address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, August 21, 2014

ကရင်ပြည်နယ်တွင် ကျဆုံးသွားသည့် ABSDF တပ်ဖွဲ့ဝင်များ စာရင်းကောက်ယူမည်


21.8.2014

ကရင်ပြည်နယ်တွင်ကျ ဆုံးသွားခဲ့ကြသည့် ABSDF တပ် ဖွဲ့ဝင်များ၏ အရေအတွက်ကို စာရင်းပြုစုကောက်ယူကာ ဂုဏ်ပြု ပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း စာရင်းကောက်ယူရေးတာဝန်ခံ ရဲဘော်စိုးထွဋ်က ပြောသည်။

‘‘ပြီးခဲ့တဲ့နှစ်တွေမှာ ကရင် ပြည်နယ်တစ်ခွင်မှာ ကျသွားတဲ့ ကျွန်တော်တို့ရဲဘော်တွေကို စာရင်းပြုစုသွားမယ်။ အချိန်က တစ်လခွဲလောက်သတ်မှတ်ထား တယ်။ ပြီးရင် အောက်တိုဘာလောက်မှာ ဂုဏ်ပြုပွဲလုပ်မယ်’’ဟု ရဲဘော်စိုးထွဋ်က ပြောသည်။

စာရင်းကောက်ယူရေး အစီအစဉ်တွင် ကရင်ပြည်နယ်အတွင်း ကျဆုံးသွားသည့် ABSDF တပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များ လာရောက်စာရင်းပေးနိုင်ကြောင်းနှင့် ကရင်ပြည်နယ်အတွင်း ပျောက်ဆုံးသွားသည့် ABSDF တပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များလည်း လာရောက်စာရင်းပေးနိုင်ကြောင်း ၎င်းက ပြောကြားသည်။

‘‘စာရင်းကောက်ပြီးရင် သူ တို့ကို ဘာသာရေးအရ အမျှ အတမ်းဝေမယ်။ ကျန်တဲ့မိသားစု တွေကို ဂုဏ်ပြုမှတ်တမ်းလွှာပေး မယ်။ ဖြစ်နိုင်ရင် ရဲဘော်တွေစုပြီး ထောက်ပံ့ကြေးပေးတဲ့အစီအစဉ် လည်းလုပ်မယ်’’ဟု ရဲဘော်စိုးထွဋ် ကပြောသည်။

‘မကဒတ’ ဟုလည်း လူသိများ သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ် တပ်ဦးသည် ၁၉၈၈ အရေးအခင်း အပြီးတွင် မြန်မာပြည် နယ်စပ် ဒေသအသီးသီးသို့ ထွက်ခွာလာ သည့်ကျောင်းသားအများစုဖြင့် ဖွဲ့စည်းထားသည့် အစိုးရ ဆန့် ကျင်ရေး လက်နက်ကိုင်တပ်ဖွဲ့ တစ်ခုဖြစ်သည်။

ABSDF စတင်ဖွဲ့စည်းသည့် ၁၉၈၈ မှ ၂၀၁၃ခုနှစ်အထိ တပ်ဖွဲ့ဝင် ၇၀ ဦး ကျဆုံးခဲ့ပြီး ၄၀၀ ကျော် ဒဏ်ရာရခဲ့ကြောင်း ပြီးခဲ့သည့် နှစ်အတွင်းက ABSDF က ထုတ် ပြန်ခဲ့သည်။

7Day Daily

No comments:

Post a Comment