address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, August 18, 2014

မြ၀တီတွင် စိတ်ကြွဆေးအလုံး ၃သောင်းကျော် ဖမ်းဆီးရမိ




18.8.2014

ကရင်ပြည်နယ် မြ၀တီမြို့ အမှတ်(၄)ရပ်ကွက်၊ အလိုတော်ပြည့်(၁)လမ်းတွင် မြန်မာငွေကျပ် ၁၀၄,၅၈၀,၀၀၀တန်ဘိုးရှိ စိတ်ကြွ ဆေးအလုံးပေါင်း ၃၄၈၆၀ကို သြဂုတ်လ ၁၄ရက်နှင့် ၁၅ရက်နေ့များ၌ မူးယစ်ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရရှိခဲ့သည်ဟု သိရသည်။

“ကျနော်တို့က သတင်းအရ ၀င်ရောက်ဖမ်းဆီးတာပါ။ ဖမ်းဆီးရမိတဲ့သူတွေကိုတော့ မြို့မရဲစခန်းမှာ အမှုဖွင့်ထားတုန်းပဲ ရှိပါသေး တယ်”ဟု အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးက ကေအိုင်စီသို့ အတည်ပြုပြောဆိုသည်။

မြ၀တီခရိုင်နှင့် မြို့နယ်မူးယစ်ရဲတပ်ဖွဲ့ဝင်များက ပူးပေါင်းကာ သြဂုတ်လ ၁၄ရက်နေ့က မြ၀တီမြို့ရှိ အဆိုပါလိပ်စာ၌ နေထိုင်သူ မခိုင် ၄၅နှစ်၏နေအိမ်သို့ ၀င်ရောက်ရှာဖွေဖမ်းဆီးရာ ငွေကျပ် ၄၂,၀၀၀,၀၀၀ရှိ ဆေးအလုံးပေါင်း ၁၄၀၀၀လုံးကို ဖမ်းဆီးရမိခဲ့ သည်။

အလားတူ သြဂုတ်လ ၁၅ရက်နေ့တွင် ယာဉ်မောင်းအောင်မြဝင်းနှင့် အကူ အောင်ခန့်မော် အပါအ၀င် ၅ဦး စီးနင်းလာသော 7b 4632 နံပါတ်ပါကားကို ရှာဖွေရာတွင် မြန်မာကျပ်ငွေ ၆၂,၅၈၀,၀၀၀တန်ဘိုးရှိ စိတ်ကြွဆေးပြား ၂၀,၈၆၀ပြားကို မြ၀တီမြို့၌ပင် ထပ်မံ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

မြ၀တီမြို့တွင် နှစ်ရက်တာအတွင်း စိတ်ကြွဆေးအလုံး သောင်းနှင့်ချီ၍ ဖမ်းဆီးရမိခြင်းအပေါ် မြ၀တီမြို့၊ အမှတ်(၄)ရပ်ကွက်နေ မြို့ခံတစ်ဦးက “ဘာပဲဖြစ်ဖြစ် ဖမ်းဆီးတာကောင်းပါတယ်ဗျာ။ သုံးစွဲနေတဲ့သူတွေထက်ကို အနောက်ကနေ အချီကြီးလုပ်နေတဲ့သူ တွေကို ဖမ်းမိရင်တော့ ပိုတောင်ကောင်းပါတယ်။ အခုချိန်ထိတော့ အဲလို ကြီးကြီးကျယ်ကျယ် ရောင်းဝယ်နေတဲ့သူတွေကို ဖမ်း မိတာ သိပ်မတွေ့ရသလောက်ပါပဲ”ဟု ကေအိုင်စီသို့ ပြောသည်။

ယင်းသို့ မြ၀တီတွင် မူးယစ်ဆေးပြား ဖမ်းဆီးရာ၌ ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေရှိ ကရင်အမျိုးသားရဲတပ် ဖွဲ့ကလည်း ပူးပေါင်းကူညီဆောင်ရွက်သည်ဟု ကြားသိရသော်လည်း ၎င်းကရင်ရဲတပ်ဖွဲ့ တာဝန်ရှိသူများထံ ကေအိုင်စီက ဖုန်း ဖြင့် ဆက်သွယ်သော်လည်း ဆက်သွယ်မှုမရရှိခဲ့ပေ။

ကေအိုင်စီ

No comments:

Post a Comment