address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, March 5, 2014

ကရင်ပြည်နယ်အတွင်း မူးယစ်နှိမ်နင်းရေး လုပ်ငန်းများ ထိရောက်မှုမရှိဟု မန်းငြိမ်းမောင် ဆို


5.3.2014

ကရင်ပြည်နယ် အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်မှုများကိုအရေးယူမှုရှိသော်လည်း ထိရောက်မှုမရှိဟု ကရင်အမျိုးသားအစည်းအရုံး KNU ဗဟို ကော်မတီဝင် ပဒိုမန်းငြိမ်းမောင်က ပြောသည်။

မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချမှု နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှု၊ အရေးယူမှု များပြုလုပ်နေသော်လည်း မူးယစ်ဆေးဝါးရောင်း ဝယ်မှုများမှာ ကရင်ပြည်နယ်အတွင်း ပိုမိုတွင် ကျယ်လာသည့်အပေါ် ယင်းကပြောကြားခဲ့ခြင်း ဖြစ်သည်။

''မူးယစ်ဆေးဝါးနဲ့ပတ်သက်လို့က တော့ စကားထဲ ထည့်မပြောတာကောင်းတယ်။ ဘာလို့လဲဆိုတော့ ရမှမရဘဲ။ ကျွန်တော်တို့ KNU ကလဲ စုံစမ်းစစ်ဆေးပြီး အရေးယူတာ တွေရှိတယ်''ဟု ပဒိုမန်းငြိမ်းမောင်က ပြောသည်။

ထို့ပြင် သက်ဆိုင်ရာအာဏာပိုင် အဖွဲ့များအနေဖြင့်လည်း မူးယစ်ဆေးဝါး နှိမ် နှင်းရေးကို ထိရောက်စွာ လုပ်ဆောင်ခြင်းမရှိ သည့်အပြင် လာဘ်ပေးလာဘ်ယူမှုများ ရှိနေ သည့်အတွက် ယခုကဲ့သို့နှိမ်နှင်းရာတွင် ခက် ခဲနေခြင်းဖြစ်သည်ဟုလည်း ဒေသခံတို့က ပြောသည်။

ယင်းကဲ့သို့ မူးယစ်ဆေးဝါးရောင်း ဝယ်ရာ၌ မြင်းဆေးဟုလူသိများသည့် ယာမ ကို အများဆုံးရောင်းဝယ်ကြပြီး အိမ်နီးချင်း နိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံမှအဝင်များကြောင်း မြဝတီမြို့မှ ကိုညီညီလွင်က ပြောသည်။

''အမှန်က အစိုးရကလုပ်ရမယ့် ကိစ္စ ဗျ။ အခု ဘာမှ ထိထိရောက်ရောက်မလုပ်လို့ ဒီလိုဖြစ်နေတာ။ မူးယစ်ဂိုဏ်းတွေအထိ လုပ်နေ ကြတာ။ တံတားအောက်သွားလိုက်တာနဲ့ ကြိုက် သလောက် ဝယ်လို့ရနေတယ်။ ဒါတွေကကြာ နေပြီ။ ဘယ်အဖွဲ့အစည်းမှ ထိထိရောက်ရောက် မလုပ်ဘူး''ဟု ကိုညီညီလွင်က ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေး ဝါးထုတ်လုပ်သုံးစွဲမှုတွင် ကမ္ဘာ့ဒုတိယအများ ဆုံးနိုင်ငံအဖြစ် ရပ်တည်လျက်ရှိကြောင်း နိုင်ငံ တကာမှ ဖော်ပြလျက်ရှိပြီး ကရင်ပြည်နယ်အ တွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းများဖြစ် သည့်KNU, BGF, DKBA နှင့်KNU/ KNLA ငြိမ်းချမ်းရေး ကောင်စီတို့မှ မူးယစ် ဆေးဝါးနှိမ်နှင်းရေးအတွက် ပူးပေါင်းသဘော တူညီမှု ရယူထားကြောင်း သိရသည်။

လက်ရှိအချိန်တွင် မူးယစ်ဆေးဝါး နှိမ်နှင်းမှုလုပ်ဆောင်ရာတွင် သတင်းရရှိပါက ထပ်မံမလုပ်ဆောင်ရန် သတိပေးပြီး ထိုသို့ တားဆီး၍မရပါက ဖမ်းဆီးကာ သက်ဆိုင်ရာ သို့လွှဲပြောင်းပေးကြောင်းKNU/KNLA (PC) ငြိမ်းချမ်းရေးကောင်စီမှ ဗျူဟာမှူး ဗိုလ်မှူး တိုက်ဂါးကပြောသည်။

''တစ်ယောက်ယောက် အကြောင်း ကြားရင် သူ့ကိုခေါ်ပြီးတော့ နောက် မလုပ်ဖို့ ခံဝန်ထိုးခိုင်းတယ်။ ဒဏ်တပ်တာတို့ ဘာတို့ လုပ်တယ်။ ဆက်လုပ်နေ သေးရင် အထောက်အ ထားခိုင်လုံတာနဲ့ သွား ဖမ်းတယ်။ မိရင်ရဲလက် ကို အပ်လိုက်တယ်'' ဟု ယင်းကပြောသည်။

Yangon Media Group

No comments:

Post a Comment