address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Sunday, August 31, 2014

UNFC နှင့် KNU မူဝါဒနှင့် အမြင်ကွဲပြားနေသော်လည်း နုတ်ထွက်ရန် မဆုံးဖြတ်သေးဟု KNU ဆို




31.8.2014

ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ် ကောင်စီ (UNFC)၏ လက်ရှိ စုဖွဲ့မှုနှင့် မူဝါဒများသည် ကရင်အမျိုသားအစည်း အရုံး KUN အဖွဲ့၏ သဘောထားနှင့်မကိုက်ညီသည့် အခြေအနေ အချို့ ရှိသော်လည်း UNFC ၏ အဖွဲ့ဝင် အဖြစ်မှနုတ်ထွက်ရန်ကိုမူ မဆုံးဖြတ်ရသေးဟု UNFC ညီလာခံ တက်ရောက်နေသည့် KNU အဖွဲ့၏အထွေထွေ အတွင်းရေးမှူးပဒိုကွယ်ထူးဝင်းက ပြောသည်။

“UNFC အဖွဲ့ဝင် အဖြစ်ကနေ နုတ်ထွက်တယ် ဆိုတဲ့ အဲဒီ့အဆင့်ထိတော့မရောက်သေးပါဘူး၊ အဲလိုတော့ မဆုံးဖြတ်ပါဘူး၊လက် ရှိ နိုင်ငံရေးအခင်းအကျင်းနဲ့ ၊ စုဖွဲ့မှုကို ပြန်လည်သုံးသပ်ဖို့ လိုအပ်တယ်၊ပူးပေါင်း လုပ်ဆောင်တဲ့ နေရာမှာ Top-Down (ဗဟို ဦးစီးမှု စနစ်) ပုံစံမဟုတ်ဘဲနဲ့ Parallel (မျဉ်းပြိုင် အဆင့်တူ ပါဝင်မှု) ပုံစံနဲ့ အဲလိုလုပ်သွားဖို့တော့ အမြင်ရှိတယ်” ဟု ပဒိုကွယ်ထူး ဝင်းက မဇ္ဈိမကိုပြောသည်။

KNUအနေဖြင့် UNFCမှ နုတ်ထွက်မည်ဟု UNFC၏ ညီလာခံအတွင်း သတင်းများထွက်ပေါ်ခဲ့ခြင်းမှာမမှန်ကန်ဟု မွန်ပြည်သစ်ပါတီ၏ ပြောရေး ဆိုခွင့် ရှိသူ နိုင်ဟံသာ (ဗိုန်ခိုင်)က မဇ္ဈိမကို ပြောသည်။

အတည်မပြုနိုင်သေးသည့် သတင်းများအရ UNFC အဖွဲ့၏ ဦးဆောင်မှု အခန်းကဏ္ဍနှင့်စုဖွဲ့မှု အဆုံးအဖြတ် ပေးမှုများ၌ KNUအဖွဲ့မှ ၎င်းတို့၏ ပေါ်လစီအမြင်များနှင့် မကိုက်ညီဟု ဆိုကာ အခြေအတင်ဆွေးနွေးထားပြီး တင်းမာမှု ရှိနေသည်ဟု သိရသည်။

UNFC တွင် ဥက္ကဋ္ဌ နှင့် ဒုဥက္ကဋ္ဌ အာဏာပိုင်များ၏ ဆုံးဖြတ်ချက်ဖြင့်သာဆုံးဖြတ်သည်ဖြစ်၍ အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ပုဂ္ဂလိက အမြင်ဆုံးဖြတ်ချက်နှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်အားထိခိုက်နိုင်သည်ဟု KNUက ရှုမြင်ထားသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးနှင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများ အကောင်အထည် ဖော်ရေး၌ တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့တစ်ဖွဲ့နှင့် တစ်ဖွဲ့ အမြင် မတူညီမှုများ ရှိနေကြောင်းလည်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် နီးစပ်သည့်အမည် မဖော် လိုသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

“အမြင် မတူကြတာတွေတော့ အနည်းနဲ့ အများတော့ ရှိမှာပဲလေ၊ KNU တို့က ဘယ်လိုပြောမလဲ။ အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်း ချမ်းရေးကို မြန်မြန်ပြီးစေချင်တယ်၊ UNFC ဘက်ကလည်း သေချာအောင်လုပ်ချင်တယ် ဆိုတာမျိုးဆိုတော့ အဲဒီမှာ အမြင်မတူ မှုတွေ နည်းနည်းများကြတယ်ထင်တယ်” ၎င်းက မဇ္ဈိမကို ပြောသည်။

KNU မှ အဆိုပြုလိုသည့် တပ်ပေါင်းစု စုဖွဲ့မှု ဆိုင်ရာ အခြေခံမူနှင့်အမြင်သဘောထားများကို လာမည့် သြဂုတ်လ ၃၁ ရက်နှင့် စက် တင်ဘာလ (၁) ရက်များ၌ဆက်လက် ကျင်းပသွားမည့် UNFC ညီလာခံအစည်းအဝေး၌ ဆက်လက် တင်ပြသွားမည်ဟု သိရသည်။

ထို့ပြင် တစ်နိုင်ငံလုံး အပစ်အခပ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် UNFC အဖွဲ့ဝင် မဟုတ်သည့် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များ၏ ပူးပေါင်းပါဝင်မှု အားကိုလည်း စဉ်းစားရန်လိုကာ ၎င်းတို့နှင့်ပူးပေါင်း လုပ်ဆောင်နိုင်ရန်လည်း UNFC ထည့်သွင်း စဉ်းစား သင့်ကြောင်းပဒို ကွယ်ထူးဝင်းက သုံးသပ် ပြောကြားသည်။

ယခု ကျင်းပနေသည့် အစည်းအဝေးသည် UNFC အဖွဲ့၏ သုံးနှစ် တစ်ကြိမ် ကျင်းပသည့်ပထမဆုံး ညီလာခံ ဖြစ်ကာ ညီလာခံ ၌ နောက်ထပ် သက်တမ်းတစ်ခု အတွက်ခေါင်းဆောင်များအား ရွေးကောက်တင်မြှောက်ရန် အပါအဝင် အဖွဲ့ဝင်သစ်များ လက်ခံေ ရးကိုလည်း ဆွေးနွေးရန်ကျန်ရှိနေသေးသည်။

သို့သော်လည်း ပြည်တွင်းမှ ရောက်ရှိလာသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အ စည်းအပါအဝင်နိုင်ငံရေး အင်အားစု ငါးဖွဲ့နှင့် တွေ့ဆုံရန် အတွက်ညီလာခံအား သြဂုတ်လ (၂၉) နှင့် (၃၀) ရက်များတွင် ခေတ္တရပ် ဆိုင်းထားပြီး၃၁ရက်တွင် ဆက်လက်ဆွေးနွေးမည်ဟု ပဒိုကွယ်ထူးဝင်းက ပြောသည်။

လက်ရှိ ကျင်းပနေသည့် ပထမ အကြိမ် ညီလာခံအား UNFC အဖွဲ့ဝင် အဖွဲ့အစည်းများဖြစ်ကြသည့် KIO, KNU, KNPP, NMSP, CNF, SSPP, PNLO, PSLF, LDU, ANC, WNO,MNDAA တို့နှင့် ဆက်စပ်အဖွဲ့ဝင် အဖွဲ့အစည်းများ ဖြစ်ကြသည့် ALP, AA, DKBA, KNU/KNLA-PC, ABSDFတို့မှ ကိုယ်စား လှယ်ပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့ကြသည်။

အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (မိုင်းလား) အဖွဲ့နှင့် “ဝ”ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်တို့ကမူ ယခုညီ လာခံသို့တက်ရောက်နိုင်ခြင်း မရှိပေ။

UNFC အဖွဲ့အား ၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီလတွင် တိုင်းရင်းသား ညီလာခံကြီးမှတဆင့် စတင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကာ ယခု ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ၌သုံးနှစ်တာ ပြည့်ခဲ့ပြီး ဖြစ်သည်။ သို့သော်လည်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ဆွေးနွေးပွဲများ ဆက်နေခဲ့ သဖြင့် (၆)လခန့် နောက်ကျပြီးမှ ယခုကဲ့သို့ ညီလာခံ ခေါ်ယူနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

Mizzima

No comments:

Post a Comment