address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, August 14, 2014

ဓမ္မစေတီခေါင်းလောင်းရှာဖွေမှု ဆဋ္ဌမမြောက်နေ့ ကမ္ဘောဇဆရာတော်ကိုယ်တိုင် ရေငုပ်ဆယ်ယူရေးအဖွဲ့ သမ္ဗန်ပေါ်တွင် လိုက်ပါ၍ မေတ္တာပွားများ ရေငုပ်သူများ နှစ်ကြိမ်တိုင်တိုင် ခေါင်းလောင်းတော်အားရှာဖွေမှုပြုလုပ်




14.8.2014

ခေါင်းလောင်းတော်ဆယ်ယူမှု ကို စိတ်ပါဝင်စားသူများမှာ ယနေ့ တိုင် လျော့နည်းသွားခြင်းမရှိသလို ပိုမိုများပြားလာပြီး သမ္ဗန်များဖြင့် သွားလာသူများလည်းရှိကာ မြစ်ထဲ မှ ငါးဖမ်းလှေများအပြင် ဒလဘက် မှ ကူးတို့သမ္ဗန်များလည်း လာရောက် ပြေးဆွဲခဲ့ကြောင်းသိရသည်။

''အရင်နေ့တွေကတော့ လှေ လေးတွေနဲ့ သွားကြတယ်။ ဒီနေ့တော့ ကူးတို့သမ္ဗန်တွေနဲ့သွားတာများတယ်။ ကူးတို့သမ္ဗန်တွေကတော့ လုံခြုံတယ် လို့ထင်တယ်။ ဒါပေမဲ့ ငါးဖမ်းလှေ သမားလေးတွေတော့ ဝင်ငွေလျော့ သွားတာပေါ့''ဟု ခေါင်းလောင်း ဆယ်ယူမှုကို သာကေတမြို့နယ်မှ လာရောက်ကြည့်ရှုသူ မလွင်မာက ပြောသည်။

ယခုလက်ရှိတွင် ခေါင်းလောင်း ဆယ်ယူရေးနှင့် ပတ်သက်၍ဖြစ်ပေါ် နေသည့် အခြေအနေများကို ပြည် သူများသိရှိစေရန်အတွက် သီးသန့် ရှင်းလင်းပွဲပြုလုပ်သွားမည်ဖြစ်သော် လည်း ယခုအချိန်တွင် ခေါင်း လောင်းဆယ်ယူမှု အတွက် တစ်စုံ တစ်ရာ အနှောင့်အယှက် မဖြစ်စေရန် သတင်းထုတ်ပြန်မှုကို ပြုလုပ်မည် မဟုတ်ကြောင်းသိရသည်။

ခေါင်းလောင်းဆယ်ယူရေး အတွက် လာရောက်လှူဒါန်းသူများ မှာလည်း မိမိတို့၏ယုံကြည်ချက်ဖြင့် လာရောက်လှူဒါန်းကြသလို ခေါင်း လောင်းကြီးကို ဆယ်ယူရရှိပါက ခေါင်းလောင်းကြီးကို ထိန်းသိမ်း ထားရှိမှုနှင့်ပတ်သက်၍ အကြံပြု ချက်တချို့ကိုလည်း ပြောကြားခဲ့ ကြောင်းသိရသည်။

''လာလှူတဲ့သူတစ်ယောက်က တော့ ခေါင်းလောင်းကြီးက ရေမှာ ပျော်တယ်လို့ ကြားတဲ့အတွက် ဆယ် ပြီးရင် ရွှေတိဂုံပေါ်မှာပဲ ရေကန်ထဲမှာ ထည့်ပြီး အများပြည်သူကြည့်ရှုနိုင် အောင် ပြသထားရင်ထပ်ပြီးတော့မ ပျောက်နိုင်ဘူးဆို ပြီးတော့ သူ့အမြင် ကို ပြောသွားတယ်'' ဟု ဦးကြည်ဝင်း ကပြောသည်။

ခေါင်းလောင်းကြီးဆယ်ယူနိုင် ရန်အတွက် သမ္ဗန်များဖြင့် ရေငုပ် သမားများ ရေထဲဆင်းချိန်တိုင်းတွင် တိုက်ဆိုင်မှုတစ်ခုအဖြစ်မိုးများအုံ့မှိုင်း လာပြီး ယင်းနေရာအနီးတစ်ဝိုက် တွင် အနည်းနှင့်အများ မိုးရွာသွန်း မှုများရှိသကဲ့သို့ လှိုင်းများဖြစ်ပေါ် လာကာ ဝဲဂယက်ရှိကြောင်းကိုလည်း သွားရောက် ကြည့်ရှုသူများက ပြော ဆိုလျက်ရှိသည်။

''အနားရောက်တာနဲ့ လှိုင်းက ကြီးပြီး လှိုင်းရိုက်တာနဲ့တင် လူ တစ်ကိုယ်လုံး စိုရွှဲကုန်တာ။ ပြီးတော့ မိုးရွာတာလဲ အဲဒီဆယ်နေတဲ့နား တစ်ဝိုက်မှာပဲရွာတယ်။ ကြည့်နေတဲ့ ကုန်းဘက်မှာက မိုးဖွားပဲကျတယ်။ ဒါကလဲ ထူးခြားချက်တစ်ခုလို့ ထင် တယ်''ဟု တောင်ဒဂုံမြို့နယ်မှ လာ ရောက်ကြည့်ရှုသူ အသက် ၇၆ နှစ် အရွယ်ရှိအဘိုးတစ်ဦးက ပြောသည်။

ခေါင်းလောင်းတော် ဆယ်ယူ မှုအတွက် ထင်မြင်ချက်အမျိုးမျိုး နှင့် လာရောက်ကြည့်ရှုသူများမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြား လာပြီး အထိုင်သင်္ဘောဖြစ်သော ဗညားလတ် သုံးထပ်သင်္ဘောမှာနေရာ အနည်းငယ်ရွှေ့ထားကြောင်းလည်း သိရသည်။

ခေါင်းလောင်းတော် ဆယ်ယူ မှုမှာ ယခုလက်ရှိတွင် ခေါင်းလောင်း ရှိနိုင်သည်ဟု ယူဆသော နေရာရှိ နုန်းများကို ဖယ်ရှားရှင်းလင်းမှုမှာ နောက်ထပ်သီတင်းပတ် တစ်ပတ် ခန့် ကြာမြင့်နိုင်ခြေရှိသည်ဟုခန့်မှန်း ထားကြောင်းသိရသည်။

ခေါင်းလောင်းဆယ်ယူရေးနှင့် ပတ်သက်၍ ပြည်သူများ၏စိတ် ဝင်စားမှုမှာလည်း မြင့်တက်လျက် ရှိပြီး ဆယ်ယူမှုအောင်မြင်စေရန် လည်း ဆုတောင်းမှုများပြုလုပ်သကဲ့ သို့ ခေါင်းလောင်းဆယ်ယူရေးကို အထောက်အပံ့ဖြစ်စေရန် အတွက် သြဂုတ် ၁၂ရက်ကလည်း ရွှေတိဂုံ စေတီတော်တွင် မွန်ဘာသာဖြင့် ဝတ် ပြုဆုတောင်းပွဲ တစ်ခုပြုလုပ်ခဲ့ကာ ဆယ်ယူမှုအောင်မြင်နိုင်မည်ဟု လည်း ယုံကြည်ကြောင်းသိရသည်။

Democracytoday
Yangon Media Group

No comments:

Post a Comment