address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, March 5, 2014

ထိုင်းဆန္ဒပြသမားများ အစိုးရအခွန်ရုံးကို ပိတ်ပစ်ရန် ကြိုးစား




5.3.2014

အရေးပေါ်အခြေအနေ ကြေညာထားတဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အစိုးရ ဆန့်ကျင်တဲ့ ဆန္ဒပြသမားတွေဟာ အစိုးရအခွန်ရုံးကို ပိတ်ပစ်ဖို့ ကြိုးစားကြပါတယ်။

ဆန္ဒပြသမား ၄၀၀ ၀န်းကျင်ဟာ ၀န်ချီစက်တွေနဲ့ အတားအဆီးတွေကို သယ်လာပြီး အခွန်ရုံးဝင်ပေါက်ကို ပိတ်ဆို့ဖို့ ကြိုးစားကြပါတယ်။ အခွန်ဝန်ထမ်းတချို့လည်း ရုံးကနေ ထွက်သွားကြပါတယ်။

ဆန္ဒပြသမားတွေက ဒီလို ပိတ်ဆို့ထားပေမယ့် လုပ်ငန်းတွေ ပုံမှန် လည်ပတ်နေဖို့ လိုတယ်လို့ အခွန်ရုံးအကြီးအကဲက ပြောပါတယ်။

“ပုံမှန် လည်ပတ်နေဖို့ လိုပါတယ်။ ကိုယ့်အလုပ် ကိုယ်လုပ်ကြတာပဲ။ ဆန္ဒပြသမားတွေက ဆန္ဒပြမယ်။ ကျနော်တို့က ကိုယ့်အလုပ်ကို ပုံမှန် လုပ်နေဖို့ လိုတယ်” လို့ အခွန်ရုံးရဲ့ ညွှန်ကြားရေးမှူး ဘိုရာဝတ်ပင်ယိုက ပြောပါတယ်။

ဘန်ကောက်မြို့မှာ အရေးပေါ်အခြေအနေ ကြေညာထားတာကို ဆန္ဒပြပွဲတွေ လုံးဝ ရပ်သွားမှပဲ ရုပ်သိမ်းမယ်လို့ နိုင်ငံခြားရေးဝန်ကြီးက ပြီးခဲ့တဲ့ မတ် ၄ ရက်နေ့မှာ ပြောထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဘန်ကောက်မှာ အခြေအနေတွေ ငြိမ်သက်စ ပြုနေပေမယ့် အကြမ်းဖက်မှုတွေ တကျော့ပြန် ပေါ်ပေါက်လာမှာကိုလည်း စိုးရိမ်နေရသေးတယ်လို့လည်း ပြောပါတယ်။

ဘန်ကောက်မှာ ၀န်ကြီးချုပ် ယင်းလပ်အစိုးရကို ဖြုတ်ချဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေတာ ၅ လကြာခဲ့ပြီ ဖြစ်ပါတယ်။

ဘန်ကောက်မြို့မှာ အရေးပေါ်အခြေအနေကို ဇန်န၀ါရီ ၂၁ ရက်နေ့ကစလို့ ရက်ပေါင်း ၆၀ သတ်မှတ်ထားပါတယ်။

DVB

No comments:

Post a Comment