address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, August 18, 2014

တစ်နိုင်ငံလုံး အပစ်ရပ် စာချုပ်အတွက် ညှိနှိုင်းရန် လေးချက်ကျန်





18.8.2014

တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေးဆိုင်ရာ သဘောတူ ညီချက်စာချုပ်(မူကြမ်း) တွင် အစိုးရနှင့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များကြား ညှိနှိုင်းစ ရာအချက် လေးချက်ကျန်ရှိပြီး လာမည့် စက်တင်ဘာလဆန်း ၌ ဆက်လက်တွေ့ဆုံဆွေးနွေး သွားရန် သဘောတူခဲ့သည်။

သြဂုတ် ၁၇ ရက်က ပြုလုပ် သော ပြည်ထောင်စုငြိမ်းချမ်း ရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ(UPWC) နှင့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲ ရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ဆွေး နွေးပွဲ နောက်ဆုံးရက်အပြီးတွင် စက်တင်ဘာလဆန်း၌ ပြန် လည်တွေ့ဆုံဆွေးနွေးရန် အပါ အ၀င် အချက် လေးချက်ကို ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ထို့အပြင်ဆွေးနွေးရန်ကျန်ရှိသည့် အချက်အနည်းငယ်ကို

စက်တင်ဘာတွင် ဆုံးဖြတ်နိုင်ပြီး အောက်တိုဘာတွင် သဘောတူစာချုပ်လက်မှတ်ရေးထိုးနိုင်ရန် မျှော်လင့်ကြောင်း နှစ်ဖက်ပြောကြားခဲ့ သည်။ အခန်း ခုနစ်ခန်းပါ စာချုပ် (မူကြမ်း)တွင် ယခုဆွေးနွေးပွဲ မတိုင်မီက အချက် ၃၁ ချက်ညှိ နှိုင်းရန်ကျန်ရှိနေခြင်းဖြစ်သည်။ ဆွေးနွေးပွဲအပြီး ညှိနှိုင်းရန် ကျန် ရှိသေးသော အချက်များမှာ အ ခန်း(၂) ဦးတည်ချက်နှင့် ရည်ရွယ် ချက်မှ တစ်ချက်၊ အခန်း (၃) ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင် ရာမှ တစ်ချက်၊ အခန်း (၅) နိုင်ငံ ရေးဆွေးနွေးပွဲဆိုင်ရာ အာမခံ ချက်များမှ တစ်ချက်နှင့် အခန်း (၆) ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များမှ တစ်ချက်စုစုပေါင်း လေးချက်ညှိနှိုင်းရန် ကျန်ရှိနေ ခြင်းဖြစ်သည်။

‘‘ကျွန်တော်တို့ ကျန်နေတဲ့ အချက်တွေကတော့ ကြားကာလ မှာ ကျွန်တော်တို့ ဘယ်လိုနေရာ ချထားမလဲ၊ ဘယ်လိုနေထိုင်မလဲ ဆိုတဲ့ကိစ္စတစ်ခုရယ်၊ နိုင်ငံရေး ဆွေးနွေးပွဲမှာ အစုဘယ်နှစုနဲ့ ပါဝင်တက်ရောက်ပြီး ဆွေးနွေး သွားမလဲဆိုတဲ့ ကိစ္စရယ်၊ နောက် အပစ်အခတ်ရပ်စဲရေး သဘော တူညီချက်ကို ဘယ်နှဖွဲ့က ဘယ်သူတွေပါဝင်ပြီး လက်မှတ်ရေး ထိုးသွားမယ်ဆိုတဲ့ အပိုင်းရယ်၊ ကျန်တာကတော့ ပြေလည်ပါ တယ်’’ ဟု NCCT အဖွဲ့ခေါင်း ဆောင်နိုင်ဟံသာက ဆွေးနွေးပွဲ အပိတ်စကားတွင် ပြောသည်။

စာချုပ်အတွက် ဆက်လက် ဆွေးနွေးစရာအချက် လေးချက် ကျန်ရှိပြီး အခြားညှိနှိုင်းစရာကျန် သည့်အချက်တစ်ချက်ဖြစ်သည့် သဘောတူညီချက်စာချုပ်တွင် မည်သူ၊ မည်သည့်အဖွဲ့အစည်း များပါဝင်လက်မှတ်ရေးထိုးမည် ကိုမူ စာချုပ်တွင် မထည့်သွင်းဘဲ သီးခြား ညှိနှိုင်းသွားရမည်ဖြစ် ကြောင်း မြန်မာ့ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေးဗဟိုဌာန (MPC) အကြီးတန်းအကြံပေး ဦး လှမောင်ရွှေက သတင်းစာရှင်း လင်းပွဲတွင်ပြောသည်။

‘‘ဒီအချက်တွေလည်း စက် တင်ဘာလဆန်းမှာ ပြုလုပ်မယ့်အစည်းအဝေးမှာ ကျွန်တော်တို့ အားလုံး ဆုံးဖြတ်နိုင်မယ်လို့ ကျွန်တော်ယုံကြည်နေပါတယ်။ အကယ်၍ အဲဒီမှာ ဆုံးဖြတ်နိုင် မယ်ဆိုရင်တော့ ကျွန်တော်တို့ လက်မှတ်ရေးထိုးမယ့်ရက်သတ် မှတ်သွားနိုင်မှာဖြစ်ပါတယ်’’ဟု UPWC ဒုဥက္ကဋ္ဌ ဦးအောင်မင်းက ဆွေးနွေးပွဲ အပိတ်စကားတွင် ထည့်သွင်းပြောသည်။

ဆွေးနွေးပွဲ သုံးရက်တာ အတွင်း သိသာထင်ရှားသည် ရလဒ်မှာ ဖက်ဒရယ်အခြေခံပြည် ထောင်စုစနစ်မူကို အစိုးရဘက်မှ လက်ခံခဲ့ခြင်းဖြစ်သည်။ တိုင်းရင်း သားများဘက်က အစဉ်တစိုက် တောင်းဆိုခဲ့သော အခြေခံမူ ဖြစ်သည့် ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ် ပိုင်ပြဋ္ဌာန်းခွင့်ကို အခြေခံသည့် ပြည်ထောင်စုစနစ်ထူထောင်ရန် မူကို အစိုးရဘက်မှ လက်ခံခဲ့ ခြင်း ဖြစ်သည်။ အသေးစိတ် အချက် များကို နိုင်ငံရေးဆွေးနွေးပွဲများ တွင် ဆက်လက်ညှိနှိုင်းသွားရ မည်ဟုလည်း ကိုယ်စားလှယ် အချို့ကပြောသည်။

တိုင်းရင်းသားများဘက်မှ လည်း ‘‘တော်လှန်ရေး’’ဟူသော ဝေါဟာရကို ခေါင်းစဉ်တွင် မထည့်ဘဲ အတွင်းစာသား၌သာ ထည့်ရန်၊ ဒို့တာဝန်အရေးသုံးပါး အခြေခံမူကို လက်ခံသွားရန် သ ဘောတူညီခဲ့သည်။

သြဂုတ် ၁၇ ရက်ဆွေးနွေး ပွဲအပြီး ထုတ်ပြန်သော ကြေညာ ချက်တွင် နှစ်ဖက်ကိုယ်စားလှယ် များအားလုံးက တစ်နိုင်ငံလုံးပစ် ခတ်တိုက်ခိုက်မှုရပ်စဲနိုင်ရေး အ တွက် သဘောတူစာချုပ်အမြန် ဆုံးချုပ်ဆိုနိုင်ရန်နှင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများကိုလည်း အမြန်ဆုံးကျင်းပနိုင်ရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း ဖော် ပြထားသည်။

သြဂုတ် ၁၈ ရက် တွင် UPWC၊NCCT နှင့် နိုင်ငံရေး ပါတီ ၄၃ပါတီတို့ အလွတ်သဘောလက် တွေ့ဆုံသွားမည်ဖြစ်သည်။

7Day Daily

No comments:

Post a Comment