address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, March 5, 2014

ခွင့်ပြုချက် မရသေးဘဲ ခြံစည်းရိုးခတ်၍ဆိုကာ DKBAအဖွဲ့အား တာဝန်ရှိသူများ တားမြစ် ။




5.3.2014

DKBA ကလိုထူးဘော တပ်ဖွဲ့၊ ကလိုထူးလား တပ်မဟာ ဌာနချုပ်မှ ရန်ကုန်မြို့၊ ဒဂုံမြို့သစ် အရှေ့ပိုင်း ၁၂၀ ရပ်ကွက်တွင် DKBA စီးပွားရေး နှင့် ကုန်သွယ်ရေးရုံး အဆောက်အဦး ဆောက်ရန် အတွက် ခြံစည်းရိုး ကာရံခြင်းအား မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး နှင့် တာဝန်ရှိသူများက ဆက်မလုပ်ရန် လာရောက် တားဆီးကြောင်း DKBA ကလိုထူးဘော တပ်ဖွဲ့၊ ကလိုထူးလား တပ်မဟာ ဌာနချုပ် ရန်ကုန် စီးပွားရေး တာဝန်ခံ ဦးမြင့်စိုးက Tomorrow ဂျာနယ်သို့ ပြောကြားသည်။

“ဖေဖော်ဝါရီ ၄ ရက်နေ့က အထက် ဌာနချုပ် အမိန့်နဲ့ ရန်ကုန် စီးပွားရေးနဲ့ ကုန်သွယ်ရေးရုံး အဆောက်အဦး ဆောက်ဖို့ ခြံစည်းရိုး ကာတာကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး၊ အိုးအိမ် ဦးစီးဌာန၊ စည်ပင်သာယာက ဆက်မလုပ်ဖို့ လာတားတယ်။ ကျွန်တော်တို့က သမ္မတကြီး နဲ့တကွ
ပြည်ထောင်စု ၀န်ကြီး၊ ဌာနဆိုင်ရာ အသီးသီး ကိုလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး စာပို့ထားတယ်”ဟု DKBA ကလိုထူးဘော တပ်ဖွဲ့၊ ကလိုထူးလား တပ်မဟာဌာနချုပ် ရန်ကုန် စီးပွားရေး တာဝန်ခံ ဦးမြင့်စိုးက ပြောသည်။

ယင်းကိစ္စနှင့် ပတ်သတ်၍ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးသစ်လွင် က “ခွင့်ပြုချက်တင်ထားဆဲပဲ ရှိသေးတယ်။ တခြား နေရာတွေမှာ ဖွင့်တာတော့ ရှိတယ်။ လောလောဆယ် ဒီမှာ ဆောက်လို့လည်း မရသေးဘူး။ စည်ပင်သာယာ ကတော့ အရေးယူ ထားတယ်။ မြေနေရာ လွတ် အတွက် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ကို တင်ပြထားတယ်လို့ သိရတယ်” ဟု ပြောခဲ့သည်။

DKBA ကလိုထူးဘော တပ်ဖွဲ့၊ ကလိုထူးလား တပ်မဟာ ဌာနချုပ်မှ ရန်ကုန်မြို့တွင် စီးပွားရေး နှင့် ကုန်သွယ်ရေးရုံး အဆောက်အဦး
ဆောက်လုပ်ရန် အတွက် ဒဂုံမြို့သစ် အရှေ့ပိုင်း ၁၂၀ ရပ်ကွက်ရှိ လယ်သမားကြီး ဦးမောင်မောင်ဦး ထံမှ ၁၁.၉ဧက အား ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၃၀ ရက်တွင် ၀ယ်ယူထားကြောင်း နေစရာ အခက်အခဲ ရှိသူများ အတွက် အဆိုပါ မြေကွက်မှ ပေ၂၀xပေ၆၀ နှင့် ပေ ၄၀x
ပေ၆၀ မြေကွက်များအား ရောင်းချပေး သွားမည် ဖြစ်ကြောင်း အဆိုပါ အဖွဲ့မှ ပြောသည်။

အဆိုပါ မြေကွက်များသည် ၁၉၈၉ခုနှစ်က အိုးအိမ် ဦးစီးဌာနမှ အိမ်ယာ စီမံကိန်း ဖော်ဆောင်ရန် အတွက် လယ်သမားများ ထံမှ သိမ်းယူခဲ့ပြီး လန ၃၉ ထုတ်ထားပြီး အကွက်များ ဖြစ်ကြောင်း သိရသည်။

Tomorrow

No comments:

Post a Comment