address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, February 2, 2015

ထိုင်းဌာနဆိုင်ရာအရာရှိ တစ်ဒါဇင်ကျော်ကို လူမှောင်ခိုကူးမှုဖြင့် တရားစွဲ



2.2.2015

ထိုင်းနိုင်ငံတွင် အကြီးတန်းရဲအရာရှိနှင့် ရေတပ်အရာရှိတို့ အပါအ၀င် အစိုးရ ဌာန တာဝန်ရှိသူ တစ်ဒါဇင်ကျော်ကို လူမှောင်ခိုကုန်ကူးဖြင့် တရားစွဲဆို ထားကြောင်း တာဝန်ရှိသူများက ပြောသည်။ ထိုင်းအာဏာသိမ်းအစိုးရ လူမှောင်ခိုကူးမှုကို အမြစ်ပြတ်သုတ်သင်သွားရန် ဆုံးဖြတ်ထားသည်။

လူမှောင်ခိုကူးကာ ကျွန်အဖြစ် စေခိုင်းရောင်းချနေခြင်းတွင် ထိုင်းနိုင်ငံသည် ပင်မဒေသတစ်ခုဖြစ်နေခဲ့သည်မှာ ကာလရှည်ကြာမြင့် နေပြီဖြစ်သည်။ ထိုင်းတာဝန်ရှိသူများက ယင်းမှောင်ခိုကူးမှုများ ရပ်တန့် သွားအောင် စွမ်းဆောင်ခြင်းနည်းကြသလို ပူးပေါင်းဆောင်ရွက်ခြင်းလည်း နည်းသည်။ လူကုန်ကူးမှုပပျောက်ရေး ဆောင်ရွက်ချက်များ ပျက်ကွက်သည့် နိုင်ငံများ စာရင်းတွင် ထိုင်းနိုင်ငံသည် အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိနေကြောင်း ပြီးခဲ့သည့် ဇွန်လက ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။

မေလအတွင်းက အာဏာသိမ်းယူခဲ့သည့် အစိုးရက လူကုန်ကူးများကို ဖြိုခွင်းသွားရန် သံန္ဒိဌာန်ချထားပြီး ယခုတွင် အထက်တန်းအစိုးရအရာရှိများကို တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ဇန်န၀ါရီ ၃၀ရက်ကပြောသည်။

ရဲမှူးကြီးနှင့် လက်ထောက်ရဲမှူးတစ်ဦးတို့ ပါ ပါဝင်နေသည့် လူမှောင်ခိုကူးမှုတွင် ပတ်သက်နေသူများကို ဖမ်းဆီးမှုကို လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒွန်ပရမူ့ ဝန်နိုင်းက အခိုင်အမာအတည်ပြုသည်။ ယခုလိုဖမ်းဆီးလိုက်ခြင်းဖြင့် လူမှောင်ခိုကုန်ကူးမှုတွင် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင် ပတ်သက်နေခြင်းအပေါ် အစိုးရ၏ အရေးတစ်စိုက်ဆောင်ရွက်ခြင်းကို ပြသလိုက်ခြင်းလည်းဖြစ်သည်။

"အနည်းဆုံးတော့ ကျွန်တော်တို့ အစိုးရအနေနဲ့ ပြစ်မှုကျုးလွန်သူတွေကို အပြစ်ပေးအရေးယူဖို့ နဲ့ တရားဥပဒေစိုးမိုးရေးတို့ အတွက် ဘယ်လိုလုံ့ စိုက်ထုတ်လုပ်ဆောင်နေတယ်ဆိုတာကို သိမြင်နိုင်မှာပဲဖြစ်ပါတယ်။"ဟု ၎င်းကပြောခဲ့သည်။

ယခုတရားစွဲဆိုထားသူများတွင် တော်ဝင်ထိုင်းရေတပ်အရာရှိတစ်ဦး၊ အရပ်ဖက်အစိုးရဌာနမှ အရာရှိနှစ်ဦးနှင့် လူမှုရေးအသင်းအဖွဲ့ ဝင်တစ်ဦးတို့ အပါအဝင် အနည်းဆုံး လူ ၁၅ဦးကို တရားစွဲဆိုထားခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုင်းနိုင်ငံသို့ လူကုန်ကူးမှုအများဆုံးသည် မြန်မာနိုင်ငံဖက်မှ မွတ်စလင်ရိုဟင်ဂျာဆိုသူများဖြစ်ကြသည်ဟု ကုလသမဂ္ဂကပြောကြားသည်။

Ref: AFP
Mizzima

No comments:

Post a Comment