address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, August 29, 2013

ကရင်လက်နက်ကိုင်သုံးဖွဲ့ ပူးပေါင်း၍ ကရင်ရိုးရာလက်ချီပွဲ ပထမဆုံးကျင်းပမည်


29.8.2013

ပြန်လည်ပေါင်းစည်းရန် ကြိုးပမ်းလျက်ရှိသော ကရင်လက်နက်ကိုင် တပ်ဖွဲ့ သုံးဖွဲ့ပူးပေါင်းကာ ကရင်တိုင်းရင်းသား ရိုးရာ လက်ချီပွဲကို ပြည်တွင်း၌ ပထမဆုံးအကြိမ် ကျင်းပမည်ဖြစ်ကြောင်း အဆိုပါ ပွဲကျင်းပ ရန် စီစဉ်နေသူ KNU/ KNLA ငြိမ်းချမ်းရေးကောင်စီမှ ဗိုလ်မှူးကြီး တိုက်ဂါးက The Voice သို့ ပြောကြားသည်။

အဆိုပါ ကရင်တိုင်းသားရိုးရာ လက်ချီပွဲကို သြဂုတ်လ ၂၉ ရက်နေ့မှ ၃၀ ရက်နေ့ထိ ကရင်ပြည်နယ် ကော့ကရိတ် မြို့ နယ် ရေပူကျေးရွာတွင် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် BGF၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီနှင့် DKBA တို့ ပူးပေါင်း ကျင်းပသွားမည်ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

ကရင်လက်နက်ကိုင် တပ်ဖွဲ့များ ပြန်လည်ပူးပေါင်းရေးနှင့် ကရင်အမျိုးသားများ ညီညွတ်ရေးအတွက် ယင်းသို့ ပူးပေါင်း ကျင်းပရခြင်းဖြစ်ကြောင်း ၄င်းက ဆက်လက်ရှင်းပြသည်။

နှစ်ရက်တာကျင်းပမည့် ကရင်ရိုးရာ လက်ချီ ပွဲတော်ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအားလုံးကို ဖိတ်ြ ကား ထားပြီး တိုင်းရင်းသား အဆိုတော်များဖြင့် ဖျော်ဖြေရေး အစီအစဉ်များလည်း ပါဝင်မည် ဖြစ်ကြောင်း ၄င်းထံမှ သိရသည်။

ကရင်ရိုးရာလက်ချီ ပွဲတော်ကို နှစ်စဉ် ဝါခေါင်လဆုတ် (သြဂုတ်လ နောက်ဆုံးပတ်)တွင် ကရင်ပြည်နယ်၊ ဧရာဝတီ တိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ထားဝယ်မြို့ နှင့် အခြားကရင်လူမျိုးများ နေထိုင်ရာ မြို့များတွင် ကျင်းပလေ့ရှိသည်။

ယခင်နှစ်များတွင် ကရင်ရိုးရာ လက်ချီပွဲတော်ကို ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ကရင်တိုင်းရင်းသား လက်နက်ကိုင် အချို့နှင့် ကရင်ဒုက္ခသည်စခန်းများတွင် ကျင်းပလေ့ရှိသည်။

The Voice Weekly

No comments:

Post a Comment