address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, June 23, 2014

ဆရာမ နော်စူစန်နာလှလှစိုးရဲ့ မိန့်ခွန်းလေးပါ

June 23, 2014

“ဇွန်လ (၂၂)ရက် နေ့၊ ၂၀၁၄ ခုနှစ် - သံလျင်မြို့သူရဲကောင်း ကျောက်တိုင်ကွင်း၊ ရန်ကုန်တောင်ပိုင်း ခရိုင်၊ အခြေခံဥပဒေပြင်ဆင်ရေး ဆိုင်ရာဟောပြောပွဲ တွင် နော်စူစဲနာလှလှစိုး အမျိုးသမီးငြိမ်းချမ်းရေး ရှေ့ဆောင်
ကွန်ရက် /ကရင်အမျိုးသမီး ဖွံ့ ဖြိုး ရေးအဖွဲ့ မှ ပြောခဲ့သောမိန့်ခွန်း”

မင်္ဂလာပါရှင် - အားလုံးကို လေးစားပါတယ်။ ဒီနေ့ ကျမတို့ ချီတက်ခဲ့ကြတယ်.ဒီနေ့မိုးသည်းထဲမှာ သူရဲ ကောင်း တွေရဲ့စုရပ်ကို အရောက်လာခဲ့ကြတယ်။ကျမတို့အားလုံးရဲ့ တစ်ခုတည်းသော ပန်းတိုင် က အခြေခံဥပဒေရေးဆွဲ ပြင်ဆင်ရေးဆိုတဲ့ မျှော်လင့်ချက်ပါပဲ။


အခုအချိန် မှာကျမတို့အချင်းချင်း တွေ့ရင် “ထမင်းစားပြီးပြီးလား”။“နေကောင်းလား”၊စသည်ဖြင့် မ မေး တော့ ပါဘူး။ အချင်းချင်းဘယ်လိုနုတ်ဆက်လဲဆို တော့ “(၄၃၆) ပြင်ဆင်ရေးလက်မှတ် ထိုးပြီးပြီ လား” “၄၃၆ကိုပြင်ဆင်ဖို့ ဘယ်မှာလက်မှတ်ထိုးလို့ရတယ်” စသည်ဖြင့် သတင်း ကောင်းတွေပေးကြ ပါ တယ်။ အဲဒါဟာဘာကို ဖော်ပြနေသလဲဆို တော့ ပြည်သူလူလူ တွေဟာဒီမိုကရေစီကို ဘယ်လောက် လိုချင်လဲ အပြောင်းအလဲကိုဘယ် လောက်တမ်းတနေသလဲဆိုတာ ဖော်ပြနေခြင်း ဖြစ်ပါတယ်။

ကျမဒီနေ့အခြေခံဥပဒေပြင်ဆင်ရေးကိုရူဒေါင့် ၂ ခုက နေပြောချင်ပါတယ်။

နံပါတ်(၁)၊ အမျိုးသမီး အခွင့်အရေးလှုပ်ရှားတက်ကြွသူတစ်ဦးအနေနဲ့ဒီအခြေခံဥပဒေဟာ တန်းတူညီမျှမှုမရှိဘူး၊အမျိုးသမီးတွေလုံခြုံရေးအတွက်အာမခံချက်မပေးထားဘူးဆိုတာပါဘဲ။ကျမတို့အမျိုးသမီးအဖွဲ့အစည်းတွေဟာအမျိုးသမီးတွေကိုကာကွယ်ကူညီစောင့်ရှောက်တဲ့အနေနဲ့အဓမ္မပြုကျင့်ခံ ရ တဲ့ အမျိုးသမီး တွေ၊အကြမ်းဖက်ခံရတဲ့ အမျိုးသမီး တွေကို တရားဥပဒေဘောင်အတွင်း ကကူညီပေးပါတယ်။

ခက်ခဲတယ် ဆိုပေမဲ့ တတ်နိုင် သလောက် ပြည်သူ့ ရဲ၊ ဥပဒေပညာရှင်တွေနဲ့ကူညီပေးပါတယ်။ဒါပေမဲ့တပ်မ တော်သား တွေ ကျူးလွန်တဲ့အမှုမျိုးဆိုရင်တော့ ဘယ်ရဲစခန်းမှ ၊ဘယ်တရားရုံးမှလက်ခံဆောင်ရွက်ပေးခြင်းမရှိပါဘူး။စစ်တပ် ဟာ သူ့ကိုယ်ပိုင်စီရင်ပိုင်ခွင့်ရှိတယ်။

သူဥပဒေရှိတယ်ဆိုပြီးအရပ်သားအုပ်ချုပ်ရေး၊ တရား စီရင်မှုအထက်မှာရှိနေတာကိုတွေ့ရပါတယ်။ အထူးသဖြင့် စစ်မက်ဖြစ်ပွားရာဒေသကတိုင်းရင်းသား တွေကိုကျူးလွန်ထားတဲ့အထောက်အထားခိုင်ခိုင်လုံလုံရှိပါရက်နဲ့ အရေးယူ ဆောင်ရွက်မှုကို ပွင့်လင်းမြင်သာမှု အပြည့်အ၀ မလုပ်ပေးနိုင်ပါဘူး။အဲ့ဒါအခြေခံဥပဒေရဲ့ အားနည်း ချက် တရပ် လို့ပဲမြင်ပါတယ်။

နံပါတ်(၂)ကရင်တိုင်းရင်သူရူထောင့်ကနေပြောချင်ပါတယ်။ဒီအခြေခံဥပဒေမှာတိုင်းရင်သားတွေရဲ့အခွင့်အရေး၊ဒီမိုကရေစီအနှစ်သာရငြိမ်းချမ်းရေးကိုအာမခံမှုဘာတစ်ခုမှမတွေ့ရပါဘူး။တိုင်းရင်းသားတွေ လိုလား တဲ့ ဖယ်ဒရယ်ဒီမိုကရေစီဆိုတာဝေလာဝေးပါပဲ။ကျမတို့နိုင်ငံဟာပြည်တွင်းစစ်အနှစ် (၆၀)ကျော် ခံပါပြီး
။ဒါဟာဂုဏ်ယူစရာမဟုတ်ပါဘူး။ ရှက်စရာပါ။

စားပွဲပေါ်မှာဖြေရှင်းလို့ရတဲ့နိုင်ငံရေးဆွေးနွေးပွဲ တွေမပြုလုပ်ပဲနဲ့လူမိုက်ဆန်ဆန်လက်နက်တွေနဲ့ တိုက်ခိုက်နေတာဟာယဉ်ကျေးမှုတဲ့လူ့အသိုင်းအ၀ိုင်း မှာဘယ်လိုမှ လက်ခံနိုင်စရာအကြောင်း မရှိပါဘူး၊ပြည်တွင်း စစ်ကြောင့် ပြည်သူတွေအသက်သွေးချွေးတွေပေးဆပ်ခဲ့ရတယ်။ ကျမတို့ကလေးတွေရဲ့ အနာဂတ်ပျက်စီးသွားခဲ့ရတယ်၊ အကျိုးအမြတ်ကဘာလဲ၊ လူတစ်မျိုးနဲ့တစ်မျိုးမုန်းတီးရေး
စိတ်တွေ မွေးမြူကြတယ် ၊ ဖွံ့ဖြိုးရေးတွေချွတ်ခြုံကျတယ်၊အဆင်းရဲဆုံးနိုင်ငံ၊ ဒုက္ခသည် အများဆုံး နိုင်ငံ ဖြစ်သွားတယ်။

အခုလည်းငြိမ်းချမ်းရေးလုပ်နေပါတယ်ဆိုတဲ့ဆွေးနွေးမှုအကြိမ်(၁၀၀)ကျော်သွားပါပြီ။ရလဒ်ကဘာလဲ။တိုင်းရင်သားတွေအားလုံးလက်နက်ချပြီးဥပဒေဘောင်တွင် ၀င်လာ၊ပါတီဖွဲ့၊မဲဆွယ်ရမယ်တဲ့၊ ဘယ်မှာလဲနိုင်ငံရေးဆွေးနွေးပွဲ၊ဘယ်မှာလဲဖယ်ဒရယ်၊ဘယ်မှလဲဒီမိုကရေစီစံနှုန်းတွေ၊ ဒါတွေက အခြေခံဥပဒေကအားလုံးဘောင်ကွတ်ထားပြီး တိုင်းရင်းသားတွေကိုအာဏာရှင်စနစ်အောက်ကို
ကြုံးသွင်းခြင်တာဘဲလို့ မြင်ပါတယ်။

ဒီလိုပုံစံနဲ့တော့ပြည်တွင်းစစ်ငြိမ်းချမ်းမှာမဟုတ်ဘူး။ဒါကြောင့် ကရင်အမျိုးသား အစည်း အရုံး၊ ဒုဥက္ကဌ နော်စီဖိုရာစိန်ရန်ကုန်လာစဉ်အခါတုန်းက ၈၈မျိုးဆက်ကျောင်းသးတွေနဲ့ကော ဒီမို
ကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတွေ့ပြီးတော့အခြေခံဥပဒေပြင်ဆင်ရေး လှုပ်ရှားမှု များကို သူမကထောက်ခံအားပေးသွားခဲ့ပါတယ်။

အခုနကအဆိုတော်သားဖြိုးသီဆိုသွားတဲ့ သီချင်း “သံလွင်ရဲ့မနက်ဖန်”ကိုနားထောင်ပြီး ရင်နာ ရ ပါတယ်။ သံလွင်မြစ် မှဆည်ကြီး (၆) ခုဆောက်ပြီးတိုင်းရင်းသားညီအကိုမောင်နှမ (၁၃) သန်း ဒုက္ခရောက်ရမဲ့အရေးကိုကြည့်မနေပါနဲ့လို သူကပြောသွားပါတယ်။ဒီလူငယ်လေး ဒီအနုပညာရှင် လေးတောင်မှဒီလိုစိုး ရိမ်ပူပန်တတ်သေးရင် တိုင်းပြည်အုပ်ချုပ် တဲ့အစိုးရမင်းများကတော့မစဉ်းစား ပေးတော့ဘူးလား။ ငြိမ်းချမ်းရေးကို အကြောင်းပြပြီးတိုင်းရင်းသားနေရာ ကိုအလုံးအရင်း ၀င်ပြီးရင်းနှီးမြုပ်နှံမှု၊မြေသိမ်းမှု၊ အဓမ္မမှုတွေကိုလုပ်ရတာလိပ်ပြာသန့်ပါရဲ့လား။ ဒါကိုငြိမ်းချမ်းရေး တည်ဆောက်တာဆိုရင် အတုအယောင်ဘဲရမယ်။ ရှင်တို့ပြောတဲ့ထာဝရငြိမ်းချမ်းရေး ကတော့ အဝေးကြီးမှာဘဲ။

ကျမကိုမေးတယ်၂၀၀၈ဖွဲ့စည်း ပုံအခြေခံဥပဒေ ကိုဘာလို့မကြိုက်တာလဲတဲ့။ကျမကတော့ ရှင်းရှင်းပဲပြောမယ်။ အာဏာရှင်တစ်စုကသူတို့အာဏာတည်မြဲဖို့ဆွဲထား တာမို့လို့ ဒီဥပဒေဟာပြည်သူလူထုတွေကိုအကျိုးစီးပွားအတွက်ရည်ရွယ် ရေးဆွဲတာမဟုတ်လို့ ကျမလုံးဝမကြိုက်ပါ၊
လက်မခံနိုင်ပါ။

၄၃၆ ကို ဘာဖြစ်လို့ပြင်ချင်တာလဲ -၄၃၆ က တံခါးပေါက်တစ်ခုလိုပါဘဲ။သူ့ကိုဖွင့်လို့ရမှ အတွင်းကိုဝင်လို့ရသလို ၄၃၆ ကိုပြင်မှမကြိုက်တဲ့မဆီလျော်တဲ့ဥပဒေတွေကို ၀င်ပြင်ရမှာမို့လို့ပါ။ ကျမ့ဒီနေ့ဒီနေရာမှာရှင်းအောင်ထပ်ပြောချင်ခဲ့ပါတယ်။ ကျမတို့ဒီနေ့ ဒီနေရာမိုးရေထဲမှာ
နာရီပေါင်း များစွာရပ်ပြီးနေပြီးတော့ ဒီအခြေခံဥပဒေ ပြင်ဆင် ရေးကိုလုပ်နေတာလူပုဂိုလ်တစ်ဦး တစ်ယောက်အတွက် မဟုတ်ပါဘူးနော်၊ ကျမအတွက်ပါ၊ကျမသားသမီးတွေ၊ နောင်လာနောက်သားတွေအတွက်ပါ။ ဒီနေရာမှာ အခြေံဥပဒေမပြင်နိုင်ဘူးဆိုရင် နောင်ဆွေခုနှစ်ဆက် မျိုး ခုနှစ်ဆက် ကျွန် သဘောက်ဘာဝကို ရောက် ဖို့သာပြင် ။အခုဘဲကြည့်လေ တနိုင်ငံလုံးမှာ မြေယာပြသနာတွေ၊လူ့အခွင့်အရေးချိုးဖောက်မှု တွေ၊ု တရား ဥပေဒေ စိုးမိုးမှုမရှိဘူးဆိုတာတွေအားလုံးရဲ့ ဆုံရပ်ဟာ ဒီအခြေခံဥပဒေကြောင့်ဘဲ ၊ဒေါ်အောင် ဆန်းစုကြည် ကနီပေါခရီးစဉ်မှာရှင်းရှင်းလင်းလင်း ပြောသွားပါတယ်။

ကျမ သမ္မတမဖြစ်လို့ လဲကျမဘာမှဖြစ်မသွားဘူးတဲ့။ ဟုတ်တယ်လေသူလိုလူတစ်ယောက်ကို လူထုက အသိအမှတ်ပြုတယ်။ ကမ္ဘာက လေးစား တယ်။

နိုင်ငံတကာကိုသြဇာညောင်းတယ်။ ဘာလိုသေးလဲ ။ လိုတာက ကျမတို့ တစ်တွေပါ၊ဒီအခြေခံဥပဒေ ကိုမပြင်နိုင်ရင် ဒုက္ခရောက်ကြမှာ သန်း(၆၀) သောပြည်သူတွေပါ။

အဲ့ဒီတော့နိဂုံးချုပ်ပါရစေ - အခြေခံဥပဒေ ပြင်ဆင် ရေးကိုလုပ်ဖို့ အတွက်တံခါးပေါက် ၄၃၆ ကိုပြင်ဘို့ ရဲရဲတင်းတင်းလက်မှတ်ထိုးကြပါ၊ အရေးကြီးရင်သွေးနှီးကြတဲ့ သံလျင်မြို့က မြို့မိမြို့ဖတွေ၊ လုပ်သားပြည်သူ
တွေ၊တောင်ပိုင်းခရိုင် ရဲဘော်ရဲဘက်တွေရဲ့သတ္တိကိုလေးစားရင်းအရေးတော်ပုံမုချ အောင်မည် ဆိုတာ ယုံကြည်ရင်း နိဂုံးချုပ်လိုက်ပါရစေရှင်။

ကေအိုင်စီ - ကရင်သတင်းဌာန

No comments:

Post a Comment