address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Friday, March 7, 2014

ဟောင်ကောင်ရောက် မြန်မာ အိမ်အကူတွေ အတွက် စိုးရိမ်




7.3.2014

ဟောင်ကောင်ကို မြန်မာနိုင်ငံက အလုပ်သမား တင်ပို့တဲ့ အစီအစဉ်ရဲ့ ပထမဆုံး အသုတ်အဖြစ် မြန်မာ အိမ်အကူ မိန်းကလေး ၁၉ ယောက်ဟာ ဖေဖော်ဝါရီ ၁၈ ရက်က ဟောင်ကောင်ကို သွားရောက်ခဲ့ပါတယ်။

ဒါပေမယ့် ဟောင်ကောင်က တရားရုံးတွေမှာ အိမ်အကူတွေကို အိမ်ရှင်တွေက ဖိနှိပ်တာတွေ အနိုင်ကျင့်တာတွေနဲ့ ပက်သက်တဲ့ အမှုအခင်းတွေ တော်တော်များများ ရှိနေတဲ့အတွက် အသစ် ရောက်သွားတဲ့ မြန်မာ အိမ်အကူ လုပ်သားတွေအတွက် စိုးရိမ်မှုတွေ ရှိနေပါတယ်။

၈၈မျိုးဆက်နှင့် တိုင်းရင်းသားမဟာမိတ်အဖွဲ့ တွေ့ဆုံ




7.3.2014

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ် အဖွဲ့ (UNA) နဲ့ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း) တို့ဟာ မတ်လ ၆ ရက်က တွေ့ဆုံခဲ့ကြပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိစ္စ၊ ဒီမိုကရေစီရေး၊ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေး စတဲ့ အချက်တွေကို ဆွေးနွေးခဲ့တယ် လို့ သိရပါတယ်။

Thursday, March 6, 2014

သုံးဆယ့်သုံးဆူ ဘုန်းတော်ကြီးကျောင်း မီးလောင်မှု ဖြစ်ပွားပြီး ကျောင်းထိုင်ဆရာတော် ဒဏ်ရာရ




6.3.2014

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် သုံးဆယ်သုံးဆူဆံတော်ရှင်ဘုရားစေတီများတည်ရှိရာ အထင်ကရနေရာ ဖြစ်သော သုံးဆယ်သုံးဆူကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ မတ်လ ၂ရက်နေ့က မတော်တဆ မီးလောင် ကျွမ်းမှုကြောင့် သက်တော် ၆၄နှစ်၊ ၀ါတော် ၄၄ ၀ါရှိသူ ကျောင်းထိုင်ဆရာတော် ဦးပညာဝံသဒဏ်ရာရရှိခဲ့သည်။

ရေရှားပါးမှု နှင့် ကြုံတွေ့ရသောမြို့နယ်များ NLD ပါတီကို ဆက်သွယ် အကူညီတောင်းခံနိင်


6.3.2014

နွေရာသီကာလ ရောက်ရှိလာပြီဖြစ်၍ ရေရှားပါးမှုအခက်ခဲ နှင့် ကြုံတွေ့ရသော မြို့နယ်များ အနေဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးများကို ဆက်သွယ် အကူညီတောင်းခံနိုင်သည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးအဖွဲ့ဝင် ဦးသိန်းဦးကပြောကြားသည်။

ကရင်အမျိုးသားပါတီကို လာမည့် မေလတွင် တရားဝင်မှတ်ပုံတင်ရန် စီစဉ်ထား




6.3.2014

ကရင်အမျိုးသားပါတီ(KNP)က လာမည့် မေလတွင် တရားဝင်ပါတီအဖြစ် ရပ်တည်နိုင်ရေးအတွက် သက်ဆိုင် ရာသို့ မှတ်ပုံတင်ရန် စီစဉ်ထားကြောင်း ပါတီဖြစ်မြောက်ရေး ဦးဆောင်စီစဉ်နေသူတစ်ဦးဖြစ်သည့် မန်းမင်းရဲထွေးက ကေအိုင်စီသို့ ပြောသည်။

မိုးကုတ်ရွှေဆိုင် ဓားပြတိုက်မှု ကျူးလွန်သူလေးဦးကို ဖမ်းဆီးရမိပြီး ဓားပြတိုက်ရာတွင် အသုံးပြုခဲ့သည့် လက်နက်နှင့်ပတ်သက်၍ အဓိကထားစစ်ဆေး


6.3.2014

ဇန်န၀ါရီ ၂၁ ရက်တွင် မိုးကုတ်မြို့ အောင်ချမ်းသာရပ်ကွက်အတွင်းရှိ မီလျှံနှင့်နဂါးရွှေဆိုင်နှစ်ဆိုင် ဓားပြတိုက်မှု ဖြစ်ပွားခဲ့ရာ ယင်းဖြစ်စဉ်တွင် ကျူးလွန်သူဟု ယူဆရသူ လေးဦးအား ဖမ်းဆီးစစ်ဆေးနေကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ဖားအံမြို့ရှိ ဖြူစင်မေတ္တာစေတနာ သွေးလှူရှင်အဖွဲ့ တစ်နှစ်ပြည့် နှစ်ပတ်လည်တွေ့ဆုံပွဲ ပြုလုပ်




6.3.2014

လူငယ်များဦးဆောင်သည့် ဖြူစင်မေတ္တာစေတနာ သွေးလှူရှင်အဖွဲ့က ၎င်းတို့အဖွဲ့ဝင်များ တွေ့ဆုံရန်နှင့် စည်းလုံး ညီညွတ်မှုရရှိဖို့ရန် တစ်နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားတစ်ရပ်ကို မတ်လ ၃ ရက်နေ့၌ ဖားအံမြို့၊ သုမေဓာ ရာမတောရကျောင်းတွင် ပြုလုပ်ကျင်းပခဲ့သည်။

Wednesday, March 5, 2014

ထိုင်းဆန္ဒပြသမားများ အစိုးရအခွန်ရုံးကို ပိတ်ပစ်ရန် ကြိုးစား




5.3.2014

အရေးပေါ်အခြေအနေ ကြေညာထားတဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အစိုးရ ဆန့်ကျင်တဲ့ ဆန္ဒပြသမားတွေဟာ အစိုးရအခွန်ရုံးကို ပိတ်ပစ်ဖို့ ကြိုးစားကြပါတယ်။

ဘင်္ဂါလီဒုက္ခသည်များကို ပြန်လက်ခံရန် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်တောင်းဆိုမှု မြန်မာသမ္မတပယ်ချ


5.3.2014

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရှိနေသည့် ဘင်္ဂါလီ ဒုက္ခသည်များကို မြန်မာ အစိုးရက ပြန်လက်ခံပေးရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ် Sheikh Hasina ၏ တောင်းဆိုမှုကို သမ္မတဦးသိန်းစိန်က ငြင်းဆို ပယ်ချခဲ့ကြောင်း သမ္မတရုံး အကြီးတန်း အရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။

ကရင်လူထုတွေနှင့် ကေအန်ယူ ရန်ကုန်တွင် တွေ့ဆုံ




5.3.2014

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) က လက်ရှိ လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ မတ် ၄ ရက်နေ့ ညနေပိုင်းက ရန်ကုန်မှာ ရှိတဲ့ ကရင်လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ကရင်ပြည်နယ်အတွင်း မူးယစ်နှိမ်နင်းရေး လုပ်ငန်းများ ထိရောက်မှုမရှိဟု မန်းငြိမ်းမောင် ဆို


5.3.2014

ကရင်ပြည်နယ် အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်မှုများကိုအရေးယူမှုရှိသော်လည်း ထိရောက်မှုမရှိဟု ကရင်အမျိုးသားအစည်းအရုံး KNU ဗဟို ကော်မတီဝင် ပဒိုမန်းငြိမ်းမောင်က ပြောသည်။

ထိုင်းတွင် အလုပ်လုပ်ကိုင်ခွင့် သက်တမ်းကျော်လွန် နေထိုင်သော မြန်မာလုပ်သားများ သက်ညှာခွင့်ရ


5.3.2014

အလုပ်လုပ်ကိုင်ခွင့် ဗီဇာသက်တမ်း ကျော်လွန်၍ ထိုင်းနိုင်ငံတွင်း ဆက်လက်နေထိုင်သော မြန်မာများ အတွက် သက်ညှာစွာ စဉ်းစားပေးမည်ဖြစ်သည်ဟု ထိုင်းနိုင်ငံအစိုးရက တရားဝင်ထုတ်ဖော် ပြောဆိုသည် ဟု မတ်လ ၄ ရက်ထုတ် ဘန်ကောက်ပို့စ်သတင်းတွင် ရေးသားဖော်ပြသည်။

ရုရှားနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုများ ရပ်ဆိုင်းလိုက်ကြောင်း ပင်တဂွန်စစ်ဌာနချုပ် ထုတ်ပြန်




5.3.2014

ယူကရိန်းတွင် စစ်ရေးအရ ၀င်ရောက်စွက်ဖက်မှုကြောင့် အမေရိကန်က ရုရှားနှင့် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုကို ရပ်ဆိုင်းလိုက်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က မတ် ၃ ရက်တွင် ထုတ်ပြန်လိုက်ပြီး ပြဿနာကို အရှိန်လျော့ကျအောင် လုပ်ဆောင်ရန် ရုရှားအစိုးရကို တိုက်တွန်းခဲ့သည်။

အဓမ္မထွန်ယက်ခံရသည့် လယ်မြေဧက ၃၀၀ ကျော် ဆုံးရှုံးမည်ကို ပိုင်ရှင်လယ်သမားများ စိုးရိမ်


5.3.2014

ကရင်ပြည်နယ်၊ ဖားအံမြို့နယ် အိန္ဒုဂွင်ရှိ လယ်သမားများ ပိုင်ဆိုင် ၁၆ ဦး၏ လယ်မြေဧက ၃၀၀ ကျော်ကို ဘုရားကုန်း ငြိမ်းချမ်းရေးအထူးဒေသမှ ပြည်သူစစ်ခေါင်းဆောင် ဦးမြင့်သန်းနှင့်အဖွဲ့က အသိပေးခြင်း မရှိဘဲ ၀င်ရောက်ထွန်ယက်မှုများ ပြုလုပ်ခဲ့သည့်အတွက် လယ်မြေဆုံးရှုံးမည်ကို ပိုင်ရှင်လယ်သမားများ စိုးရိမ်နေ ကြသည်ဟု သိရသည်။

ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားရင်ကြားစေ့ရေး ဦးတည်ကြရန် မီဒီယာများကို ရှမ်းပြည်ဝန်ကြီး တိုက်တွန်း


5.3.2014

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပွင့်လင်းမြင်သာမှုရရှိရေးအတွက် သတင်းမီဒီယာသမားများ ကို စောင့်ကြည့်လေ့လာ သတင်းရယူခွင့်ပြုထားပြီးဖြစ်ကြောင်း ၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး အထောက်အကူပြုနိုင်သည့် မီဒီယာများ လိုအပ်လျှက် ရှိကြောင်း ရှမ်းပြည်နယ် ၀န်ကြီး ဦးစ၀်အောင်မြတ်က ထုတ်ဖော်ပြောကြားလိုက်သည်။

ထိုင်းငါးလုပ်ငန်းရဲ့လုပ်ရပ် လူ့အခွင့်အရေးအဖွဲ့ဝေဖန်




5.3.2014

မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမား အများစု အလုပ်လုပ်ကိုင်နေကြတဲ့ ထိုင်းနိုင်ငံရဲ့ ငါးဖမ်းလုပ်ငန်းတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတာကြောင့် နိုင်ငံတကာက အရေးယူဖို့ပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားမှုအဖွဲ့တခုက တိုက်တွန်းလိုက်ပါတယ်။

ခွင့်ပြုချက် မရသေးဘဲ ခြံစည်းရိုးခတ်၍ဆိုကာ DKBAအဖွဲ့အား တာဝန်ရှိသူများ တားမြစ် ။




5.3.2014

DKBA ကလိုထူးဘော တပ်ဖွဲ့၊ ကလိုထူးလား တပ်မဟာ ဌာနချုပ်မှ ရန်ကုန်မြို့၊ ဒဂုံမြို့သစ် အရှေ့ပိုင်း ၁၂၀ ရပ်ကွက်တွင် DKBA စီးပွားရေး နှင့် ကုန်သွယ်ရေးရုံး အဆောက်အဦး ဆောက်ရန် အတွက် ခြံစည်းရိုး ကာရံခြင်းအား မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး နှင့် တာဝန်ရှိသူများက ဆက်မလုပ်ရန် လာရောက် တားဆီးကြောင်း DKBA ကလိုထူးဘော တပ်ဖွဲ့၊ ကလိုထူးလား တပ်မဟာ ဌာနချုပ် ရန်ကုန် စီးပွားရေး တာဝန်ခံ ဦးမြင့်စိုးက Tomorrow ဂျာနယ်သို့ ပြောကြားသည်။

Tuesday, March 4, 2014

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ထောက်ခံလက်မှတ် ကရင်ပြည်နယ် အင်န်အယ်လ်ဒီ စကောက်


4.3.2014

ကရင်ပြည်နယ်အတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုထောက်ခံသည့် လက်မှတ်များကို ကရင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က စတင်ကောက်ယူနေပြီဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဒေါ်နန်းခင်ထွေးမြင့်က မဇ္ဈိမကို ပြောသည်။

တိုက်ပွဲများ ဖြစ်ပွားနေမှု အစိုးရကို တစ်ဖက်သတ် အပြစ်တင်၍ မရကြောင်း NCCT ခေါင်းဆောင်အချို့ ပြောကြား




4.3.2014

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးရန် ကြိုးပမ်းနေချိန်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချို့နှင့် တပ်မတော်တို့ တိုက်ပွဲများ ဖြစ်ပွားနေမှု အတွက် အစိုးရကို တစ်ဖက်သတ် အပြစ်တင်၍ မရကြောင်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့ဝင် ဒေါက်တာ ဆလိုင်းလျန်မှုန်းက ပြောကြားသည်။

လူမျိုး ၁၃၅ မျိုးအခြေခံထားသည်ကို တိုင်းရင်းသား လူမှုအဖွဲ့အစည်း လက်မခံ




4.3.2014

၂၀၁၄ သန်းခေါင်စာရင်းကောက်ယူရာတွင် တိုင်းရင်းသား ၁၃၅ မျိုးကို အခြေခံထားသည့်အတွက် တိုင်းရင်း သားလူမှုအဖွဲ့အစည်းများမှ သဘောမတူကြောင်း ဗဟိုသန်းခေါင်စာရင်းကော်မရှင်သို့ တောင်းဆိုလိုက်သည် ဟု သိရသည်။