address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, March 4, 2014

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ထောက်ခံလက်မှတ် ကရင်ပြည်နယ် အင်န်အယ်လ်ဒီ စကောက်


4.3.2014

ကရင်ပြည်နယ်အတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုထောက်ခံသည့် လက်မှတ်များကို ကရင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က စတင်ကောက်ယူနေပြီဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဒေါ်နန်းခင်ထွေးမြင့်က မဇ္ဈိမကို ပြောသည်။

ကရင်ပြည်နယ် ဘားအံမြို့နယ်တွင် မတ် ၃ ရက်မှ ၁၁ ရက်အတွင်း လက်မှတ်ပေါင်း တစ်သိန်းရရှိသည်အထိ ကောက်ခံသွားမည်ဟု ဆိုသည်။ အခြားမြို့နယ်များတွင်လည်း ယင်းပုဒ်မပြင်ဆင်ရေးအတွက် ဆောင်ရွက်ချက်သည် လက်မှတ်ကောက်ခံခြင်းသာမက ဆန္ဒဖော်ထုတ်ခြင်း စသည်ဖြင့် မြို့နယ်အလိုက် ကွဲပြားနိုင်သည်ဟု ဆိုသည်။

“ဒီလို ထောက်ခံလက်မှတ်တွေကို ကောက်တဲ့အခါမှာ စာရွက်ပေါ်မှာ ပုဒ်မ ၄၃၆ ဆိုတာဘာ၊ ဒီဟာကို ပြင်ဆင်ရေးက ဘာကြောင့် အရေးကြီးတယ်။ ဒီအတွက် ကိုယ့်ဆန္ဒအတိုင်း ထောက်ခံရင် လက်မှတ်ထိုး ခိုင်းတယ်။ ရတဲ့လက်မှတ်တွေကို ပါတီဌာနချုပ်ကိုတင်ပြမယ်။ ဘယ်လိုဆောင်ရွက်ရမယ်ဆိုတဲ့ ဆုံးဖြတ် ချက်ကိုယူပြီးတော့မှ ဘယ်လိုဆက်လုပ်မယ်ဆိုတာကို ဆုံးဖြတ်မယ်”ဟု ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၂) ပုဒ်မ ၄၃၆ သည် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း ၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆၊ ၁၁၊ ၁၂ တို့ပါ ပုဒ်မအချို့ကို ပြုပြင်မည်ဆိုပါက ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၇၅ ရာ ခိုင်နှုန်းက သဘောတူလက်ခံရမည့်အပြင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကိုပါ ကျင်းပပြီး မဲပေးသူ၏ ထက် ၀က်ကျော်၏ ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဟု ပါရှိသည်။ အချို့ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည် ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမဲဖြင့် ပြင်ဆင်ရမည်ဟု ဖော်ပြထားသည်။

ယင်းပုဒ်မ ၄၃၆ပြင်ဆင်ရေးအတွက် သီးခြားဆောင်ရွက်မှုပြုလုပ်ခြင်းကို ကချင်ပြည်နယ်အတွင်းမှာတော့ ဆောင်ရွက်ခြင်းမရှိသေးဟု ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စည်းရုံးရေးတာဝန်ခံ ဒေါက် တာဇော်မြင့်မောင်က ပြောသည်။

“ပါတီဗဟိုကနေပြီး ၄၃၆ ပြင်ဆင်တာအတွက် ဘယ်လိုလုပ်ပါလို့ ပြောထားတာတွေ မရှိဘူး။ ကိုယ်ပိုင် ဆောင်ရွက်မှုတွေနဲ့ လုပ်နေကြတာ ဖြစ်ပါတယ်။ အခုချိန်အထိတော့ ၄၃၆ ပြင်ဆင်ရေးအတွက် သဘောထားချင်းတူတဲ့ ၈၈ လိုအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ပဲ သဘောတူထားတယ်။ ဘယ်လိုလုပ်မယ်ဆို တာကိုတော့ အခုထိ ဆုံးဖြတ်ထားတာ မရှိသေးပါဘူး”ဟု ပြောသည်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းတို့ ဆောင်ရွက်ရန် ကြိုးပမ်းနေသည့် ဆောင်ရွက်ချက်များမှ တစ်ခုလည်းဖြစ်သည်။

၈၈ မျိုးဆက် ငြိမ်း/ပွင့်နှင့် အင်န်အယ်လ်ဒီတို့ ပူးပေါင်းဆောင်ရွက်မည့် အခြေခံဥပဒေပြင်ဆင်ရေးတွင် ငြိမ်းချမ်း၍ တရားမျှတသည့်နည်းလမ်းကို အသုံးပြု ဆောင်ရွက်သွားမည်ဟု ဖေဖော်ဝါရီလ ၁၀ ရက်က နှစ်ဖက် ပူးတွဲထုတ်ပြန်ထားသည်။

ယင်းလုပ်ငန်းဖော်ဆောင်ရေးအတွက်ကိုလည်း ၈၈ နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှု ဆောင်ကော်မတီဝင် များသည် ဖေဖော်ဝါရီလအတွင်း နှစ်ကြိမ်အထိ တွေ့ဆုံခဲ့ပြီးဖြစ်သော်လည်း မည် သည့်နည်းလမ်းဖြင့် ပြင်ဆင်သွားမည်ကို ဆုံးဖြတ်ထားခြင်းမရှိသေးဟု ၈၈ ငြိမ်း/ပွင့်မှ ကိုဂျင်မီက ပြော သည်။

၈၈ ငြိမ်း/ပွင့်သည် ဖေဖော်ဝါရီလ ၂၈ ရက်မှ မတ်လ ၁ ရက်အထိ သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကဆံဓမ္မပီ ယသာသနာ့ရိပ်သာ၌ မြို့နယ်အသီးသီးရှိ ကိုယ်စားလှယ်အဖွဲ့များနှင့် တွေ့ဆုံရာတွင်လည်း ဦးမင်းကိုနိုင်က ၎င်းတို့သည် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို ဦးစားပေးဆောင်ရွက်သွားမည်ဟု ပြောဆိုထားသည်။ ယင်းတွေ့ဆုံပွဲသို့ မြို့နယ်အသီးသီးမှ ပွင့်လင်းအဖွဲ့အစည်းဝင် ကိုယ်စားလှယ် ၂၀၀ ကျော်တို့ တက် ရောက်ခဲ့ကြသည်။

Mizzima

No comments:

Post a Comment