address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, August 26, 2013

မောတောင်နယ်စပ်စခန်းမှ ထိုင်းသို့ ဒေသထွက်သီးနှံများကိုသာ ပို့ကုန်အဖြစ်တင်ပို့

26.8.2013

- တနင်္သာရီ တိုင်းဒေသကြီး မြိတ်ခရိုင်တနင်္သာ ရီမြို့နယ် သိန်ခွန်းကျေးရွာအုပ်စု ရှိ ထိုင်း-မြန်မာနယ်စပ်စခန်းတစ် ခုဖြစ်သည့် မောတောင်နယ်စပ် ကုန်သွယ်ရေးစခန်းမှ ထိုင်းနိုင်ငံ သို့ ဒေသထွက်စိုက်ပျိုးရေးသီးနှံ များကိုသာ အဓိကတင်ပို့နေသည် ဟု မောတောင်ရှိ ကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအ သင်းတာဝန်ရှိသူတစ်ဦးထံမှ သိ ရသည်။
 
နယ်စပ်စခန်းမှတစ်ဆင့် ရေထွက်ပစ္စည်း ငါးများကို အဓိ က ဦးစားပေးတင်ပို့မည်ဟု လျာ ထားသော်လည်း လမ်းအနေအ ထားမှာ မြေသားလမ်းသာ ဖြစ် ပြီး သွားလာရ အဆင်မပြေသည့် အတွက် လက်ရှိတွင် ဒေသထွက် သီးနှံများကိုသာ တင်ပို့နေသည် ဟု ၎င်းတာဝန်ရှိသူက ပြောသည်။
ဒေသထွက် စိုက်ပျိုးရေးသီး နှံများဖြစ်သည့် ငှက်ပျော၊ သင်္ဘော၊ ရွှေဖရုံ၊ နာနတ်၊ ပြောင်း စသည့် သီးနှံများတင်ပို့မှုသည် ၂၀၁၃ခု နှစ်ဇွန်လမှ ဇူလိုင်လအတွင်း ပို့ ကုန်တန်ဖိုး ကျပ်သိန်းပေါင်း ၂၇၆ သိန်းတင်ပို့ခဲ့သည်ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။
 
လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာပြီး ထိုင်းဘက်က နယ်စပ်ကုန်သွယ်ရေးစခန်းကို တရားဝင်ဖွင့်လှစ်လာမည်ဆိုပါ က နယ်စပ်ဂိတ်မှတစ်ဆင့် ပို့ကုန်၊ သွင်းကုန်တန်ဖိုးများပြားလာ နိုင်သည်ဟု တနင်္သာရီမြို့ဒေသ ခံစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်သည်။
 
နယ်စပ်စခန်းကို ထိုင်းနိုင်ငံ ဘက်ခြမ်းက တရားဝင်မဖွင့်လှစ် သေးသည့်အတွက် ဘိလပ်မြေ၊ ပျိုးပင်၊ ဓာတ်မြေဩဇာစသည့် ပမာဏအနည်းငယ်သာ မြန်မာ ပြည်သို့တင်သွင်းနေသည်ဟု မော တောင် ကုန်သည်နှင့်စက်မှုလက် မှုလုပ်ငန်းရှင်များအသင်းမှ သိရ သည်။
 
တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် ၂၀၁၃-၂၀၁၄ခုနှစ်တွင် ကုန် သွယ်မှုပမာဏလျာထားချက် အ မေရိကန်ဒေါ်လာ ၂၅ဘီလီယံ အနက် မောတောင်စခန်းမှ ကုန် သွယ်မှုပမာဏလျာထားချက် အမေရိကန်ဒေါ်လာ ၁၉သန်းခန့် လျာထားသည်ဟု မောတောင် နယ်စပ်ကုန်သွယ်ရေးစခန်းဖွင့် ပွဲတွင် မောတောင်နယ်စပ်ကုန် သွယ်ရေးစခန်းမှ တာဝန်ခံ လက် ထောက်ညွှန်မှူးဦးမင်းဇော်မှ တိုက်တွန်းပြောကြားထားသည်။

Yangon Media Group

No comments:

Post a Comment