address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, December 18, 2014

မြ၀တီမြို့ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကရင်နှစ်သစ်ကူးနေ့ကျင်းပရေး ကော်မတီတို့ ကရင်နှစ်သစ်ကူးနေ့ အထိမ်းအမှတ်ဘောလုံးပွဲ ကျင်းပမည်




18.12.2014

လာမည့်စနေနေ့တွင် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ကရင်အမျိုးသားများ မြ၀တီအမှတ် (၄) ရပ်ကွက်တွင် ထိပ်တိုက်တွေ့ဆုံမှုတရပ်ပြုလုပ်ပြီး အဆုံးအဖြတ်ခံယူကြမည်ဟုသိရသည်။

အဆိုပါ အဆုံးအဖြတ်ခံယူမှုကို နှစ်ဖက်တာဝန်ရှိသူများက တဖက်လျှင် (၁၁) ဦင်္းစီဖြင့် စတင်ရင်ဆိုင်ကြမည်ဖြစ်ပြီး ရင်ဆိုင်မှုကို ညနေ ၃ နာရီတွင် စတင်မည်ဖြစ်သည်။

ရင်ဆိုင်မှုနေရာကို မြ၀တီမြို့မ အားကစားကွင်းတွင်သတ်မှတ်ထားပြီး ကရင်နှစ်သစ်ကူးနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပခြင်းဖြစ်သည်ဟု ပွဲစီစဉ်သူများကဆိုသည်။

အဆိုပါပွဲတွင် အသက်(၄၀) အထက် ကရင်နှစ်သစ်ကူးနေ့ကျင်းပရေးကော်မတီအသင်းနှင့်မြ၀တီရှိ ဌာနဆိုင်ရာအသီးသီးမှ အသက် (၄၀)အထက် တာဝန်ရှိသူများ ရေကုန်ရေခမ်း ပါဝင်ဆင်နွဲကြမည်ဖြစ်သည်။

နှစ်သစ်ကူးကော်မတီအသင်းတွင် ကရင်စာပေဥက္ကဌဦးစောအေးမြိုင် အတွင်းရေးမှူးမန်းကြည်ဝင်းနှင့်ဗိုလ်မှူးကြီးစောဖောဒို့ - ပါဝင်ကြမည်ဖြစ်ပြီး ဌာနဆိုင်ရာတာဝန်ရှိသူများအသင်းတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးနှင့် မြို့ နယ်အထွေထွေအုပ်ချုပ်ရေးမှူးတို့ ပါဝင်ကစားကြမည်ဟု သိရှိရသည်။

ယခုလ (၂၀)ရက်နေ့ညနေတွင် မြ၀တီမြို့ မဘောလုံးကွင်း၌ကျင်းပမည့် ကရင်နှစ်သစ်ကူးနေ့ အထိမ်းအမှတ် ချစ်ကြည်ရေးဘောလုံးပွဲကို မည်သူမဆိုအခမဲ့ လာရောက်ကြည့်ရှုနိုင်သည်ဟုလည်း ကရင်နှစ်သစ်ကူးနေ့ပွဲတော် ကျင်းပရေးကော်မတီက ပြောသည်။

အဆိုပါဘောလုံးပွဲတွင် နှစ်ဖက်အသင်းမှကစားသမားများကလည်း ၎င်းတို့၏ တကျော့ပြန်ငယ်မူငယ်သွေး ခြေစွမ်းများကို ထုတ်ဖော်ပြသခွင့်ရမည့်အတွက် ၀မ်းသာပိတိဖြစ်မိသည်ဟုလည်း ပြောဆိုကြသည်။

ယခုလ (၂၁) ရက်နေ့တွင်ကျရောက်သည့် ကရင်သက္ကရာဇ်(၂၇၅၄)ခုနှစ်၏ ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားကို မြ၀တီမြို့ ရှိဓိဌာန်အောင်ဘုရားဝင်းအတွင်းရှိ မြေကွက်လပ်တွင် ကျင်းပမည်ဖြစ်သည်။

ကရင်နှစ်သစ်ကူးနေ့ နံနက်(၆)နာရီအချိန်တွင် ပွဲတော်ကျင်းပရာနေရာတွင် ကရင်အမျိုးသားအလံတင်အခမ်းအနားကို စတင်ကျင်းပမည်ဖြစ်ပြီး နှစ်သစ်ကူးနေ့ကို ပျော်ပွဲရွှင်ပွဲများနှင့်အတူ ကျင်းပသွားမည်ဖြစ်သည်။

သတင်းနှင့်ဓာတ်ပုံ - ကရင်အမျိုးသား(မီဒီယာ)

No comments:

Post a Comment