1.4.2014
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအ ကြား အပစ်အခတ်ရပ်စဲရေးအ တွက် ငြိမ်းချမ်းရေးလက်မှတ်ရေး ထိုးနိုင်မည်ဆိုပါက ပြည်ပတွင် ရောက်ရှိနေသော တိုင်းရင်းသား လက်နက်ကိုင်များ၊၄င်းတို့နှင့်ဆ က် နွှယ်၍ ထွက်ပြေးတိမ်းရှောင်နေ သော IDP များအပါအဝင် လူဦး ရေကိုးသိန်းကျော်ကို ပြန်လည် နေရာချထားပေးရန်လိုအပ်ကြောင်း သမ္မတရုံးပြည်ထောင်စုဝန်ကြီးဦး အောင်မင်းက ယခုလ ၂၉ရက် ညနေပိုင်းတွင် ရွှေလီလမ်းရှိမြန်မာ့ ငြိမ်းချမ်းရေးစင်တာ (MPC) ၌ နိုင်ငံရေးပါတီများနှင့်တွေ့ဆုံ စဉ် ပြောကြားခဲ့သည်။
ပြည်ပတွင်ရောက်ရှိနေသော တိုင်းရင်းသားလက်နက်ကိုင်များ မှာ တစ်သိန်းဝန်းကျင်ရှိပြီး တိုက် ပွဲများကြောင့် ထွက်ပြေးတိမ်း ရှောင်နေသော IDP များမှ ပြည်ပ တွင်လေးသိန်းခြောက်သောင်းကျော် နှင့် နယ်စပ်ဒေသတွင် Refugee Camp (၁၁)ခု၌ရှိသော ဒုက္ခသည် သုံးသိန်းခွဲအပါအဝင် ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးပြီးပါက ဝင်ရောက် လာမည့် စုစုပေါင်းလူဦးရေ ကိုး သိန်းကျော်ရှိကြောင်းသိရသည်။
''လက်နက်နဲ့ငြိမ်းချမ်းရေးလဲ ပြီးတာနဲ့ ပြန်ဝင်လာမယ့်သူတွေ ကို ပြန်လည်နေရာချထားပေးဖို့ စစ်တပ်ထဲမှာ စာသင်ကျောင်း၊ Custom စတဲ့နေရာတွေမှာ ပြန် ထည့်ပေးရမယ်။ နယ်မြေဖွံ့ဖြိုးဖို့ လုပ်ပေးရမယ်။ မိုင်းတွေရှာပေးရ မယ်။ အိမ်တွေပြန်ဆောက်ပေးရ မယ်။ ကျန်းမာရေး၊ ရိက္ခာအားလုံး စီစဉ်ပေးရမယ်။ အလုပ်အကိုင် အတွက်ပြန်ရှာပေးရမယ်''ဟု
ပြည် ထောင်စုဝန်ကြီးဦးအောင်မင်းက ဆိုသည်။
လက်နက်ကိုင်တိုင်းရင်းသား များမှာ ဥပဒေ၏ပြင်ပတွင်ရောက် ရှိနေခြင်းကြောင့် ဥပဒေမလိုက် နာမှုများကိုလည်း နားလည်ပေးရန် လိုအပ်ကြောင်း၊ ငြိမ်းချမ်းရေးလက် မှတ်ရေးထိုးပြီးပါက ၄င်းတို့အား သင်တန်းများပို့ချခြင်း၊ လိုအပ်မှု များကို ပြန်လည်ဖြေရှင်းနိုင်မှသာ စစ်မှန်သောငြိမ်းချမ်းရေးရရှိမည် ဖြစ်ပြီး အထက်ပါအချက်များကို သက်ဆိုင်ရာအစိုးရအဖွဲ့အနေဖြင့် ဆောင်ရွက်နိုင်ခြင်းမရှိပါက လက် နက်ကိုင်တိုင်းရင်းသားများအနေ ဖြင့် လက်နက်ကိုင်သောင်းကျန်းမှု သံသရာအတွင်းသို့ပြန်လည်ရောက် ရှိနိုင်ကြောင်းဝန်ကြီးက
ဆက်လက် ပြောကြားသည်။
The Union Daily
No comments:
Post a Comment