address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, December 9, 2014

သံတောင်ကြီးတောင်စခန်းမြို့၌ ခရီးသွားလာရေး လုပ်ငန်းဆိုင်ရာများနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေး




9.12.2014

ကရင်ပြည်နယ်၊ သံတောင်ကြီးတောင်စခန်းမြို့တစ်မြို့အနေဖြင့် ကမ္ဘာလှည့် ခရီးသွားလာရေးလုပ်ငန်းများ အဆင် ပြေရေး အတွက် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်၊ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးဇော်မင်းနှင့် တာဝန်ရှိသူများ၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများနှင့် ဒေသ ခံပြည်သူများသည် ယနေ့နံနက်(၉)နာရီတွင် သံတောင်ကြီးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း အဝေးခန်းမတွင် တွေ့ဆုံကြသည်။

ရှေ့ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ်မှ အမှာစကားပြောကြားပြီးနောက် ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်း ပြည်ထောင်စုဝန်ကြီးမှ ခရီးသွားလာရေးလုပ်ငန်းများတွင် ဆောင်ရွက်ရမည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးအမှာစကားပြောကြားသည်။

ထို့နောက် ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဦးနိုင်မင်းစိုးသိန်း၊ ပဲခူးတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးကျော်ဦးတို့မှ ဆွေးနွေးတင်ပြကြသည်။
 


ဆက်လက်၍ ခရီးသွားလာရေး လုပ်ငန်းရှင်များ ဖြစ်ကြသော ဒေါက်တာအောင်မြတ်ကျော်၊ ဒေါက်တာချမ်းအေး၊ ဦးအောင်မြင့်၊ ဦးရာဇာ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးသော်ပလဲ၊ မြို့အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌဦးစောခါမောင်တို့မှ သိရှိလိုသည်များကို မေးမြန်းကြပြီးနောက် ပြည်ထောင်စုဝန်ကြီးနှင့် ကရင်ပြည်နယ် ဝန်ကြီးချုပ်တို့မှ ပြန်လည်ပေါင်းစပ် ဖြေကြားခဲ့ကြောင်း သိရသည်။

MOI Webportal Myanmar

No comments:

Post a Comment