address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Sunday, June 8, 2014

နယ်မြေ ဖွံ့ဖြိုးတိုးတက်ရေး ရခိုင်သံဃာများ ဆန္ဒပြ

June 8, 2014

ရခိုင်ပြည်နယ် စစ်တွေမြို့ ဦးရဲကျော်သူ ကျောင်းတိုက်မှာ သီတင်းသုံးနေတဲ့ သံဃာတော်တစ်ပါးဖြစ်သူ ဦးစက္ကိန္ဒဟာ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အစိုးရက ပိုမို အလေးထားဆောင်ရွက်ပေးဖို့ ဆိုတဲ့ရည်ရွယ်ချက် နဲ့ ဒီကနေ့ စစ်တွေမြို့မှာ တစ်ကိုယ်တော် လမ်းလျှောက်ဆန္ဒပြခဲ့ပါတယ်။

အခုလို ဆန္ဒပြတောင်းဆိုတာနဲ့ ပတ်သက်ပြီး ဦးစက္ကိန္ဒက
"အခုလို လမ်းလျှောက်လိုက်တဲ့အားဖြင့် နိုင်ငံတော် အစိုးရအနေနဲ့ သော် လည်းကောင်း၊ ပြည်နယ်အစိုးရ အနေနဲ့ သော်လည်းကောင်း တရား ဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်းအေးချမ်းရေး အပေါ်မှာလည်း အခုလက်ရှိ အနေထားထက်ကို အားသွန်ခွန်စိုက် ဆောင်ရွက်ကြလိမ့်မယ်လို့ ဦးဇင်း ထင်မြင်ယူဆမိသလို ဖွံ့ဖြိုးရေးပိုင်းမှာလည်း ဒီထက်ကို အားသွန် ခွန်စိုက် ဆောင်ရွက်ကြလိမ့်မယ်လို့လည်း ဦးဇင်း မျော်လင့်ပါတယ်"

စစ်တွေမြို့ စည်းကမ်းထိန်းသိမ်းရေးနဲ့ ကူညီစောင့်ရှောက်ရေး ရဟန်းတော်များအဖွဲ့ အတွင်းရေးမှူးဖြစ်တဲ့ ဦးကေသရကလည်း ရခိုင်ပြည် နယ် နယ်စပ်လုံခြုံရေးနဲ့ ပင်လယ်ပြင်လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်ပေးဖို့ အစိုးရကို တိုက်တွန်းတဲ့အနေနဲ့ ဒီနေ့ မောင်တောမြို့ကနေ ဘူးသီးတောင် မြို့အထိ လမ်းလျှောက်တောင်းဆိုခဲ့ပါတယ်။


RFA Burmese

No comments:

Post a Comment