address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, August 19, 2013

ကရင်လူမျိုးများရဲ့ ချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ခြောက်ထပ်ကြီးဘုရားကျောင်းဝင်းအတွင်း ကျင်းပ

 
19.8.2013

ကရင်လူမျိုးများရဲ့ ချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ခြောက်ထပ်ကြီး ဘု ရားကျောင်းဝင်းအတွင်းရှိ ပြည်နယ်ကျက်သရေကျောင်းတွင် သြဂုတ်လ ၁၈ ရက် ဒီနေ့မနက်ကကျင်းပ ခဲ့ပြီး လူဦးရေ ၂ဝဝ ကျော် ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။

ဒီအခမ်းအနားမှာ ဆရာတော်များအား ဆွမ်းကပ်ခြင်း၊ ချည်ဖြူဖွဲ့ရခြင်းရဲ့ အဓိပ္ပာယ်ကို စကော၊ ပိုးနဲ့ မြန် မာဘာသာများဖြင့် ရှင်းလင်းခြင်း၊ ကရင်အမျိုးသားသီချင်းသီဆိုခြင်း၊ တာဝန်ရှိသူများကဟောပြောခြင်း၊ ချည်ဖြူဖွဲ့ပေးခြင်းနဲ့ ဒုံးယိမ်းအကများဖြင့်တင်ဆက်ခြင်းတို့ ပါဝင်ကြပါတယ်။

ကရင်လူမျိုးများရဲ့ ချည်ဖြူဖွဲ့ မင်္ဂလာပွဲကို နှစ်စဉ်ဝါခေါင်လတွင် ကျင်းပလေ့ရှိပြီး ကွဲကွာနေသော မိသား စုများ ပြန်လည်တွေ့ဆုံခွင့်ရခြင်း၊ တစ်ရွာနှင့်တစ်ရွာသားများရင်းရင်းနှီးနှီးတွေ့ဆုံပြီးလုပ်ငန်းများနှီးနှောနို င်ခြင်း၊ လူမှုရေးကိစ္စရပ်များ ညှိနှိုင်းခွင့်ရခြင်းနဲ့ လူငယ်များ ချစ်ကြည်သွေးစည်းမှုရရှိနိုင်ခြင်းစတဲ့ ရည် ရွယ် ချက်များဖြင့် ယနေ့ထိတိုင် ပြုလုပ်လာခဲ့ခြင်းဖြစ်ပါတယ်။

post by Eddie

No comments:

Post a Comment