address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, August 22, 2013

ဒေသခံရာဘာစိုက်တောင်သူများထံမှ KNU အဖွဲ့ ဆက်ကြေးငွေများ လာရောက်တောင်းခံ



21.8.2013

ရွှေကျင်မြို့နယ် စလူချောင်းကျေးရွာအရှေ့တောင်ဘက်၌ရာဘာစိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင် နေသော ဒေ သခံတောင်သူများထံသို့ သြဂုတ် ၂၀ ရက် နေ့လယ် ၁၁ နာရီချိန်တွင် KNU အဖွဲ့တစ်ဖွဲ့ ရောက်ရှိ လာပြီး ဆက်ကြေးငွေများ လာရောက်တောင်းခံသွားကြောင်း ယင်းရာဘာစိုက်တောင်သူအချို့ထံမှ သိရသည်။


“ကျွန်တော်တို့က ဒီရာဘာခြံတွေမှာ အလုပ်လာလုပ်နေကြတာပါ။ အခုလို မိုးဆက်နေတုန်း ရာဘာ ပျိုး ပင် ပေါက်တွေ စိုက်ဖို့ ပေါင်းရှင်းမြေပြင်တာတွေ လုပ်ရပါတယ်။ အချို့ရာဘာခြံတွေကတော့ စိုက်နေ ကြပါပြီ၊ မနေ့က အရပ်ဝတ်နဲ့ လူတစ်ချို့ဒီရာဘာခြံထဲကို ရောက်လာတယ်။ နေ့ခင်း ၁၁ နာရီလောက်ပဲ ရှိဦးတမယ်။ အနီးအနားက ရာဘာခြံပိုင်ရှင်တွေကိုလည်း ခေါ်တွေ့တယ်။ ဘာတွေပြောသွားလဲတော့ သေ ချာမသိဘူး။ ပြောသံကြားတာတော့ အဲဒီလူတွေက KNU အဖွဲ့က ဖြစ်ပြီး ဆက်ကြေးငွေ လာတောင်းတာ လို့ သိ ရပါတယ်” ဟု ရာဘာခြံအလုပ်သမားတစ်ဦးက ပြောပြသည်။

“ကျွန်တော်တို့ ရာဘာခြံပိုင်ရှင်တွေကို KNU အဖွဲ့က ခေါ်တွေ့တာပါ၊ ဒီရာဘာခြံတွေစိုက်တဲ့အတွက် တ စ်နှစ်စာပေးရမယ် ပြောတယ်။ တစ်ဧကကို ၁၀၀၀ နှုန်း ပေးဖို့ ပြောပါတယ်။ ကိုယ်စိုက်တဲ့ အတွက် ဧကအ လိုက်တွက်ပြီး ပေးရတာပါ၊ တစ်ချို့တွေလည်း ပါလာတဲ့ငွေကို တစ်ခါတည်းပေးလိုက်ကြတယ်၊ ငွေမပါတဲ့ သူကတော့ သူတို့လာပို့ခိုင်းတဲ့ နေရာသွားပေးရမှာပေါ့” ဟု ရာဘာခြံပိုင်ရှင်တစ်ဦးက ပြောပြခဲ့သည်။

KNU အဖွဲ့မှ ဒေသခံရာဘာစိုက်တောင်သူများအား တွေ့ဆုံပြီး ရာဘာစိုက်ပျိုးခြင်းနှင့်ပတ်သက်၍ လက်ရှိ စိုက်ပျိုးပြီးဧကကိုသာ ခွင့်ပြုမည်ဖြစ်ကြောင်း၊ နောက်ထပ်တိုးချဲ့စိုက်ပျိုးခြင်းအား ခွင့်မပြုတော့ကြောင်း၊ စိုက်ပျိုးပြီး မြေနှင့်ပတ်သက်၍ မိမိတို့အဖွဲ့ထံသို့ တစ်နှစ်စာအတွက် တစ်ဧကလျှင် ၁၀၀၀ ကျပ်နှုန်း ပေး သွင်းရမည်ဖြစ်ကြောင်း၊ ပြောကြားခဲ့သဖြင့်ရာဘာစိုက်တောင်သူများမှာစိုက်ပျိုးရာသီဖြစ်၍ တောင်းသောငွေ ကို ပေးရန် အခက်အခဲဖြစ်သော်လည်း ရအောင်ရှာပေးရမည်ဖြစ်ကြောင်း၊ ယင်းသို့တွေ့ဆုံခဲ့စဉ်က ငွေ မပေးနိုင် သော တောင်သူများမှာ မရမ်းအိုင်ရွာပျက်သို့ သြဂုတ်လကုန်နောက်ဆုံးထားပြီး သွားရောက်ေ ပးဆောင်ရမည် ဖြစ်၍ အသက်အန္တရာယ်အတွက် စိုရိမ်နေကြရကြောင်း သိရှိရပါသည်။

စောအယ်ဖော

No comments:

Post a Comment