address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, August 21, 2014

အမျိုးအမည်မသိခရုကြောင့် စိုက်ပျိုးပြီးလယ်များပျက်စီးဆုံးရှုံး



21.8.2014

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ကော့ကရင်ကျေးရွာအနီးရှိ ကျုံ ကပိုင်ကွင်းတွင် အမျိုးအမည်မသိ ခရုကိုက်ဖျက်မှုကြောင့် စပါးစိုက် ပျိုးပြီးလယ်ဧက (၁၅၀) ကျော်ရှိ သည့်အနက် ဧက ၁၀၀ကျော်ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံတောင်သူ များ၏ ပြောကြားချက်အရ သိရသည်။

““ကျွန်တော်ဆိုရင် အဲဒီခရုကြောင့် လယ်နှစ်ခါပြန်စိုက်ရ တယ်။ နှစ်ကြိမ်စလုံးခရုကိုက်လို့ စပါးတွေအကုန် ပျက်စီးကုန် တယ်။ အရင်ဒီခရုတွေကို ကျွန်တော်တို့ ဒေသဘက်မှာမရှိဘူး။ နာဂစ်ဖြစ်ပြီးမှတွေ့လာရတယ်။ အဲဒီခရုကို ကျွန်တော်တို့ဒေသ အခေါ်နာဂစ် ခရုလို့ခေါ်တယ်။ လယ်ကွင်းပြင်တစ်ခုလုံး ခရု ကိုက်လို့ အကုန်ပျက်စီးကုန်တယ်။ အချို့ကိုက်ထားတဲ့နေရာ တွေမှာပြန်စိုက်တယ်။ပိုးသတ်ဆေးသုံးကြည့်သေးတယ်။မရဘူး။ ဒီခရုဥက အနီရောင်ဗျ။ ဒီခရုတွေဘယ်သူမှ အဲဒီခရုကိုနာမည် သိပ်မသိကြဘူး။ ထိုင်းဘက်ခြမ်းကနေ ကူးလာတာလို့လည်း တချို့လူတွေက ပြောတယ်။ အတိအကျတော့ မသိကြဘူး။ ပြောနေကြတာပေါ့။ ဒီနှစ်တော့ စပါးထပ်မစိုက်နိုင်တော့ဘူး””ဟု ဒေသခံတောင်သူဦးတင်ဦးက ဆိုသည်။

ယင်းခရုကြောင့်စိုက်ပျိုးပြီး လယ်ဧကများစွာပျက်စီးခဲ့ရ၍ စပါးများ ထပ်မံမစိုက်ပျိုးနိုင်ခြင်းကြောင့် လယ်ယာစိုက်ပျိုးရေး ဘဏ်မှချေးယူခဲ့သောငွေကြေးများကိုလည်းကျွဲနွားရောင်းချ၍ သာပေးဆပ်နိုင်တော့မည်ဖြစ်ကြောင်း ကော့က ရင်ကျေးရွာ နေ တောင်သူဦးစိုးမြင့်ကပြောသည်။

““ကျွန်တော်တို့ဘက်ကလယ်တွေလည်း ဒီခရုကိုက်လို့ တော်တော်ပျက်စီးနေပြီ။ ကျွန်တော် လယ်ဧက ၄၀ရှိတယ်။ စပါးပျိုပင်ချတာ ၄၅တင်းပေါ့။ လယ်တစ်ဧကကို အနည်းဆုံး (၁၃)ယောက်ငှားရတယ်။လုပ်အားခကတစ်နေ့လူတစ်ယောက် ကို ၃၅၀၀ကျပ်ပေးရတယ်။ နဂိုကတည်းကလည်းစပါး စိုက်ပျိုး ရတာနှစ်တိုင်းရှုံးတယ်။ နည်းနည်းပါးပါးပေါ့။ လယ်မစိုက် ရင်လည်း အစိုးရက ပြန်သိမ်းမှာကြောက်လို့ နှစ်တိုင်းစိုက် တယ်။ ခရုမကိုက်တောင်မှလယ်တစ်ဧကကို ၆၀၀၀၀ရှုံးတယ်။အခုခရုကိုက်တော့ လယ်တောင်ပြန်မစိုက်နိုင်တော့ဘူး””ဟု ကျွဲခြံကျေးရွာနေ လယ်ပိုင်ရှင် ဦးမောင်ဝင်းကဆိုသည်။

အဆိုပါခရုများသည် လွန်ခဲ့သည့် ၄နှစ်ခန့်မှစ၍ မွန်ပြည် နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးတို့ဘက်တွင် စတင်တွေ့ရှိရပြီး ၁ပတ်တစ်ကြိမ်ခန့် ဥရေ သောင်းဂဏန်း အထိ ဥနိုင်ပြီး ၂၅ရက်အတွင်း သားဖောက်မျိုးပွားနှုန်း မြန် ဆန်ကြောင်း၊ စပါးပင်များသာမက ငါး၊ ဖားများကိုပါစား သောက်သောခရုအမျိုးအစားတစ်မျိုးဖြစ်ပြီးဖျက်ဆီးပြီးလယ် ခင်းများနှင့်နီးစပ်သည့် လယ်ပိုင်ရှင်များကလည်း မိမိလယ်များ သို့ ကူးစက်ပြန့်ပွားလာမည်ကို စိုးရိမ်လျက်ရှိကြောင်း၊ ဒေသခံ တောင်သူများ၏ ပြောကြားချက်အရ သိရသည်။

Hot News Journal

No comments:

Post a Comment