address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, August 5, 2014

အစ္စရေးနှင့်ဟားမတ်စ် ၇၂ နာရီကြာ အပစ်ရပ်စဲ



5.8.2014

အစ္စရေးနဲ့ ပါလက်စတိုင်း ဟားမတ်စ်အဖွဲ့ဟာ ဒီနေ့ ဒေသစံတော်ချိန် မနက် ၈ နာရီက စပြီး ၇၂ နာရီကြာ အပစ်အခတ်ရပ်စဲရေးကို သဘောတူလိုက်ပါတယ်။

ဂါဇာကမ်းမြောင်က ၄ ပတ်ကြာတိုက်ခိုက်မှုကို အဆုံးသတ်ရေး အီဂျစ်က အဆိုပြုတဲ့ အပစ်အခတ်ရပ်စဲရေးကို သဘောတူခဲ့တာပါ။

ဟားမတ်စ်နဲ့ အစ္စလာမစ်ဂျီဟတ် အဖွဲ့တို့က ကိုယ်စား လှယ်တွေ အပါအ၀င် ပါလက်စတိုင်း အုပ် စုတွေက အီဂျစ်နိုင်ငံ မြို့တော် ကိုင်ရိုမှာ အီဂျစ်ထောက် လှမ်းရေး ခေါင်းဆောင်တွေ နဲ့ ပြီးခဲ့တဲ့ သြဂုတ် ၄ ရက်နေ့ မနက်ပိုင်းမှာ တွေ့ဆုံပြီး အကြမ်းဖက်မှု အဆုံးသတ်ရေး အစီအမံကို ပုံစံထုတ်ခဲ့ပါတယ်။

အဲဒီနောက် ဂါဇာကို ထိန်းချုပ်ထားတဲ့ ဟားမတ်စ်တွေက အပစ်ရပ်ရေး သဘောတူကြောင်း ဟားမတ်စ်ပြောခွင့်ရ ဆာမိအဘူဇူဟရီက ကြေညာခဲ့ပါတယ်။

အဲဒီနောက် နာရီနည်းနည်းအကြာမှာ အစ္စရေးဝန်ကြီးချုပ်ရဲ့ လုံခြုံရေးအဖွဲ့က အီဂျစ်ရဲ့ အဆိုပြုချက်ကို သဘောတူခဲ့တယ်လို့ တရားဝင်ပြောခွင့်ရ မတ်ခ် ရေဂေ့ဗ်က အတည်ပြုခဲ့ပါတယ်။

အစ္စရေးနဲ့ ဟားမတ်ကြား အပစ်အခတ် ရပ်စဲရေး ဆော်သြမှုတွေ အရင်က အကြိမ်ရေ အတော်များများ ရှိခဲ့ပြီး ကျိုးပေါက်မှုအတွက် တဖက်နဲ့ တဖက် အပြန်အလှန် စွပ်စွဲခဲ့ကြတာပါ။

၎ ပတ်ကြာ စစ်ပွဲအတွင်း ပါလက်စတိုင်း အယောက် ၁၈၀၀ ကျော် သေဆုံးပြီး အစ္စရေး ၆၇ ယောက် သေဆုံးခဲ့တဲ့အတွက် ဂါဇာကမ်းမြောင်က ပဋိပက္ခတွေကြောင့် အစ္စရေးနိုင်ငံ အလယ်ပိုင်းနဲ့ တောင်ပိုင်းက ပြည်သူတွေ ထိတ်လန့်တကြား ဖြစ်နေပါတယ်။

ဒါကြောင့် အစ္စရေးကုမ္ပဏီတခုက အနီရောင် တပ်လှန့်မှုလို့ နာမည်ပေးထားတဲ့ တယ်လီဖုန်းကတဆင့် သတိပေးတဲ့ သတင်းအချက်အလက်တွေ ပံ့ပိုးတဲ့ ပရိုဂရမ်ကို စတင်ဖြန့်ဖြူးလိုက်ပါတယ်။

အစ္စရေးရဲ့ အိုင်းယန်းဒုံ ဒုံးကျည်ကာကွယ်ရေးစနစ်ဟာ ဒုံးကျည် ၉၀ ရာခိုင်နှုန်းကျော်ကို ကြားဖြတ် တားဆီးနိုင်တယ်လို့ အစီရင်ခံထားပါတယ်။

ဒါပေမယ့် အစ္စရေးပြည်သူတွေကတော့ စစ်ရေးနည်းပညာ အထောက်အပံ့ မပါဘဲ သူတို့ ကောင်းကင်ကို ဘေးကင်းကင်း မော့ကြည့်နိုင်ရေး မျှော်လင့်နေပါတယ်။

DVB

No comments:

Post a Comment