address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Sunday, August 25, 2013

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး KNU၊ RCSS/SSA နှင့် အစိုးရ အကြိုဆွေးနွေး

25.8.2013

တိုင်းရင်းသား လက်နက်ကိုင်အားလုံး ပါဝင်မည့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ ကျင်းပ ရန်ကရင်အမျိုးသားအစည်းအရုံး(KNU)၊ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီRCSS/SSA နှင့်  ပြည်ေ ထာင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ၏ ငြိမ်းချမ်းရေး အလုပ်အဖွဲ့ (Technical Team) တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း မြန်မာ ငြိမ်းချမ်းရေးစင်တာမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သြဂုတ်လ ၂၃ ရက်နေ့က ရန်ကုန်မြို့ရှိ မြန်မာ ငြိမ်းချမ်းရေးစင်တာတွင် ပြုလုပ်ခဲ့သော ယင်းဆွေးနွေးတွင် တိုင်းရင်းသား လက်နက်ကိုင်အားလုံး ပါဝင်မည့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအတွက် ကြိုတင်ပြင် ဆင်မှု (Frame Work) ကို ဆွေးနွေးခဲ့ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးကို ၂၀၁၃ ခုနှစ် ဇူလိုင်လအတွင်း ပြုလုပ်နိုင်ရန် ကြိုးပမ်းမည် ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဗြိတိန်ခရီးစဉ်တွင် ပြောကြားခဲ့သော်လည်း KIO နှင့် အပစ်အခတ် ရပ် စဲရေး လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသည့်အတွက် ရွှေ့ဆိုင်းထားရသည်။

အဆိုပါ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပွဲကို ၂၀၁၃ ခုနှစ်အတွင်း ကျင်းပနိုင် မည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက သြဂုတ် ၅ ရက်နေ့တွင် ABSDF အဖွဲ့နှင့် တွေ့ ဆုံစဉ် ပြောဆိုထားသည်။

တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရန် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၁၁ ဖွဲ့ ရှိသည့်အနက် ၁၀ ဖွဲ့နှင့် ပြည်ထောင်စုအဆင့် လက်မှတ် ရေးထိုးထားသော်လည်း KIO/KIA အဖွဲ့နှင့် လက်မှတ်ရေးထိုးရန် ကျန်ရှိနေသေးသည်။

The Voice Weekly

No comments:

Post a Comment