address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Sunday, August 25, 2013

အမျိုးသမီးဓာတ်ပုံဆရာမ အုပ်စုလိုက်မုဒိမ်းကျင့်ခံရ

25.8.2013

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ တွင် အမျိုးသမီးဓာတ်ပုံဆရာမ တစ်ဦးအား အမျိုးသားငါးဦးက အုပ်စုလိုက် မုဒိမ်းကျင့်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ဩဂုတ် ၂၃ရက်တွင် ပြောကြားခဲ့ရာ လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလက နယူးဒေလီတွင် အလားတူမုဒိမ်းမှုမျိုး ဖြစ်ပွားခဲ့မှု အား အမှတ်ရစရာဖြစ်လာခဲ့ပြီး အများပြည်သူ အ တွက် ဒေါသ ထွက်စရာဖြစ်လာခဲ့သည်။

မွမ်ဘိုင်းမြို့လယ် အထပ် လွှာရပ်ကွက်တစ်ခု၏ သီးခြားဆန် သော နေရာတစ်ရာတွင် ဩဂုတ် ၂၂ရက် ညနေက အဆိုပါမုဒိမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အမျိုးသား လုပ်ဖော်ကိုင်ဖက်တစ်ဦး အဖော် လိုက်ပါ လာသော အသက်၂၃နှစ် အရွယ် အမျိုးသမီးသည် မဂ္ဂဇင်း တစ်စောင်အတွက် ၎င်းနေရာရှိ အဆောက် အအုံဟောင်းများကို ဓာတ်ပုံရိုက်နေသည်ဟု ရဲအရာရှိ တစ်ဦးက အေအက်ဖ်ပီသို့ပြော ကြားခဲ့သည်။

''မုဒိမ်းကျင့်တဲ့သူတွေက အဖော်အမျိုးသားကို ရိုက်နှက် ကြိုးနဲ့တုပ်ပြီး Shakti Mills ရပ် ကွက်ရဲ့ လူပြတ် တဲ့နေရာတစ်ခုမှာ အမျိုးသမီးကို မုဒိမ်းကျင့်ခဲ့တာ ပါ''ဟု ၎င်းအရာရှိကပြောသည်။

အမျိုးသမီးမှာ လက်တွေ့ လုပ်ငန်း ဆောင်ရွက်နေသော ကျောင်းသူတစ်ဦးဖြစ်ကြောင်း သိရပြီး မွမ်ဘိုင်း ရှိ ဂျက်စလော့ ဆေးရုံတွင် ကုသမှုခံယူသည်။ ကနဦးရရှိသော သတင်းများအ ရ အမျိုးသမီးတွင် အ တွင်း ဒဏ် ရာများရရှိခဲ့သည်ဟုသိရသည်။

အမှုနှင့်ပတ်သက်၍ အမျိုး သားတစ်ဦး ရဲတပ်ဖွဲ့ကဖမ်းဆီး ထားကြောင်း အိန္ဒိယပြည်ထဲရေး ဝန်ကြီး ဆူရှီ ကူမားရှင်ဒီကပြော ကြားခဲ့သည်။ စွပ်စွဲခံရသူငါးဦး၏ ပုံကြမ်းများလည်း မွမ်ဘိုင်းရဲတပ် ဖွဲ့ကထုတ်ပြန်ခဲ့သည်

Yangon Media Group

No comments:

Post a Comment