address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, April 2, 2014

MH370 နောက်ဆုံးပြောဆိုမှု မှတ်တမ်း အပြည့်အစုံကို မလေးရှားထုတ်ပြန်




2.4.2014

မလေးရှားလေယာဉ် ရေဒါပေါ်က မပျောက်ဆုံးခင် အချိန်အထိ မြေပြင်နဲ့ ပြောဆိုမှု လုပ်ခဲ့တဲ့ ဆက်သွယ် ရေး မှတ်တမ်း အပြည့်အစုံကို မလေးရှား အာဏာပိုင်တွေက ထုတ်ပြန် ပေးလိုက်ပါတယ်။

အပူချိန်ကြီး၍ အပူရှပ် (Heat Stroke) အသက်သေဆုံးသည့် ဖြစ်စဉ်အချို့ရှိလာ




2.4.2014

မြန်မာနိုင်ငံ၏ နွေရာသီကာလတွင် မတ်လဆန်းမှစ၍ အပူချိန်တဖြည်းဖြည်း မြင့်တက်လာပြီး လက်ရှိကာလတွင် အပူချိန်အမြင့်ဆုံးမှာ ၄၄ ဒီဂရီစင်တီဂရိတ်အထိရှိပြီး အပူရှပ်ခြင်းကြောင့် အသက်သေဆုံးသည့် ဖြစ်စဉ်အချို့လည်း ရှိနေပြီဖြစ်ကြောင်း သိရသည်။

ရွှေ့ပြောင်းလုပ်သားများထံမှ ထိုင်းအစိုးရ အာမခံကြေး ဘတ် ၁၀၀၀ စီကောက်ခံ




2.4.2014

ထိုင်းနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ အိမ်ပြန်စရိတ် အာမခံ ကြေးတဦးကို ဘတ် ၁ ထောင်စီ ပေးဆောင်ရမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာ ထားပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲ၌် အက်ဖ်ယူပီ ရန်ကုန်၊ မန္တလေးတွင် အဓိက ပြိုင်မည်


2.4.2014

တိုင်းရင်းသားပါတီ ၁၅ ပါတီ ပူးပေါင်းဖွဲ့စည်းထားသည့် ဖက်ဒရယ်ပြည်ထောင်စုပါတီ(FUP)သည်၂၀၁၄ ပွင့်လင်းရာသီတွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ရန်ကုန်နှင့် မန္တလေးရှိ မဲဆန္ဒနယ်ငါးနေရာ၌ အဓိက ၀င်ရောက်ယှဉ်ပြိုင်ရန် ကနဦးဆုံးဖြတ်ခဲ့သည်ဟု ဖက်ဒရယ်ပြည်ထောင်စုပါတီဥက္ကဋ္ဌ ဒေါက်တာ ဂင်ဂျန်ဒါးက ဧပြီလ ၁ ရက်တွင် မဇ္ဈိမကို ပြောသည်။ 

သံလွင်မြစ်လက်တက်ပေါ်မှ ရေကာတာစီမံကိန်းကြောင့် ငြိမ်းချမ်းရေးထိခိုက်နိုင်



2.4.2014

ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်တွင်း စီးဆင်းသွားတဲ့ သံလွင်မြစ်လက်တက် နမ့်မမြစ်ပေါ်မှာ အစိုးရနဲ့ အကျိုးတူ နိုင်ငံခြားကုမ္ပဏီတွေက ရေကာတာ ၂ ခုဆောက်လုပ်ဖို့ အရှိန်မြှင့် ဆောင်ရွက်နေတာမှာ ဒါဟာ လက်ရှိအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ကြား ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းကို ထိခိုက်စေတယ်လို့ ပြင်တွင်းပြည်ပ ရှမ်းလူမှုအခြေပြု အဖွဲ့အစည်းတွေက ပြောကြားလိုက်ပါတယ်။

နယ်စပ်ဝေါ်လေဒေသတွင် ရွာသားအများစု သန်းခေါင်စာရင်းကို နားမလည်ကြ




2.4.2014

မြန်မာနိုင်ငံတွင် မတ်လကုန်ပိုင်းမှ ယနေ့အထိ ကောက်ခံလျှက်ရှိသော ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံမှုအပေါ် ကရင်ပြည်နယ်၊ မြ၀တီမြို့နယ် ဝေါ်လေဒေသရှိ ကျေးရွာတစ်ချို့မှ ဒေသခံအများစုမှာ ရှင်းရှင်းလင်းလင်း နားမလည်ကြကြောင်း ပြောဆိုနေကြသည်။

တိုင်းဒေသကြီးအစိုးရ၏ ကန့်ကွက်မှုကြောင့် လမ်းခုလတ်တွင် သမီးလေးကျေးရွာမှ ဒေသခံများ တားဆီးခံရ




2.4.2014

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ D.K.B.A ၏ ထိမ်းချုပ်နယ်မြေဒေသတွင် မြေနေရာအစားပြန်ပေးရန် သမီးလေးကျေးရွာမှဖယ်ရှားခံ ရွာသူရွာသားများအား ခေါ်ဆောင်ခဲ့သော်လည်း သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရ၏ ကန့်ကွက်မှုကြောင့် လမ်းခုလတ်တွင် တားဆီးခံရလျက်ရှိကြောင်း D.K.B.A မှ တာဝန်ရှိသူတစ်ဦးက ယနေ့ နေ့လယ်တွင် ပြောသည်။

ထိုင်းအစိုးရ ဆန့်ကျင်တဲ့ ဆန္ဒပြသမားတွေကို သေနတ်ပစ်ခတ်မှုကြောင့် နိုင်ငံရေးတင်းမာမှု မြင့်တက်




2.4.2014

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြသမားတယောက် သေဆုံးပြီး ၄ ယောက် ဒဏ်ရာရတဲ့ သေနတ်ပစ်ခတ်မှုကြောင့် နိုင်ငံရေးတင်းမာမှုတွေ ပိုဆိုးသွားမှာကို စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။

Tuesday, April 1, 2014

ရခိုင်တွင် ဘင်္ဂါလီများ သန်ခေါင်စာရင်း အကောက်မခံဘဲ နှစ်ရက်ဆက်တိုက် ဆန္ဒပြ



1.4.2014

သန်ခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်သွင်းခွင့် မရသဖြင့် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများ သန်ခေါင်စာရင်း အကောက်မခံဘဲ နှစ်ရက်ဆက်တိုက် ဆန္ဒပြနေကြောင်း စာရင်းကောက်များနှင့် ဒေသခံများထံမှ သိရှိရသည်။

KIO.ထိန်းချုပ်နယ်မြေတွေမှာ သန်းခေါင်စာရင်း မကောက်နိုင်




1.4.2014

မတ်လ ၃၀ ရက် ဒီကနေ့ကစပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ သန်းခေါင်စာ ရင်းကောက်ယူနေပြီ ဖြစ်ပေမယ့် ကချင်ပြည်နယ်ထဲမှာတော့ ကေအိုင်အိုထိန်းချုပ်နယ်မြေတွေမှာ သန်းခေါင်စာရင်း ကောက်ယူနိုင်ခြင်း မရှိပါဘူး။

အပစ်ရပ်မူကြမ်း ဆွေးနွေးပွဲ တိုင်းရင်းသား လက်နက်ကိုင် ၁၆ ဖွဲ့ တက်မည်




1.4.2014

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ ကိုယ်စားပြု အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ ဧပြီလဆန်းတွင် ထပ်မံပြုလုပ်မည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်း ဆွေးနွေးပွဲသို့ တိုင်းရင်းသား လက်နက်ကိုင် ၁၆ ဖွဲ့ ပါဝင် တက်ရောက်မည် ဖြစ်ကြောင်း မြန်မာငြိမ်းချမ်းရေး စင်တာမှ အကြီးတန်း အကြံပေးတစ်ဦးက ပြောကြားသည်။

မြေနေရာ၊ အိမ်ဆောက်ပစ္စည်းနှင့် အလုပ်အကိုင်အာမခံချက်ပေးမည့် DKBA နောက်သို့ ဖယ်ရှားခံ သမီးကလေးကျေးရွာသားများအပါအ၀င် အခြားကျေးရွာများမှ လူ ၃၀၀ နီးပါး ယနေ့လိုက်မည်




1.4.2014

တပ်မြေဧရိယာအတွင်း ပါဝင်သည်ဟုဆိုကာ အင်အားသုံးဖယ်ရှားခံရသည့် သမီးကလေးကျေးရွာသားများသည် အစားပြန်လည်ချပေးသော ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၂၀ ရှိ ၀ါးယားကုန်းကျေးရွာအတွင်းရှိ မြေကွက်များကို အမည်ပေါက်မပေးသဖြင့် ငြင်းပယ်ခဲ့ကြပြီး မြေနေရာ၊ အိမ်ဆောက်ပစ္စည်းနှင့် အလုပ်အကိုင်အာမခံချက်ပေးမည့် DKBA နောက်သို့ ယနေ့(ဧပြီ ၁ ရက်)တွင် လိုက်မည်ဖြစ်ကြောင်း သိရသည်။

အဂတိလိုက်စားမှုအတွက် ယင်းလပ် ထွက်ဆိုမှုမပြုမီ ထိုင်းပါလီမန် ရွေးကောက်ပွဲ ပြုလုပ်




1.4.2014

ထိုင်းနိုင်ငံတွင် အိမ်စောင့်အစိုးရ ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်ထရာ ဆန်စပါး အစီအစဉ်နှင့် ပတ်သက်သော စွဲချက်များအတွက် စစ်ဆေးမှု မခံယူမီ တနင်္ဂနွေနေ့က ပါလီမန်လွှတ်တော် ရွေးကောက်ပွဲ ကျင်းပ ပြုလုပ်ခဲ့ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။ထိုင်းပါလီမန် လွှတ်တော်တွင် အမတ်နေရာ ၁၅၀ ရှိသည့်အနက် ထက်ဝက်ကျော်ခန့် နေရာအတွက် မဲဆန္ဒရှင်များက မဲပေးရခြင်း ဖြစ် ပြီး ဖေဖော်ဝါရီလ ၂ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲကိုမူ ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးက တရားမဝင်တော့ကြောင်း ကြေညာပြီး တစ်ပတ်ကျော်ခန့် အကြာတွင် ကျင်းပ ပြုလုပ်ခြင်းလည်း ဖြစ်သည်။

ကရင်ပြည်နယ်တွင် သန်းခေါင်စာရင်း ကောက်ယူပြီ




1.4.2014

ကရင်ပြည်နယ်တွင် မတ်လ ၂၉ရက်နေ့မှ စတင်ကာ လူမှုအဖွဲ့အစည်းများနှင့် အိမ်ထောင်စုများကို သန်းခေါင်စာရင်း ကောက် ကွက်တိုင်း၌ စာရင်းကောက်ဆရာမများက ပြည်လုံးကျွတ် သန်းခေါင်စာရင်း စတင်ကောက်ယူနေပြီဖြစ်ကြောင်း ယင်းစာရင်း ကောက်ဆရာမများက ပြောဆိုသည်။

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးပါက ပြန်လည်နေရာချထားပေးရန် လူဦးရေကိုးသိန်းကျော်ရှိ


1.4.2014

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအ ကြား အပစ်အခတ်ရပ်စဲရေးအ တွက် ငြိမ်းချမ်းရေးလက်မှတ်ရေး ထိုးနိုင်မည်ဆိုပါက ပြည်ပတွင် ရောက်ရှိနေသော တိုင်းရင်းသား လက်နက်ကိုင်များ၊၄င်းတို့နှင့်ဆက် နွှယ်၍ ထွက်ပြေးတိမ်းရှောင်နေ သော IDP များအပါအဝင် လူဦး ရေကိုးသိန်းကျော်ကို ပြန်လည် နေရာချထားပေးရန်လိုအပ်ကြောင်း သမ္မတရုံးပြည်ထောင်စုဝန်ကြီးဦး အောင်မင်းက ယခုလ ၂၉ရက် ညနေပိုင်းတွင် ရွှေလီလမ်းရှိမြန်မာ့ ငြိမ်းချမ်းရေးစင်တာ (MPC) ၌ နိုင်ငံရေးပါတီများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

အပစ်ရပ်မူကြမ်း စည်းဝေးပွဲ UWSA တက်မည်




1.4.2014

ရန်ကုန်မြို့ MPC ရုံးမှာ ကျင်းပမယ့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး မူကြမ်းရေးဆွဲရေး အစည်း အဝေးကို တက်ရောက်ဖို့ ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA အဖွဲ့ ခေါင်းဆောင်တွေ ဆုံးဖြတ် လိုက်ကြောင်း သိရပါတယ်။

စစ်ပြေးဒုက္ခသည်စခန်းတွေမှာ သန်းခေါင်စာရင်း မကောက်ယူ



1.4.2014

ကယားပြည်နယ်အစိုးရက ထိုင်း-မြန်မာနယ်စပ် ကရင်နီစစ်ပြေး ဒုက္ခသည်စခန်းတွေမှာ သန်းခေါင်စာရင်း ကောက်ခံနိုင်ဖို့အတွက် ကမ်းလှမ်းခဲ့တာမရှိတဲ့အတွက် အဲဒီ စစ်ပြေးဒုက္ခသည်စခန်းတွေမှာ သန်းခေါင်စာရင်း မကောက်ယူနိုင်ဘူးလို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ဒုတိယဥက္ကဌက ပြောပါတယ်။

လယ်တီသိမ် ရွှေ့ဆိုင်းမည့်ရက် သတ်မှတ်ရခြင်း မရှိသေးဟု တိုင်းဒေသကြီး သာသနာရေးဝန်ကြီး ပြောကြား




1.4.2014

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်း ကျရောက်နေသည့် လယ်တီဆရာတော်ဘုရားကြီး သီတင်းသုံးခဲ့သည့် ကျောင်းနှင့် စေတီတို့ကို သိမ်နုတ်ပြီး ဖြစ်သော်လည်း ဆရာတော်ကြီးများ၏ သြဝါဒ ခံယူပြီးမှသာ ရွှေ့ပြောင်းမည် ဖြစ်၍ ပြောင်းရွှေ့မည့်ရက် သတ်မှတ်ရခြင်း မရှိသေးကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဘဏ္ဍာရေးနှင့် သာသနာရေး ဝန်ကြီး ဦးတင်ဝင်းက ပြောကြားသည်။

ပလောင်လွတ်မြောက်ရေးတပ်ကြောင့် လားရှိုးသို့ လီဆူး တိုင်းရင်းသားများ ရွှေ့ပြောင်းမှု များပြားလာ




1.4.2014

ဒေသခံပြည်သူများအား တစ်အိမ်တစ်ယောက်နှုန်းဖြင့် တပ်သားသစ်များ စုဆောင်းနေသော ပလောင်လွှတ်မြောက်ရေး တပ်မတော်(PNLO)၏ အမိန့်ကိုကြောက်ရွံ့ပြီး ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွင်ရှိသော နမ့်စမ်မြို့နယ် တာလတ်ကျေးရွာမှ လီဆူးတိုင်းရင်းသား မိသားစုများသည် လားရှိုးမြို့နယ်အတွင်းသို့ ပြောင်းရွေ့ထွက်ပြေးလာကြပြီး မိသားစုဝင်များ တဖြည်းဖြည်းများပြားလာလျှက်ရှိကြောင်း သိရှိရသည်။

သန်းခေါင်စာရင်းကောက်ပြီးသည့် နေအိမ်များကို အမှတ်အသား လုပ်ထား



1.4.2014

ကရင်ပြည်နယ်၊ ဖားအံမြို့တွင် သန်းခေါင်စာရင်း ကောက်ယူပြီးစီးသွားသည့် အိမ်များကို အထောက်အထား စတစ်ကာ (အမှတ် အသား)ဖြင့် ကပ်ထားကြောင်း ဖားအံမြို့၊ အမှတ်(၅)ရပ်ကွက် သန်းခေါင်စာရင်း အထောက်အကူပြုအဖွဲ့မှ ခွန်ထွန်းအောင်က ကေအိုင်စီသို့ ပြောသည်။