address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, December 29, 2014

မဲဆောက်- မြ၀တီ ချစ်ကြည်ရေးတံတား အချိန်တိုးဖွင့်မည့် အစီအစဉ် ယာယီရပ်ဆိုင်း





29.12.2014

ထိုင်းမြန်မာနယ်စပ် သောင်းရင်းမြစ်ဖြတ် မဲဆောက်- မြ၀တီ ချစ်ကြည်ရေးတံတား အချိန်တိုးဖွင့်မဲ့ အစီအစဉ်ကို ယာယီ ရပ်ဆိုင်းထားကြောင်း ထိုင်း-မြန်မာနယ်စပ် ကော်မတီ မဲဆောက်ရုံး ၀န်ထမ်းတဦးက ပြောပါတယ်။

ချစ်ကြည်ရေးတံတားကြီးကို မနက် ၆ နာရီက ည ၆ နာရီအထိ ဖွင့်ထားရာက နှစ်ဆန်း ၁ ရက်ကစပြီး မနက် ၅ နာရီကနေ ည ၈ နာရီအထိ အချိန်တိုး ဖွင့်ဖို့ ထိုင်းနိုင်ငံလွတ်တော်က ဆုံးဖြတ်လိုက်ကြောင်း ဒီဇင်ဘာလ ၂၄ ရက်က ကြေညာခဲ့တာပါ။

အခုအခါမှာတော့ မဲဆောက်နဲ့ မြ၀တီ၊ ထိုင်းနဲ့ မြန်မာ ခရိုင်အုပ်ချုပ်ရေးမှူးတွေ အသေးစိတ် တွေ့ဆုံဆွေးနွေးပွဲ မလုပ်နိုင်သေးတာမို့ အချိန်တိုး ဖွင့်မယ့်ကိစ္စ ယာယီရပ်ဆိုင်းထားတာ ဖြစ်ပါတယ်။

DVB

No comments:

Post a Comment