address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, December 29, 2014

စည်ပင်ရွေးကောက်ပွဲ မသမာမှုတွေ နော်လှလှစိုး တိုင်ကြားမယ်



29.12.2014

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲမှာ မသမာမှုတွေကို တိုင်ကြားသွားမယ်လို့ မြောက်ပိုင်းခရိုင်ကနေ ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်ခဲ့တဲ့ နော်ဆူဇန်နာ လှလှစိုးက ဒီဇင်ဘာ ၂၈ရက်နေ့မှာ သတင်းမီ ဒီယာတွေကို ပြောဆိုလိုက်ပါတယ်။ ဘယ်လို မသမာမှုတွေကို ကိုယ်တိုင်တွေ့ ခဲ့ရသလဲ။

ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ထားတဲ့ ဥပဒေ အခန်း ၁၆ အပိုဒ် ၅၅မှာ မတရားပြုကျင့်မှု တစ်စုံတစ်ရာပေါ်ပေါက်ရင် ရက် ၆ဝအတွင်း ကော်မရှင်ကို တိုင်ကြားနိုင်တယ်လို့ ဖော်ပြထားပြီး ကန့်ကွက်လွှာနဲ့အတူ ကုန်ကျစားရိတ် ကျပ် ၅သိန်းပေးသွင်းရမှာမို့ သူ့အနေနဲ့ မြို့တော်အဆင့် ကိုယ်စားလှယ်တစ်ယောက်ကို တိုင်မယ်လို့ ဆိုပါတယ်။

အင်းစိန်မြို့နယ် ပိန္နဲကုန်း၊ ပေါက်တော၊ တောင်ဒဂုံနဲ့ လှိုင်သာယာဘက်မှာ မဲပေးဖို့ ကိုယ်စားလျယ်တွေကို အမှန်ခြစ်ထားတဲ့စာရွက်တွေ လိုက်လံဝေငှနေသလို မဲပေးတဲ့နေ့မှာ မဲဆွယ်ခွင့်မရှိတာကို ဗီနိုင်းကပ်ထားတဲ့ ကားတွေနဲ့ လူစည်ကားရာနေရာတွေမှာ လှည့်လည်တာမျိုး မသမာမှုတွေရှိတယ်လို့ သူက ရှင်းပြပါတယ်။ ၂ဝ၁ဝတုန်းက ကြိုတင်မဲပြဿနာဖြစ်ခဲ့ပေမယ့် အခု စည်ပင်ရွေးကောက်ပွဲမှာတော့ မဲစာရင်းမရှိတဲ့ကိစ္စက ပြဿနာတစ်ရပ်ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဗိုလ်တထောင်ဘုရားလမ်းပေါ်က Orchid Hotel မှာ ကျင်းပတဲ့ ခရိုင်ကိုယ်စားလှယ်လောင်းတွေ၊ မြို့နယ်ကိုယ်စားလှယ်လောင်းတွေက ဒီဇင်ဘာ ၂၇မှာ ကြုံတွေ့ခဲ့ရတဲ့ စည်ပင်ရွေးကောက်ပွဲ မသမာမှုတွေကို တင်ပြခဲ့ကြပါတယ်။
 
ကျပ် ၅သိန်းပေးပြီး တိုင်ကြားရမယ့် ဥပဒေမျိုး သူမသိထားတဲ့အကြောင်း၊ ဥပဒေပြုသူဖြစ်တဲ့ လွှတ်တော်အမတ်တွေ မသိတဲ့ဥပဒေတွေကို ရွေးကောက်ပွဲကော်မရှင်က ပြဌာန်းထားတာကြောင့် ရန်ကုန်တိုင်းလွှတ်တော်မှာ ဒီကိစ္စ ဆွေးနွေးသွားမယ်လို့ ဒေါ်ညိုညိုသင်းက ဆိုပါတယ်။

စည်ပင်ရွေးကောက်ပွဲကော်မရှင်ဟာ တရားမျှတမှုမရှိတဲ့၊ တန်းတူညီမျှမှုမရှိတဲ့ ဥပဒေကို ပြဌာန်းခဲ့ပြီး ဒီဥပဒေနဲ့ ရွေးကောက်ပွဲလုပ်ခဲ့တာကြောင့် တရားမျှတမှုမရှိဘူးလို့ ဦးဝင်ချိုက ပြောပါတယ်။

တောင်ပိုင်းခရိုင်ရဲ့ မြို့နယ် ၉ခုမှာ အနိုင်ရထားတယ်လို့ ဆိုလာသူက ဒေါက်တာအေးမင်းပါ။ သူသာ တကယ်အနိုင်ရခဲ့ရင် စည်ပင်နဲ့ပြည်သူကြား ဆက်ဆံရေးကောင်းအောင် လုပ်မှာဖြစ်ပြီး သူတစ်ယောက်တည်း ဖြစ်နေ
ရင်တောင့ မငြီးငြူဘဲ ပြည်သူ့အသံကို ကိုယ်စားပြုသွားမယ်လို့ ဆိုပါတယ်။

Kamayut Media

No comments:

Post a Comment