address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Friday, December 20, 2013

မြို့ပြစီမံကိန်း သတင်းကြောင့် မောတောင် အိမ်၊ ခြံ၊ မြေ ဈေးတက်


20.12.2013

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် ထိုင်း-မြန်မာ နယ်စပ်ဂိတ်တစ် ခုဖြစ်သော မောတောင် ဒေ  သ  တွင် မြို့ပြ စီမံကိန်း အကောင်အထည်ဖော်မည့် သတင်းကြောင့် အိမ်၊ ခြံ၊ မြေ ဈေးများ မြင့်တက်နေကြောင်း ဒေသခံများက ပြောကြားသည်။


မောတောင် လမ်းမကြီးပေါ်ရှိ အိမ်မြေများမှာ ဘတ် ၁၀ သိန်းနှင့် ၁၀ သိန်းအထက် ပေါက်ဈေးရှိပြီး လမ်းသွယ် လမ်းကြားများတွင် အနည်းဆုံး ဘတ်တစ်သိန်းခွဲ ဈေးပေါက်နေသည်ဟု မောတောင် ဒေ သခံတစ်ဦး ဖြစ်သည့် ဒေါ်အေမီက ပြောပြသည်။“မြို့ပြ စီမံကိန်း အကောင်အထည် ဖော်မယ် ဆိုတဲ့ သတင်းကြောင့် အိမ်၊ ခြံ၊ မြေဈေးတွေ တက်လာတာ ဖြစ်နိုင်တယ်” ဟု ဒေါ်အေမီက ပြောကြားသည်။

ယင်းဒေသကို မြို့ပြအဖြစ် အကောင်အထည် ဖော်ရန် လိုအပ်မြေဧက ၇၀၀၀ ကျော်ကို တိုင်းတာပြီး ဖြစ် သည်ဟု တနင်္သာရီတိုင်းဒေသကြီး အစိုးရ အဖွဲ့ထံမှ သိရသည်။

ချောင်ကျသည့် နေရာမျိုးတွင် ဘတ်ငွေ သောင်းဂဏန်း ဝန်းကျင်ဖြင့် အရောင်းအဝယ် ဖြစ်နေသည် ဟု မောတောင် ဒေသခံ ဦးမျိုးသန့်က ပြောပြသည်။

အိမ်မြေများ အရောင်းအဝယ် ပြုလုပ်ရာတွင် ရောင်းသူ၊ ဝယ်သူ တိုက်ရိုက် အရောင်းအဝယ် ပြုလုပ်နေ ကြပြီး ကြားမှတစ်ဆင့် အကျိုးဆောင် ပေးနေသည့်သူ အချို့လည်း ရှိသည်ဟု မောတောင် ဒေသခံများက ဆိုသည်။

ယင်းဒေသတွင် ၂၀၁၀ ပြည့်နှစ်ခန့်က မြေကွက် တစ်ကွက်လျှင် သောင်းဂဏန်းသာ ပေါက်ဈေး ရှိခဲ့ကြောင်း၊ လွန်ခဲ့သော ဆယ်နှစ် ဝန်းကျင်ခန့်က မြေတစ်ကွက်ကို ဘတ်ငွေငါးရာ၊ တစ်ထောင် အလှူငွေ ထည့်ပေးရုံဖြင့် နေထိုင်နိုင်သည်ဟု ဒေသခံများထံမှ သိရသည်။

မောတောင် ဒေသသည် အိမ်ခြေ တစ်ထောင်ကျော်ခန့် ရှိပြီး ထိုင်းနိုင်ငံ ပရာကျွတ် ပြည်နယ်နှင့် တစ်ဆက်တည်းတွင် တည်ရှိကာ မြိတ်မြို့မှ မိုင်ပေါင်း ၁၂၅ မိုင် အကွာတွင် တည်ရှိသည်။

ယခင်က ကေအင်န်ယူ စိုးမိုးသည့် ဒေသဖြစ်ပြီး နယ်မြေ မအေးချမ်းသည့်အတွက် အခြေချ နေထိုင်ရန် ခက်ခဲသည့် ဒေသတစ်ခု ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment