23.12.2014
“ပိုက်ဆံ မတောင်းပါဘူး။ မကောက်ပါဘူးဆိုတာကို လက်မှတ်ထိုး၊ ကတိဝန်ခံချက်တွေလုပ်ပြီးမှ စေလွှတ်မှာပါ။ ဘယ်နေ့ စလွှတ်မလဲ ဆိုတာက လောလောဆယ်တော့ လူကြီးတွေဆီက အမိန့်မလာသေးပါဘူး” ဟု ၎င်းက ပြောသည်။
ထိုင်းနိုင်ငံ ၇၇ ခရိုင်အတွင်းရှိ မြို့နယ်များတွင် တရားမဝင်လုပ်ကိုင် လျက်ရှိသည့် မြန်မာရွှေ့ပြောင်းအလုပ် သမားများကို စစ်တမ်းကောက်ယူပြီး တရားဝင်ပတ်စ်ပို့နှင့် ဗီဇာ၊ အလုပ်လုပ်ကိုင်ခွင့် ပါမစ်များ ထုတ်ပေးနိုင်ရန် ဆောင်ရွက်ခြင်း ဖြစ်သည်။
စစ်တမ်းကောက်ယူရန် ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ အင်အားဝန်ကြီးဌာနနှင့် အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက တာဝန်ရှိသူများကို စေလွှတ်သွားမည်ဖြစ်သည်။
“ထိုင်းနိုင်ငံနှင့် ပြန်လည်ညှိနှိုင်းဆောင်ရွက်မယ့် ကိစ္စတချို့လည်း ကျန်သေးတယ်။ ဒီဘက်တော့ အဖွဲ့တွေ ဖွဲ့ပြီးပြီ” ဟု ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောသည်။
ထိုင်းနိုင်ငံကလည်း တရားမ၀င် မြန်မာအလုပ်သမားများကို ယာယီ အလုပ်လုပ်ပိုင်ခွင့်လက်မှတ် ၆၄၀,၀၀၀ ကျော် ထုတ်ပေးထားပြီး ဖြစ် သည်။ စစ်တမ်းကောက်ယူရန် အစိုးရဝန်ထမ်းအရာရှိ ၈၀ ဦးကို ငါးဦးတစ်ဖွဲ့နှုန်းဖြင့် စုစုပေါင်း ၁၆ ဖွဲ့ဖြင့်ပြုလုပ်မည် ဖြစ်သည်။
ထိုင်းနိုင်ငံတွင် တရားမဝင် မြန်မာအလုပ်သမား ၁ ဒသမ ၃ သန်းခန့်ရှိနိုင်သည်ဟု အလုပ်သမားအလုပ် အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီး ဌာနက ခန့်မှန်းထားပြီး ငါးဖမ်းလှေများတွင် သုံးသောင်းဝန်းကျင်ရှိသည်ဟု သိရသည်။
Mizzima - News in Burmese
No comments:
Post a Comment