address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, August 21, 2013

"လုပ်ငန်းပြန်လည်စတင်မည့် သံလွင်ရေကာတာစီမံကိန်းကိုဒေသခံများစိုးရိမ်"


21.8.2013

ကရင်ပြည်နယ်အတွင်းမှာ ရေကာတာစီမံကိန်းများကို စတင်မည်ဆိုပါက တိုက်ပွဲတွေပြန်လည်ဖြစ်ပွားမည် ဆိုတာ ဗေဒင်တွက်စရာမလိုပဲအဖြေက ထွက်ပြီးသားဖြစ်ပါသည်။ ပထမဦးဆုံးထိပ်တိုက်တွေ့ မှာက KNLA နဲ့ BGF။ နယ်ခြားစောင့်တပ် BGF နောက်မှာ ဗမာစစ်တပ်တွဲလျက်ပါလာမည်။ ကေအဲန်ယူရဲ့ Code of Conduct ကိစ္စဘယ်ပျောက်နေပြီလည်း။
ဗမာစစ်တပ်ဝေ့လည်ကြောင်ပါတ်လုပ်တာလား.. ကေအဲန်ယူကို တိုင် ဆေးစားမိနေပြီလား...ထိပ်တိုက်ရင်ဆိုင်ရမယ့်ပြည်သူတွေကို ကာကွယ်ဖို့  တိပ်တိုက်နေရာမှာ တာ ၀န်ထမ်းဆောင်တဲ့ ကေအဲန်လ်အေတပ်တွေက လက်ပိုက်ကြည့်နေမှာတော့မဟုတ်ဘူး...ကေအဲန်ယူဥက္ကဌ ကြီးနဲ့ အတွင်းရေးမှူးချူပ်ဒီရေကာတာအကြောင်းတွေကိုပွင်းပွင်းလင်းလင်းတခါမပြောဘူး...ကေအဲန်လ်အေ  စစ်ဦးစီးချူပ်ကနယ်ခြားစောင့်တပ်ကလူတွေနဲ့ စကားပြောနေတာတွေကြားရတယ်။ဒီရေကာတာကြီးအကြောင်း ပါမည့်ပုံမပေါ်ပါ။ ဒီရေကာတာနဲ့ပါတ်သက်ရင် ဆိတ်ငြိမ်နေတဲ့ လူကြီးမင်းတို့ ကို ကရင်ပြည်သူတွေက အား မရ တာ ကြာနေပြီ။ ဒီရေကာတာစီမံကိန်းကြောင့် ဖြစ်ပေါ်လာမည့်ဆိုးကျိုးတွေရဲ့ မူလဇစ်မြစ်ဖြစ်တည်ရာ က လူကြီးမင်းတို့ ရဲ့ ဆုံးဖြတ်ချက်နဲ့  တိုက်ရိုက်သက်ဆိုင်နေတယ်ဆိုတာ မမေ့ပါနဲ့ ။ ကရင်ပြည်သူတွေ ငတုံး ငအတွေ မဟုတ်တော့ဘူး....

တရုတ်နဲ့ထိုင်းတို့ကသံလွင်မြစ်ပေါ်မှာ တည်ဆောက်မဲ့ရေကာတာစီမံကိန်းတွေကို ရပ်ဆိုင်းထားရာကနေ လုပ်းငန်အချို့ပြန်လည်စတင်တော့မဲ့ အနေအထားတွေကိုတွေ့နေရတဲ့အတွက်ပညာရှင်အချို့နဲ့ဒေသခံတွေ စိုး ရိမ်နေကြပါတယ်။

ဒေသခံတွေရဲ့အဆိုအရ ကရင်ပြည်နယ်လှိုင်းဘွဲမြို့နယ်မြိုင်ကြီးငူအနီးကဟတ်ကြီးရေကာတာစီမံကိန်း ပြန် လည်စတင်ဘို့အတွက် မကြာခင်ကအဲဒီနေရာကို ထိုင်းနိုင်ငံ ကပညာရှင်အချို့ ရောက်ရှိလာခဲ့တဲ့အတွက် သူတို့စိုးရိမ်နေကြတာပါ။

ဟတ်ကြီးရေကာတာအပါအ၀င် သံလွင်မြစ်ထဲမှာရေကာတာ ၆ ခုတည်ဆောက်ဘို့ တရုတ်၊ထိုင်းနဲ့မြန်မာတို့ လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ်ထဲက သဘောတူလက်မှတ်ရေးထိုးခဲ့ကြပြီးဖြစ်ပါတယ်။

အဲဒီရေကာတာတွေကြောင့် သံလွင်မြစ်ဘေးဝဲယာမှာ နေထိုင်ကြတဲ့လူနေကျေးရွာတွေ၊ဥယျဉ်ခြံမြေတွေ၊ လယ်ယာကိုင်းကျွန်းတွေနဲ့သဘာဝတောတောင်ရေမြေတွေရေလွှမ်းမိုးမှုဒဏ်ကြောင့် ပျက်စီးဆုံး ရှုံးနိုင်တဲ့ အ တွက်ကြောင့်ဖြစ်တယ်ဆိုပြီး သဘာဝပတ်ဝန်းကျင်ထိမ်းသိန်းရေးဆောင်ရွက်နေ တဲ့ ပညာရှင်တွေ ကပြောပါတယ်။

ပညာရှင်တွေရဲ့အဆိုအရ အဲဒီရေကာတာတွေသာဆောက်ဖြစ်ခဲ့ရင်မယ်ဆိုရင် သံလွင်မြစ်ဝမှာ ပင် လယ်ရေတွေ တက်လာမှာဖြစ်တဲ့အတွက် လူနေမှုဘ၀တွေကို ဆိုးရွားတဲ့သက်ရောက်မှုတွေ ဖြစ်ပေါ်စေ မယ်လို့ဆိုပါတယ်။

ဒီရေကာတာကြီး ၆ ခုရဲ့ စီမံကိန်းရည်ရွယ်ချက်က ရေအားလျှပ်စစ်ထုတ်ယူမှာဖြစ်ပြီး ထွက်ရှိလာတဲ့ လျှပ် စစ်ဓာတ်အားတွေကို တရုတ်နဲ့ထိုင်းဘက်ကို အဓိကရောင်းချမှာဖြစ်တယ်လို့လည်းသိရပါတယ်

နယ်မြေအေးချမ်းမှုမရှိတဲ့အတွက်ရပ်နားထားရတဲ့ သံလွင်ရေကာတာစီမံကိန်းကို အခုအခါမှာမြန်မာအစိုးရ က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ငြိမ်းချမ်းရေးလုပ်နိုင်ခဲ့တဲ့အတွက်မကြာခင်အချိန်မှာလုပ်ငန်းပြန်  စတော့မှာဖြစ်တယ်လို့လည်းလေ့လာသူတွေက သုံးသပ်ပြောဆိုပါတယ်။

ပညာရှင်တွေကတော့ ဒေသခံတွေရဲ့ဆန္ဒတွေနဲ့အညီ သံလွင်ရေကာတာစီမံကိန်းကိုလုပ်ဆောင်တာက အကောင်း ဆုံးနည်လမ်းဘဲလို့ တထစ်ချပြောဆိုပါတယ်။

အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေရဲ့ကွင်းဆင်းသုတေသနပြုချက်အရ မြန်မာနဲ့ထိုင်းဒေသခံတွေကတော့  ရေ ကာတာစီမံကိန်းတည်ဆောက်မဲ့ကိစ္စကို ဘယ်သူမှလက်မခံနိုင်ဘူးဆိုတဲ့အကြောင်း ဒေသခံတွေရဲ့သဘော ထားတွေကို အစီရင်ခံစာထုတ်ပြန်ခဲ့ပါတယ်။

သံလွင်မြစ်ဘေးဝဲယာမှာနေထိုင်ကြတဲ့ ထိုင်းနဲ့မြန်မာဒေသခံတွေက ရေကာတာစီမံကိန်းရပ်ဆိုင်ဘို့ အကြိမ် ကြိ မ်ဆန္ဒထုတ်ဖော်ခဲ့ကြပေမဲ့ အချည်းနီးသာဖြစ်ခဲ့ရတယ်လို့သူးမွဲထာမှာနေထိုင်တဲ့ ထိုင်းနိုင်ငံသား တဦး ကပြောပါတယ်။

ဘာလို့လည်းဆိုတော့ ဟတ်ကြီးရေကာတာစီမံကိန်းကို မြန်မာနဲ့ထိုင်းအစိုးရတွေက မဖြစ်ဖြစ်အောင်လုပ်မဲ့ အစီအစဉ်ကြောင့်ဖြစ်တယ်လို့ အဲဒီထိုင်းနိုင်ငံသားကဖြည့်စွက်ပြောဆိုပါတယ်။

ဟတ်ကြီးဒေသခံတဦးက သူတို့အခက်အခဲတွေကို ဖြေရှင်းပေးနိုင်မဲ့ကယ်တင်ရှင်တွေကတော့ သူတို့ မဲပေးရွှေးချယ် ခဲ့ကြတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဘဲလို့ပြောပါတယ်။

သံလွင်မြစ်ကိုတရုတ်နိုင်ငံက ၅၃ ရာခိုင်နှုန်း၊မြန်မာက ၄၂ ရာခိုင်နှုံးနဲ့ထိုင်းနိုင်ငံက ၅ ရာခိုင်နှုံးပိုင်ဆိုင်ပါ တယ်

အခုတွဲတင်ထားတဲ့ပုံက ဘာအံမြို့မှာတွေ့ရတဲ့ သံလွင်မြစ်ကြောင်းတနေရာဖြစ်ပြီးရွှေယဉ်မျှော်ဘုရားပေါ် ကနေ ရိုက်ကူးထားတာပါ။

သတင်းနှင့်ဓာတ်ပုံ- မန်းမျိုးမြင့်(မီဒီယာ)
သောသီခို

No comments:

Post a Comment