address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, August 22, 2013

KNU အဖွဲ့မှ ထန်းတပင်မြို့နယ်၌ နေထိုင်သော ဒေသခံများအား ငွေကြေးတောင်းခံမှုများရှိနေ



22.8.2013

ထန်တပင်မြို့နယ် သရက်တန်းကျေးရွာသို့ သြဂုတ် ၂၀ ရက်နေ့ ညနေပိုင်းတွင် KNU အဖွဲ့မှ အဖွဲ့ဝင်နှစ်ဦး ဆိုင်ကယ်ဖြင့် ၀င်ရောက်လာပြီးယင်းကျေးရွာအုပ်စု၌ နေထိုင်သောအိမ်ထောင်စုများထံမှ ငွေကြေးကောက် ခံမှု များ ပြုလုပ်ခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။


“အုပ်ချုပ်ရေးမှူးက အစည်းအဝေးခေါ်ပြီး ရွာသူရွာသားတွေကို ပြောပါတယ်၊ ဒီလ ၂၂ ရက်နေ့အပြီး တစ် အိမ် ထောင်ကို ငွေ ၅၀၀၀ ပေးရမယ်၊ KNU အဖွဲ့က လာတောင်းတာ အဆင်ပြေအောင်ရှာပေးကြလို့ ပြော ပါတယ်” ဟု သရက်တန်းရွာသားတစ်ဦးက ပြောပြသည်။

သူကဆက်လက်၍ “အဲဒီငွေ ၅၀၀၀ ကို ဘာ့ကြောင့် KNU အဖွဲ့ကို ပေးရမလဲဆိုတာ စဉ်းစားလို့မရပါဘူး။ ခုချိန်က စိုက်ချိန်ပျိုးချိန်လေ၊ ဘာဝင်ငွေမှ မရှိဘူး၊ စိုက်ပျိုးတဲ့ စရိတ်တောင်မရှိ ရှိတာပေါင်နှံပြီး လုပ်နေကြ ရတာ၊ မနက်ဖြန်ဆို ငွေပေးရတော့မယ်၊ ကိုယ့်မိသားစုစားဖို့တောင် အနိုင်နိုင်ရှာဖွေလုပ်ကိုင်နေရတာ ဘယ် က ပိုက်ဆံနဲ့ ပေးရမှာလဲ၊ ကျွန်တော်တို့ဒေသခံတောင်သူတွေရဲ့ဘ၀ကတော့ အမြဲတမ်း အနိမ်ခံသက်သက် ပါပဲ ဗျာ” ဟု ပြောပြသွားခဲ့သည်။

အဆိုပါငွေကြေးတောင်းခံမှုများနှင့်ပတ်သက်၍ KNUအဖွဲ့ဝင်များကသရက်တန်းကျေးရွာအုပ်စုအုပ်ချုပ်ရေး  မှူးအား တစ်အိမ်လျှင်ငွေ ၅၀၀၀ ကျပ်ကို သြဂုတ်လ၂၂ရက်နေ့အပြီး ကောက်ခံထားရန်၊ ကောက်ခံပေးခြင်း မ ရှိပါက KNU ဗဟိုသို့ တင်ပြမည်ဖြစ်ကြောင်း၊ KNU ဗဟိုမှ ချမှတ်သည့် အတိုင်း ၎င်းတို့အနေဖြင့် လိုက် နာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသွားခဲ့ရာ ဒေသခံတိုင်းရင်းသားများက တောင်းထားသော ငွေ ၅၀၀၀ ကျပ်ကို ပေးရန် ရှာဖွေနေကြကြောင်း၊ မပေးနိုင်ပါက ဖမ်းဆီးခေါ်ဆောင်ခံရမည်ကို စိုးရိမ်နေကြပြီး ယခု လုပ်ရပ်အပေါ် တရားဥပဒေနှင့်အညီ ဆောင်ရွက်ပေးစေလိုကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရှိရ ပါသည်။

စောအယ်ဖော

No comments:

Post a Comment