address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, August 6, 2014

စက်တင်ဘာလ တွင်စတင်ရောင်း ပေးမည့် တယ်လီနော ဆင်းမ်ကတ် ၁၀ သန်း အဆင်သင့် ဖြစ်မည် ဟုဆို




6.8.2014

ပြည်ပဆက်သွယ် ရေးအော်ပရေတာ တစ်ခုဖြစ်သည့် တယ်လီနောက စက်တင်ဘာလ အတွင်း ဆင်းမ်ကတ် များ စတင်ရောင်းချ ပေးသွားမည်ဖြစ်သည် ဟု တယ်လီနောမြန်မာ ၏ ပြန်ကြားရေး တာဝန်ခံ ကိုစိုးသူထွန်း က မဇ္ဈိမ၏ ဆက်သွယ်မေး မြန်းမှုကို ဖြေကြားခဲ့သည်။

ကိုစိုးသူထွန်းက “တယ်လီနော အနေနဲ့ စက်တင်ဘာလမှာ စတင်ပြီး ၀န်ဆောင်မှုပေး သွားပါမယ်။ ၀န် ဆောင်မှု စတင်တဲ့ အချိန်မှာ ရောင်းချဖို့ ဆင်းမ်ကတ် ၁၀ သန်းနဲ့ တာဝါတိုင် အင်အား ၈၀၀ အထိ အသင့် ဖြစ်နေပါပြီ”ဟု ဆိုသည်။

တယ်လီနောက စတင်ဝန်ဆောင်မှု ပေးမည့်အချိန် တွင် 2G နှင့် 3G ကွန်ရက်များ တွင် အသုံးပြုနိုင်ရန် ဆောင်ရွက်ထား မည်ဖြစ်ပြီး အသုံးပြုသူ များအတွက် ဈေးနှုန်းသက် သာသည့် ဟန်းဆက်များဖြင့် အသုံး ပြုနိုင်ရန် 2G ကွန်ရက်ကို ၀န်ဆောင်မှုပေး ခြင်းဖြစ်သည်ဟု ကိုစိုးသူထွန်းက ဆိုသည်။

၎င်းက “ 2G ဟန်းဆက်တွေက ဈေးသက်သာ တဲ့အတွက် အလွယ်တ ကူဝယ်ပြီး သုံးနိုင်အောင်နဲ့ လက်ရှိ အသုံးပြုနေတဲ့ ဟန်းဆက် တွေနဲ့ပဲ သုံးနိုင်အောင် 2G ကို ၀န်ဆောင်မှုပေး တာဖြစ်ပါတယ်”ဟု ဆိုသည်။

မြန်မာနိုင်ငံ တွင် 4G ကွန်ရက်အသုံး ပြု မှု ပိုမိုတွင်ကျယ်ပြီး လိုအပ်လာချိန်တွင်မှ တယ်လီနော အနေဖြင့် 4G ကွန်ရက် ၀န်ဆောင်မှုကို စတင်သွား မည်ဟု ကိုစိုးသူထွန်းက ပြောသည်။ စက်တင်ဘာလတွင် စတင် ၀န်ဆောင်မှုပေးမည့် အစီအစဉ်တွင် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်အနီး တစ်ဝိုက်ဒေသများ သို့ဦးစွာချ ထားပေးမည် ဖြစ်သည်ဟု ၎င်းက ဆိုသည်။

အင်တာနက် အသုံးပြုနိုင်မှု နှင့်ပတ်သက်ပြီး ကိုစိုးသူထွန်းက " 2G မှာဆိုရင် 150 KB ကနေ 250 KB အတွင်း မြန်နှုန်းရှိမှာပါ။ 3G မှာတော့ ပုံသေနည်း အရဆိုရင်7.2 MB ရှိမှာ ဖြစ်ပါတယ်။ အသုံးပြုမှု အရမ်း များရင်တော့ နည်းနည်းကျ တာဖြစ်နိုင်ပါတယ်”ဟု ဆိုသည်။

တယ်လီနော အနေဖြင့် ၎င်းတို့၏ အင်တာနက် ၀န်ဆောင်မှုမှ Wikipedia သို့ ၀င်ရောက်ကြည့် ရှုမှုအတွက် အခမဲ့ဖြစ်စေရန် ဆောင်ရွက်ပေး ထားမည် ဖြစ်သည်။ ဖုန်းခေါ် ဆိုမှုအတွက် တစ်မိနစ်ဝန် ဆောင်ခကို တယ်လီနောမှ မည်သည့် အော်ပရေတာကို ခေါ်ဆိုသည် ဖြစ်စေ တစ်မိနစ် ၂၅ ကျပ်ထက် မပိုသည့် ပမာန ကိုသာ ကောက်ခံသွားမည်ဟု ကိုစိုးသူထွန်းက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင်လ ကုန်မှစ၍ ပြည်ပဆက်သွယ်ရေး အော်ပရေတာ အူရီးဒူးက မိုဘိုင်းဆင်းမ်ကတ်များ စတင်ရောင်း ချပေးနေပြီး မိုဘိုင်းဖုန်း ခေါ်ဆိုခများမှာ အူရီးဒူး အချင်းချင်း တစ်မိနစ် ၂၅ ကျပ်နှင့် အခြား အော်ပရေတာ များသို့ တစ်မိနစ် ၃၅ ကျပ်ဖြင့် ကောက်ခံမည်ဟု သတင်းထုတ် ပြန်ထားသည်။

မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းကမူ ဂျပန်ကုမ္ပဏီ များနှင့် ပူးပေါင်းထားပြီး အော်ပရေ တာလိုင်စင် လျှောက် ထားရန် ပြင်ဆင်နေပြီဖြစ်သည်။

မဇ္ဈိမ

No comments:

Post a Comment