address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, December 2, 2014

ကမ္ဘာ့ AIDS တိုက်ဖျက်ရေးနေ့မဲဆောက်မြို့ မြန်မာများ ကျင်းပ


2.12.2014

ဒီနေ့ဟာ ကမ္ဘာ့အေအိုင်ဒီအက်စ်တိုက်ဖျက်ရေးနေ့ ဖြစ်တဲ့အတွက် ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဒေသထဲက ကျန်းမာရေးနဲ့ ပညာရေးလုပ်ဆောင်နေတဲ့ လူထုအခြေပြု အဖွဲ့အစည်းဝင်တွေပူးပေါင်းပြီး အခမ်းအနားတရပ် ပြုလုပ်ခဲ့ပါတယ်။

ကျန်းမာရေး အသိပညာပေးနိုးဆော်တဲ့အနေနဲ့ လူအင်အား တစ်ထောင်နီးပါးလောက်ဟာ မဲဆောက်မြို့မ ရဲစခန်းကနေ မယ်တော်ဆေးခန်းအထိ HIV / AIDS ပတ်သက်တဲ့အသိပညာပေး လက်ကိုင်ပိုစတာတွေနဲ့ ဗွီနိုင်းတွေ ကိုင်ဆောင်ပြီးလမ်းလျောက် ချီတက်ခဲ့ကြတာဖြစ်ပါတယ်။

မဲဆောက်မြို့တွင်း ပြည်သူတွေကို ကွန်ဒုံးနဲ့  HIV ၊ AIDS ပညာပေး လက်ကမ်းစာစောင်ပေးဝေခဲ့ပြီး၊ မယ်တော် ဆေးခန်းရောက်တဲ့အခါမှာ ကမ္ဘာ့အေအိုင်ဒီအက်စ်တိုက်ဖျက်ရေးနေ့ အခမ်းအနားကို ပြုလုပ်ခဲ့ပါတယ်။

နှစ်စဉ် သွေးစစ်ဆေးမှုခံယူတဲ့သူတွေထဲကနေ HIV ပိုးကူးစက်ခံရတဲ့ စစ်ဆေးတွေ့ရှိမှုတွေနဲ့ပတ်သက်လို့ မယ်တော်ဆေးခန်း ပြင်ပလူထုကျန်းမာရေးဌာနရဲ့မန်နေဂျာ စောသန်းလွင် က ပြောပါတယ်။

"ကူးတယ်ဆိုတာ ၁ဝဝ မှာဆို ၁၅ ယောက် အရင်တုန်းက တစ်ထောင်မှာဆို နှစ်ရာကျော်တယ်လေ၊ နောက်တော့ ကိုယ်ဝန်ဆောင်မှာဆိုရင် ၁ ဒဿမ ၅ လောက်ရှိတယ်ပေါ့နော်၊ ကိုယ်ဝန်ဆောင် လေးထောင် ငါးထောင်မှာ ၅၀ ကျော်လောက်ရှိတယ်။ နှစ်ခုလုံးပေါင်းရင် တစ်နှစ်ကို ၃ဝဝ လောက်ရှိတယ်၊ ကောင်းကောင်း မွန်မွန်ကာကွယ်မယ်ဆိုရင် ဒီရောဂါက ကျဆင်းသွားဖို့ရှိပါတယ်။ နောက်တစ်ခု အရေးကြီးတာကတော့ ARV ကို လူတိုင်းရဖို့လိုတာပေါ့နော်၊ ARV ရနိုင်မှ ရောဂါကူးစက်မှုကို ကျဆင်းမှုဖြစ်တာပေါ့"

မြန်မာအလုပ်သမားတွေကြားမှာ HIV ပိုးကူးစက်ခံရသူတွေဟာ ဆေးဝါးကုသမှုခံယူနေစဉ် အတွင်းမှာ ရွှေ့ပြောင်းသွားကြတဲ့ ဘ၀အခြေအနေကြောင့် တချို့ရောဂါပိုးရှိသူတွေဟာ ဆေးခန်းတွေနဲ့ လက်လှမ်းမမီ တဲ့နေရာတွေကို ရောက်ရှိသွားပြီး နောက်တနေရာမှာ လိင်ဆက်ဆံဖို့ အဖေါ်အသစ်ရတဲ့အခါမှာ အဲဒီလိင်ဖော် အသစ်ကို ကူးစက်နိုင်တဲ့ အန္တရာယ်ရှိနေတာမျိုးတွေလည်း တွေ့ရတယ်လို့ စောသန်းလွင်က ဆက်လက်ပြောပြ ပါတယ်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဒေသတွင်းက မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကြားမှာ HIV ပိုး ကူးစက်ခံရသူအရေအတွက်ဟာ လူ တစ်ထောင် သွေးလာစစ်ရင် ၂၅၀ လောက်အထိ ကူးစက်ခံရတာ စစ်ဆေးတွေ့ရှိနေရပြီး အများစုဟာ လိင်ဆက်ဆံရာကနေ ကူးဆက်တာဖြစ်တယ်လို့ ထိုင်း ကျန်းမာရေး အဖွဲ့အစည်းတွေရဲ့ တာဝန်ရှိသူတွေကပြောပါတယ်။

RFA

No comments:

Post a Comment