address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, December 29, 2014

တစ်နှစ်ကျော် ကြာမြင့်ပြီ ဖြစ်သော်လည်း ဗုံးဖောက်ခွဲရန် စေခိုင်းသည်ဟု ယူဆသူကို မဖမ်းဆီး နိုင်သေး


29.12.2014

တစ်နှစ်ကျော် ကြာမြင့် လာပြီ ဖြစ်သော်လည်း ရန်ကုန်မြို့ကြီးနှင့် အခြားသော မြို့ကြီးများတွင် ဗုံးဖောက်ခွဲမှု များနှင့် ပတ်သက်၍ ဗုံးဖောက်ခွဲသူ များကို နောက်ကွယ်က စေခိုင်းသည်ဟု ယူဆသည့် စောနေတိုးအား ဖမ်းဆီး နိုင်ခြင်း မရှိ သေးကြောင်း ကရင် အမျိုးသား အစည်းအရုံး (KNU) ထံမှ သတင်း ရရှိသည်။

စောနေတိုးသည် KNU တပ်မဟာ (၅)တွင် နေထိုင်သူ ဖြစ်ပြီး လက်ရှိ အချိန်တွင် KNU ထိန်းချုပ် နယ်မြေများ ဖြစ်သော တပ်မဟာ (၁) မှ (၇) နယ်မြေ အတွင်း မည်သည့် နေရာမဆို တွေ့ရှိပါက ချက်ချင်း ဖမ်းဆီးရန် ဖမ်းဝရမ်းထုတ် ထားကြောင်း KNU ထံမှ သိရသည်။ စောနေတိုး ကိစ္စဟာ တပ်မဟာ (၅) နယ်မြေထဲမှာ နေထိုင်တယ်လို့ ကျွန်တော်တို့ ယူဆတယ်။ ခက်တာက ကျွန်တော် တို့လည်း မအားတာနဲ့ တောနင်းပြီး မရှာဖွေ နိုင်သေးပါ ဘူး။ တပ်မဟာ အလိုက် တပ်ဖွဲ့ဝင်တွေ ကိုတော့ အကြောင်းကြားပြီး ထားပါပြီ။ ရဲတပ်ဖွဲ့ ကလည်း သူ့ဘာသာ သူရှာ။ ကျွန်တော်တို့ ကလည်း ကိုယ့် နယ်မြေ ထဲမှာ ရှာနေပါတယ်။ ရဲတပ်ဖွဲ့တွေနဲ့ တော့ ပူးပေါင်း ရှာဖွေ တာတော့ မရှိသေးပါဘူး။ သတင်း အချက်အလက် ဖလှယ်တာတော့ ရှိပါတယ် ဟု ဗုံးဖောက်ခွဲမှု များနှင့် ပတ်သက်၍ ဖွဲ့စည်း ထားသော KNU စုံစမ်း စစ်ဆေးရေး ကော်မရှင် အတွင်းရေးမှူး ဗိုလ်မှူး စောရော့ဂျာခင်က The Messenger Media သို့ ပြောသည်။

၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ (၁၄) ရက်နေ့တွင် ရန်ကုန်မြို့ Traders Hotel တွင် ဗုံးပေါက်ကွဲ ခဲ့ပြီး အမေရိကန် နိုင်ငံသူ တစ်ဦး ဒဏ်ရာ ရရှိခဲ့သည်။ ထို့ပြင် တောင်ငူမြို့ ဗုံးပေါက်ကွဲမှု တွင်လည်း အမျိုးသား တစ်ဦး သေဆုံးခဲ့ပြီး၊ ရန်ကုန်မြို့ရှိ နေရာ အချို့နှင့် မြန်မာနိုင်ငံရှိ မြို့ကြီး အချို့တို့ တွင် ဗုံးပေါက်ကွဲမှုများ၊ ဗုံးတွေ့ရှိမှုများ ဖြစ်ပွားခဲ့သည်။ ယင်း ဗုံးပေါက်ကွဲမှုများ၊ ဗုံးတွေ့ရှိမှု များနှင့် ပတ်သက်၍ တရားခံ နှစ်ဦးအား အစိုးရ မှ ဖမ်းဆီး နိုင်ခဲ့သည်။ ယင်းတရားခံ နှစ်ဦးအား ဖမ်းဆီး စစ်ဆေးရာတွင် တရားခံ တစ်ဦးမှာ KNU တွင် တာဝန် ထမ်းဆောင်ခဲ့ ဖူးကြောင်း တွေ့ရှိရ သဖြင့် ယင်း ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ KNU ဗဟို ကော်မတီဝင် ဖဒိုမန်းငြိမ်းမောင် ကိုယ်တိုင် ရန်ကုန်မြို့ မြန်မာ့ ငြိမ်းချမ်းရေး စင်တာ (MPC)တွင် သတင်းစာ ရှင်းလင်းပွဲ တစ်ရပ် ပြုလုပ် ခဲ့သည်။ ဗုံးဖောက်ခွဲသည့် တရားခံ များသည် ရွှေတိဂုံ ဘုရား အပါအ၀င် တန်းခိုးကြီး ဘုရားများကို ဗုံးဖောက်ခွဲရန် ရည်ရွယ် ခဲ့ကြောင်း ယင်း သတင်းစာ ရှင်းလင်းပွဲတွင် ဖဒိုမန်း ငြိမ်းမောင်က မီဒီယာ များကို ပြောကြား ခဲ့သည်။ ယင်း ဗုံးဖောက်ခွဲမှုနှင့် ပတ်သက်၍ စေခိုင်းသူဟု ယူဆရသူ စောနေတိုးအား ဖမ်းဆီးနိုင်ရေး အတွက်မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂျော်နီ ခေါင်းဆောင်သော စုံစမ်း စစ်ဆေးရေး ကော်မရှင် တစ်ရပ်ကို ဖွဲ့စည်း ခဲ့သည်။

Messenger News Journal

No comments:

Post a Comment