2.4.2014
ယခုလက်ရှိတွင် သမီးလေး ကျေးရွာမှဒေသခံများခေါ်ဆောင်ရာတွ င် မွန်ပြည်နယ်စပ် ဒုတ်ခမီဒချောင်းပေါ်တွင် ရောက်ရှိနေပြီး ယင်းချောင်း၏ တံတားထိပ်၌ ရဲများကတားဆီးထားခြင်းဖြစ်ကြောင်း အဆိုပါတာဝန်ရှိသူက ပြောသည်။
“ရဲတွေက တားဆီးထားတာပါ အခု သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ညှိ နှိုင်းနေပါတယ်”ဟု ၎င်းက ဆက်လက် ပြောသည်။
တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့ D.K.B.Aသည် သမီးလေးကျေးရွာမှ ရွာသူရွာသားများအား ဖေဖော်ဝါရီလ ထဲက ခေါ်ဆောင်နေခဲ့ခြင်းဖြစ်ပြီး ဒေသခံများ၏ အစိုးရအပေါ် မျှော်လင့်ချက်ထားနေခြင်းကြောင့် သာ ယခုအချိန်မှခေါ်ခဲ့ခြင်းဖြစ်ကြော င်းကိုလည်း သိရသည်။
၎င်းတို့ ထိန်းချုပ်နယ်မြေတွင်း ခေါ်ဆောင်ခြင်းနှင့် ပတ်သက်၍ “ အစိုးရက သမီးလေးကျေးရွှာ ပြည်သူကို ကျူးကျော်ဆိုပြီး အိမ်တွေကို ဖျက်ဆီးတာမဖြစ်သင့်ဘူး ကိုယ်ချင်းစာစိတ်ထားသင့်တယ်။ နောက်နောင် ဒီလိုဖြစ်ရပ်မျိုး မဖြစ်ပေါ်ဖို့ လုပ်ဆောင်ရန်လိုအပ်တယ်။ ကျွန်တော်တို့ ကိုယ်ချင်းစာနာတဲ့စိတ်နဲ့ကူညီတာ ပါ”ဟု ဗိုလ်မှူးစောအောင်ကိုကိုက ပြောဆိုသည်။
အစိုးရမှ ဖယ်ရှားခံရသော သမီးလေးကျေးရွာဒေသခံများအား မြေနေရာအစားပြန်ပေးမည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း အစိုးရက ပြန်လည်နေရာချထားမှုမရှိခြင်း၊ ပြည်ခိုင်ဖြိုးပါတီ က ပြန်လည်နေရာချထားပေးသော်လည်း နေရာချပေးသည့်နေရာသည် နေရာအဆင်မပြေဖြစ်ခြင်းတို့ကြောင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့  D.K.B.A ခေါ်ဆောင်ရာသို့လိုက်သွားခြင်းဖြ စ်ကြောင်းကိုလည်းသိရသည်။
မြန်မာ့ခေတ်
No comments:
Post a Comment