှန်မှူးများက ထောက် ပံ့ပစ္စည်းများ ပေးအပ်မည်ဖြစ်ကြောင်း အခမ်းအနား အစီအစဉ်အရ သိရသည်။
ယင်းနယ်ခြားစောင့်တပ်မှာ ယခင် ကရင် အမျိုးသား အစည်းအရုံး(KNU) မှ ခွဲထွက်ကာ တိုးတက်သော ကရင် ဗုဒ္ဓဘာသာ တပ်မတော် (DKBA) အဖြစ် ထူထောင်ခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် အစိုးရ၏နယ်ခြားစောင့် တပ် ဖွဲ့ရန် ကမ်းလှမ်းမှုကို လက်ခံခဲ့ခြင်း ဖြစ်သည်။
The Voice Weekly
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment