address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, December 18, 2014

ထိုင်း-မြန်မာ နယ်စပ် ကုန်သွယ်ရေးကိစ္စ ဆွေးနွေးမည်





18.12.2014

၂ နိုင်ငံ ကုန်သွယ်ရင်းနှီးမြှုပ်နှံမှု ပိုမိုအားကောင်းလာစေဖို့ ထိုင်းနဲ့ မြန်မာနိုင်ငံက ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ရေးကော်မတီ ဆွေးနွေးပွဲကို ရှေ့လ ကျင်းပမှာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲဟာ လာမယ့်နှစ် နယ်စပ်ကုန်သွယ်မှု ထိုင်းဘတ်ငွေ ၁.၅ ထရီလီယံအထိ ရောက်အောင် ဆောင်ရွက်မယ့် ဗျူဟာတခု ဖြစ်တယ်လို့လည်း ထိုင်းအခြေစိုက် ဘန်ကောက်ပိုစ် သတင်းစာက ရေးပါတယ်။

ဆွေးနွေးပွဲမှာ ၂ နိုင်ငံ စီးပွားကူးသန်းရောင်းဝယ်ရေး ၀န်ကြီးတွေက ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်မှာ ဖြစ်ပြီး ထိုင်း မဲဆောက်မြို့နဲ့ မြ၀တီမြို့အကြား ပူးပေါင်းဆောင်ရွက်မှု၊ ထိုင်း မြန်မာ စီးပွားရေး ကောင်စီ ဖွဲ့စည်းရေး ကိစ္စတွေကို ဆွေးနွေးမှာ ဖြစ်သလို ပြဿနာတွေ ဖြေရှင်းရေး အကြံပြုချက်၊ နယ်စပ်ကုန်သွယ်ရေး အခက်အခဲတွေကို ဆွေးနွေးပြီး ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ ဦးဆောင်တဲ့ အထူးစီးပွားရေးဇုန်ရဲ့ မူဝါဒရေးရာကော်မတီကို တင်သွင်းမှာလည်း ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၅ နှစ်က စပြီးတော့ မြန်မာ၊ လာအို၊ မလေးရှားနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေနဲ့ ထိုင်းရဲ့ နယ်စပ်ကုန်သွယ်ရေး အခြေအနေက နှစ်စဉ် ၁ ရာခိုင်နှုန်း တိုးတက်လာတယ်လို့ ဆိုပါတယ်။

၂၀၁၃ ခုနှစ်မှာ နယ်စပ်ကုန်သွယ်မှု ဘတ် ၉၂၄ ဘီလီယံ ရှိခဲ့ပြီး ဒီနှစ်မှာတော့ ၁.၁ ထရီလီယံ ရှိတယ်လို့ ဆိုပါတယ်။

အရင်နှစ်က မြန်မာနဲ့ ထိုင်း နယ်စပ်ကုန်သွယ်မှုက ၁၉၇ ဘီလီယံ ရှိခဲ့ပြီး ဒီနှစ်မှာ ၁၀ ရာခိုင်နှုန်း ထပ်မံ မြင့်တက်မယ်လို့ ခန့်မှန်းထားပါတယ်။

ကနဦး ၁၀ လမှာတော့ ထိုင်းနဲ့ မြန်မာ နယ်စပ်ကုန်သွယ်ရေးက ၇.၈၉ ရာခိုင်နှုန်း ဘတ် ၁၇၃ ဘီလီယံထိတိုးတက်ခဲ့ပါတယ်။ဘတ် ၇၇.၇ ဘီလီယံက ပို့ကုန် ဖြစ်သလို သွင်းကုန်ကတော့ ၉၆ ဘီလီယံ ရှိပါတယ်။

ဒါအပြင် နှောင့်နှေးနေတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်း မူဘောင် အတည်ပြုရေး အတွက် ထိုင်းနဲ့ မြန်မာက တာဝန်ရှိသူတွေ ရှေ့လမှာ တွေ့ဆုံဖို့ ရှိနေပါတယ်။

DVB

No comments:

Post a Comment