21.8.2013
ပြီးခဲ့သည့် သြဂုတ်လ ၁၆ ရက်တွင် နယ်ခြားစောင့်တပ် BGF နှင့် ကရင်အမျိုးသားအစည်းအရုံး KNU တို့ ပဋိပက္ခဖြစ်ပွားကာ အပြန်အလှန် ပစ်ခတ်မှုအတွက် KNU စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂျော်နီကိုယ်တိုင
BGF သုံးနှစ်မြောက် တပ်မွေးနေ့ အခမ်းအနား သွားတက်ဖြစ်ရင်းနဲ့ ဒီကိစ္စကို ညှိနှိုင်းဖြေရှင်းကြဖွယ် ရှိနေ ပါတယ်။ အသေးစိတ် ဖြေရှင်းချက်ကိုတော့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂျော်နီ ပြန်ရောက်လာမှ သိနိုင်မယ်”ဟု ဗိုလ်မှူးကြီး စောရောဂျာခင်က မဇ္ဈိမကို ပြောသည်။
BGF ၏ သုံးနှစ်မြောက် တပ်မွေးနေ့ အခမ်းအနားကို သြဂုတ်လ ၂၀ ရက်တွင် မြ၀တီမြို့နယ် ရွှေကုက်္ကို စခန်းတွင် ကျင်းပလျက်ရှိနေရာ ထိုအခမ်းအနားကို ရည်ညွှန်းကာ စောရောဂျာခင်က ပြောခြင်းဖြစ်သည်။
သြဂုတ်လ ၁၆ ရက်တွင် KNU တပ်မဟာ (၅) ဖာပွန်ခရိုင် လက်အောက်ခံ တပ်ရင်း ၁၀၂ မှ အင်အား၂၀ ခန့်က နယ်ခြားစောင့်တပ် အမှတ်(၁)တပ် ကွပ်ကဲမှု လက်အောက်ခံ ခစတ ၁၀၁၄ ဗိုလ်အေဘီလွင် ဦးစီး သည့် အင်အား ၁၅ ဦးခန့်တို့ ပဋိပက္ခဖြစ်ပွားရာ ပစ်ခတ်မှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
ပစ်ခတ်မှုသည် နံနက် ၃ နာရီခွဲခန့်တွင်ဖြစ်ပေါ်ခြဲ့
ပဋိပက္ခအတွင်း KNU တပ်ဖွဲ့သည် BGF ထံမှ M ၇၉ အမျိုးအစား လက်နက်တစ်လက်နှင့် ဗုံးသီးအလုံး ၂၀ ခန့် သိမ်းယူသွားခဲ့ဟု သတင်းရရှိထားသော်လည်း သီးခြားထပ်မံ အတည်ပြုနိုင်ရန် ကြိုးစားနေဆဲ ရှိသည် ဟု လည်း စောရောဂျာခင်က မဇ္ဈိမကို ပြောသည်။
ထိုနယ်မြေသည် အပစ်အခတ်မရပ်စဲခင် မိမိတို့ KNU တပ်ဖွဲ့ဝင်များသာ နေထိုင်ခဲ့သော နယ်မြေဖြစ်၍ အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ထိုးခဲ့ပြီး နောက်ပိုင်းတွင် နယ်ခြားစောင့်တပ် BGF မှ တိုးချဲ့ စခန်းချလာခြင်းကြောင့် ယခုကဲ့သို့ ပြဿနာဖြစ်ရခြင်းဟုလည်း စောရာဂျာခင်က ဆိုသည်။
သို့သော်လည်း ယခုဖြစ်စဉ်မှာ အောက်ခြေပြသနာအဖြစ် BGF ဘက်မှ ခံယူထားပြီး ငြိမ်းချမ်းရေးကို ထိ ခိုက်စေနိုင်မည် မဟုတ်ဟု BGF က တုံ့ပြန်သည်။
“ငြိမ်းချမ်းရေးကို မထိခိုက်နိုင်ပေမယ့် မဖြစ်သင့်တဲ့ကိစ္စပါ။ KNU စစ်ဦးစီးချုပ်ကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ကျူးလွန်တဲ့သူကို စုံစမ်းပေးပြီး ထိထိရောက်ရောက် အရေးယူပေးမယ်လို့ ကတိပေးထားပါတယ်”ဟု ဗိုလ် မှူးနိုင်မောင်ဇော်က ပြောသည်။
ထိုသို့ ကရင်လက်နက်ကိုင်တပ်များ အချင်းချင်း ပဋိပက္ခ ဖြစ်ပွားလာပါက ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရန် “ကရင် လက်နက်ကိုင်တပ်များ ညီညွှတ်ရေး” ကော်မီတီတစ်ရပ်ကို ပြီးခဲ့သည့် မေ ၂၈ ရက်တွင် KNLA ၏ကော့ကရိတ်မြို့နယ်တွင်းရှိ
ထိုလက်နက်ကိုင်တပ်များ ညီညွတ်ရေးကော်မတီ၏ ခေါင်းဆောင်မှာလည်း KNU စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂျော် နီ ဖြစ်သည်။ ကော်မတီအဖွဲ့ဝင်များမှာ ဗိုလ်မှူးချစ်သူBGF၊ဗိုလ်မှူးစောကြာအဲBGF၊ ဒေါက်တာစောဌေးမြင့် BGF၊ ဖိုးရင်နု KNU/KNLA-Peace Council၊ ဗိုလ်မှူးကြီးစောယိုရှူး၊ ဦးမြင့်သန်း၊ ဦးကျော်မြင့် (ဘုရားကုန်း အဖွဲ့၊ ပဒိုဖောဒို (KNU)၊ ပဒိုရွှေမောင်း KNU၊ ပဒိုအောင်မော်အေး KNU နှင့် ဗိုလ်ချုပ်ကြီး ဂျော်နီ KNU ၊ ဗိုလ်ချုပ်မိုရှေး DKBA၊ ဗိုလ်မှူးကြီးစောကျော်သက် DKBA၊ ဗိုလ်မှူးကြီး စောသန်းအောင်၊ ဗိုလ်မှူး စတီဗာ KPF၊ စောနေ၀င်း KPF၊ စောအယ်မိုး KPF တို့ဖြစ်ကြသည်။
ကရင်ပြည်နယ်တွင် BGF တပ်နယ်လေးခုရှိရာ တပ်နယ် (၁) မြိုင်ကြီးငူဒေသ၊ တပ်နယ်(၂)လှိုင်းဘွဲ၊ တပ် နယ်(၃) ရွှေကုက်္ကို၊တပ်နယ်(၄) မေတ္တာလင်းမြိုင်တို့၌အခြေစိုက်ထားသည်။ထိုတပ်နယ်လေးခုလက်အောက် ၌ တပ်ရင်း ၁၂ ရင်း ၁၀၁၁ မှစကာ ၁၀၂၂ ထိ ရှိပြီး အမြဲတမ်းတပ်ဖွဲ့ဝင်အင်အားနှ
Mizzima
No comments:
Post a Comment