address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, August 18, 2014

ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဆက်ရန်ရှိသေး



18.8.2014

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီ UPWC နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့အပစ်ရပ်ရေးဆိုင်ရာ ညှိနိုင်းရေးအဖွဲ့ NCCT အဖွဲ့တို့ရဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ညှိနိုင်းအစည်းအဝေး မနေ့က ပြီးဆုံးသွားခဲ့ပြီး၊ ဆက်လက်ဆွေးနွေးဖို့ အချက်သုံးချက်လောက်သာ ကျန်တော့တယ်လို့ NCCT အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက ပြောပါတယ်။

ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ သြဂုတ်လ ၁၅ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပခဲ့တဲ့ အဲ့ဒီဆွေးနွေးပွဲဟာ အစိုးရနဲ့ လက်နက်ကိုင်တိုင်းရင်းသားများ အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ်ထုတ်ပြန်နိုင်ရေးအတွက်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး NCCT အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက အခုလိုပြောပါတယ်။

"ကျနော်တို့ ကျန်နေတဲ့အချက်ကတော့ ဒီကြားကာလမှာ ကျနော်တို့ ဘယ်လိုနေရာချထားမလဲ၊ ဘယ်လိုနေထိုင်မလဲ ဆိုတဲ့ကိစ္စတစ်ခုရယ်၊ နောက် နိုင်ငံရေးဆွေးနွေးပွဲမှာ ဘယ်အစု၊ ဘယ်အဖွဲ့တွေ ပါဝင်တက်ရောက်ပြီးတော့မှ ဆွေးနွေးသွားမလဲဆိုတဲ့ ကိစ္စရယ်၊ နောက် အပစ်အခတ် ရပ်စဲရေးသဘောတူညီချက်ကို ဘယ်အဖွဲ့ကနေပြီးတော့မှ ဘယ်လို ဘယ်သူတွေက ပါဝင်လက်မှတ်ရေးထိုးမလဲဆိုတဲ့ အပိုင်းဒီလောက်ပဲ ကျန်ပါတယ်"

နှစ်ဖက်ကျန်နေသေးတဲ့ အသေးစိတ်အချက်အလက်တွေကို လာမယ့်စက်တင်ဘာလမှာ အပြီးသတ် ဆွေးနွေးသွားမှာဖြစ်ကြောင်း ၀န်ကြီးဦးအောင်မင်းနဲ့ ဦးနိုင်ဟံသာတို့က အစည်းအဝေးအပြီး ညနေပိုင်းမှာ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ကြပါတယ်။

သုံးရက်ကြာအစည်းအဝေးမှာ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စဲရေးစာချုပ်မူကြမ်းပါ ဆွေးနွေးချက် ၁ဝ၃ ချက်အနက် သြဂုတ်လ ၁၆ ရက်နေ့အထိ အချက် ၉၁ ချက်ကိုညှိနှိုင်းခဲ့ပြီး၊ ဆက်လက်ဆွေးနွေးရန် အချက် ၁ဝ ချက်ကို မနေ့က ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

ရှေ့လာမယ့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ဘယ်အဖွဲ့အစည်း၊ ဘယ်ပါတီတွေ ပါဝင်ကြမလဲ၊ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဘယ်နှစ်ဖွဲ့က လက်မှတ်ရေးထိုးမလဲ ဆိုတာတွေ ဆွေးနွေးကြမယ်လို့ သိရပါတယ်။

RFA

No comments:

Post a Comment