address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, December 9, 2014

မြန်မာလုပ်သားနှစ်ဦး အပြစ်ဝန်ခံရန် ထိုင်းတရားသူကြီးပြော၊ လုပ်သားနှစ်ဦးက ပြစ်မှုမကျူးလွန်ဟု ငြင်းဆန်




9.12.2014

မြန်မာလုပ်သားနှစ်ဦး အမှုတွဲတင်ပြီး ပထမဆုံးအ ကြိမ်ရုံးထုတ်စစ်ဆေးသည့်နေ့ တွင် ကော့စမွီမြို့နယ်တရားသူ ကြီးက အပြစ်ဝန်ခံလျှင်ပြစ်ဒဏ်ထက်ဝက်သက်သာမည်၊ ၀န်ခံခြင်းမရှိ၍ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက အပြစ်အတိုင်းခံရမည်ဟု မြန်မာလုပ်သားနှစ်ဦးကိုပြောဆိုလိုက်ကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၈ရက်တွင် လိပ် ကျွန်းလူသတ်မှုဖြင့် အမှုတွဲတင် ပြီးနောက်ပိုင်း မြန်မာလုပ်သားနှစ် ဦးအား ပထမဆုံးအကြိမ်ရုံးထုတ် စစ်ဆေးရာ ကော့စမွီမြို့နယ်တ ရားသူကြီးက အပြစ်ရှိကြောင်းဝန် ခံလျှင် ပြစ်ဒဏ်ထက်ဝက်သက် သာမည်၊ ၀န်ခံခြင်းမရှိ၍ ပြစ်မှု ကျူးလွန်ကြောင်းထင်ရှားပါက အပြစ်အတိုင်းခံရမည်ဟုပြောဆို ရာ မြန်မာလုပ်သားနှစ်ဦးက အပြစ်မလုပ်ထား၍ ၀န်မခံနိုင်ဟုပြန်လည်ပြောဆိုလိုက်ကြောင်း သတင်းရရှိသည်။

အမှုစစ်ဆေးမှုကိုလည်း ဒီဇင်ဘာ ၂၆ရက်သို့ ထပ်မံချိန်းဆိုလိုက်ကြောင်း မြန်မာသံရုံးအထူး အဖွဲ့မှ ဦးကျော်သောင်းကပြော သည်။

‘‘တရားသူကြီးက အပြစ်ရှိ ရင် ၀န်ခံပါလို့ပြောတယ်။ တစ်ဝက် သက်သာမယ်လို့ပြောတယ်။ ကလေးတွေက ဘာမှမလုပ်ထား လို့ဝန်မခံနိုင်ဘူးလို့ ပြန်ပြော တယ်။ ကျွန်တော်က သူတို့ကိုမေး တယ်။ ပုဒ်မခုနစ်နဲ့ တရားစွဲထား တာမကြောက်ဘူးလား။ ငါတို့ကို အမှန်အတိုင်းဖြေလို့ပြောတယ်။ သူတို့မလုပ်ဘူးလို့ပဲ ပြောနေတယ်’’ဟု၎င်းက ပြောသည်။

မြန်မာသံရုံးအထူးအဖွဲ့ သည် အမှုကို ပြန်လည်ချေပရန် ခိုင်မာသည့်အချက်အလက်များ ရရှိထားကြောင်း မြန်မာသံရုံးအ ထူးအဖွဲ့မှ ဦးမိုးဝေကပြောသည်။

‘‘ကျွန်တော်တို့ဘက်က အမှု ကို သက်သေထွက်ဆိုဖို့ လူငါးဦး ရှိပါတယ်။ ဒါပေမဲ့ အဲဒီငါးဦးက လည်း ထိုင်းမှာနေရတာဖြစ်လို့ ကြောက်လို့ဆိုပြီး သက်သေမ ထွက်ရဲဘဲဖြစ်နေတယ်။ အစိုးရ အနေနဲ့ အဲဒီသူငါးဦးကို ခိုင်မာတဲ့ လုံခြုံရေးပေးပြီး သက်သေထွက် ဆိုအောင် ပြုလုပ်ပေးသင့်ပါ တယ်’’ဟု ဦးကျော်သောင်းက ပြောသည်။

ပထမဆုံးရုံးထုတ်စစ်ဆေးမှု ကို မြန်မာသံရုံးအထူးအဖွဲ့မှတာ ၀န်ရှိသူများနှင့် ထိုင်းနိုင်ငံရှေ့နေ များကောင်စီမှ ရှေ့နေသုံးဦးတို့ သွားရောက်ကြားနာခဲ့ကြောင်းသ တင်းရရှိသည်။

ယင်းမြန်မာလုပ်သားနှစ်ဦးတွင် ပြစ်မှုကျူးလွန်သည့်အ ထောက်အထားများ ခိုင်လုံနေ သည်ဟု သေဆုံးသူဗြိတိန်စုံတွဲ၏ မိသားစုဝင်များက ဒီဇင်ဘာ ၅ ရက်၌ထုတ်ဖော်ပြောကြားထားသည်။

လိပ်ကျွန်းဖြစ်စဉ်နှင့်ပတ် သက်၍ ဗြိတိန်ရဲတပ်ဖွဲ့ကရှာဖွေတွေ့ရှိထားသည့်အထောက်အထားများကို ဗြိတိန်စုံတွဲ၏ မိသားစုဝင်များအားပေးအပ်ခဲ့ခြင်းဖြစ်သည်။

7Day Daily

No comments:

Post a Comment