address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Friday, June 6, 2014

မြန်မာ-ဘင်္ဂလားဒေ့်ရှ် နယ်စပ်တွင် အလံတင်ဆွေးနွေးပွဲ ပြန်လုပ်


 မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် တပ်မှူးအဆင့် အလံ တင်ဆွေးနွေးပွဲကို ဇွန်လ ၅ ရက် က ကျင်းပရာ နယ်စပ်ဒေသတွင် သောင်းကျန်သူများ ရှိနေသည့် ကိစ္စကို မြန်မာဘက်မှ အဓိက ဆွေးနွေးခဲ့ကြောင်း သတင်း ရရှိသည်။


ယခုအလံတင်ဆွေးနွေးပွဲမှာ မကြာသေးမီက ဖြစ်ပွားခဲ့သော နယ်စပ်တင်းမာမှုများအပြီး ပထ မဆုံးအကြိမ်ပြန်လည်ပြုလုပ်ခဲ့ ခြင်းလည်းဖြစ်သည်။

မောင်တောမြို့တွင် ဇွန်လ ၅ ရက် နံနက် ၁၀ နာရီခွဲမှ စတင် ပြုလုပ်ခဲ့သော မြန်မာ-ဘင်္ဂလား ဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ အလံ တင်ဆွေးနွေးပွဲ၌ အထက်ပါ အချက်ကို ထည့်သွင်းဆွေးနွေးခဲ့ ကြောင်း အမှတ် (၁) နယ်ခြား စောင့်ရဲတပ်ရင်းမှ ဒုတိယရဲမှူး ကြီးအဆင့်ရှိ အရာရှိတစ်ဦးက ပြောသည်။

‘‘နှစ်နိုင်ငံနယ်စပ်ကိစ္စတွေ ဆွေးနွေးတာ ကျွန်တော်တို့ ဘက် က နယ်စပ်မှာ သောင်းကျန်သူတွေရှိတဲ့ကိစ္စကို ဆွေးနွေးတယ်။ အခု တော့ ဒီလောက်ပဲပြောနိုင်ပါသေး တယ်’’ဟု အထက်ပါပုဂ္ဂိုလ်ကဆို သည်။

အလံတင်ဆွေးနွေးပွဲတွင် ဘင်္ဂလားဒေ့ရှ်ဘက်က မကြာသေးမီက ၎င်းတို့နယ်ခြားစောင့်တပ် ဖွဲ့မှ ကင်းလှည့်အဖွဲ့ တိုက်ခိုက်ခံရမှု၊ အဖွဲ့ဝင်တစ်ဦးသေဆုံးခဲ့မှု၊ ၎င်းတပ်ဖွဲ့ဝင်၏ လက်နက်ခဲ ယမ်းများကို မြန်မာဘက်မှ ပြန် အပ်နှံရန်နှင့် တရားမ၀င်နယ်စပ် ဖြတ်ကျော်မှုများကို ထိန်းချုပ်ရန် စသည့် အချက်များကို ဆွေးနွေး  သွားမည်ဖြစ်ကြောင်း ဘင်္ဂလား ဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့သ တင်းရင်းမြစ်များကို ကိုးကား၍ ဇွန်လ ၅ ရက်က ဘင်္ဂလားဒေ့ရှ် အခြေစိုက်သတင်းစာ The Daily Star အင်တာနက်သတင်းစာမျက် နှာတွင် ရေးသားဖော်ပြထား သည်။

အလံတင်ဆွေးနွေးပွဲသို့ မြန်မာဘက်မှ နယ်ခြားစောင့်ရဲ တပ်ဖွဲ့ကွပ်ကဲရေးမှူးရဲမှူးချုပ် တင်ကိုကိုဦးဆောင်တက်ရောက် ပြီး ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့် တပ်ဖွဲ့မှ တပ်မှူးအဆင့်ရှိသူ လေးဦးအပါအ၀င် ကိုယ်စား လှယ် ၂၃ ဦးတက်ရောက်ခဲ့ ကြောင်း ဒေသတွင်း သတင်းရင်း မြစ်များကပြောသည်။

ပြီးခဲ့သည့် မေလ ၂၈ ရက် ကနယ်စပ်ခြံစည်းရိုးအနီးသို့ ခိုး ၀င်လာသော ဘင်္ဂလားဒေ့ရှ် ဘက်မှ အ၀ါရောင် ယူနီဖောင်း  ၀တ်လက်နက်ကိုင်တစ်ဦး မြန်မာ ဘက်က ပစ်ခတ်မှုကြောင့် သေ ဆုံးခဲ့ပြီး လက်နက်ကိုပါ သိမ်း ဆည်းရမိခဲ့သည်။ ယင်းသေဆုံး သွားသူကို ဘင်္ဂလားဒေ့ရှ်ဘက်က ၎င်းတို့၏ နယ်ခြားစောင့်တပ်ဖွဲ့ဝင်ဟုပြောကြားခဲ့ပြီး မြန်မာဘက် ကမူ သေဆုံးသူ ယူနီဖောင်းတွင် တပ်ဖွဲ့အမှတ်တံဆိပ် မပါဝင်ခဲ့ သောကြောင့် နယ်ခြားစောင့်တပ်  ဖွဲ့ဝင်မဟုတ်ကြောင်း ငြင်းဆိုခဲ့ သည်။

ယင်းနောက်ပိုင်းတွင် နယ် စပ်တစ်လျှောက် နှစ်ဖက် အင် အားတိုးမြှင့်ခဲ့ပြီး အခြေအနေ တင်းမာနေခဲ့ခြင်းဖြစ်သည်။

7 Day

No comments:

Post a Comment