address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, February 5, 2015

ဒေါနတောင်ခြေတွင် ၆၈ နှစ်မြောက် (KNU) နေ့ကျင်းပ



5.2.2015

ယနေ့တွင်ကျရောက်သည့် ၆၈ နှစ်မြောက် ကရင်အမျိုးသားအစည်းအရုံး KNU စတင်ဖွဲ့စည်းထူထောင်ခဲ့သည့်နေ့ အခမ်းအနားကို (ကေအင်န်ယူ) ဗဟိုကဦး ဆောင်၍ ဘားအံခရိုင်ရှိ လေးဝါးစခန်းတွင်ကျင်းပခဲ့ရာ ခရိုင်နှင့်တပ်မဟာ ၇ ခုမှ ခေါင်းဆောင်များ ကရင်အမျိုးသားများ တက်ရောက်ခဲ့ကြသည်။

(ကေအင်န်ယူ) နေ့သို့တက်ရောက်သည့် ကရင်အမျိုးသားအစည်းအရုံးဥက္ကဌ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးနှင့်ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်ပဒိုစောသမိန်ထွန်းတို့က ဖွဲ့စည်းခဲ့ရသည့် သမိုင်းကြောင်းဆိုင်ရာများနှင့်ပတ်သက်၍ မိန့်ခွန်း ပြောဆိုခဲ့ကြသည်။

ယနေကျင်းပသည့်အခမ်းအနားသို့ KNU ဗဟိုကော်မတီဝင် အားလုံးနီးပါးနှင့် အရပ်ဖက်စစ်ဖက်တာဝန်ရှိသူများ ကရင်အမျိုးသားများအပါအ၀င် တက်ရောက် သူ ၃၀၀ နီးပါးရှိသည်။

ကရင်အမျိုးသားရေးကိုဆောင်ရွက်ရာတွင် စည်းလုံးညီညွတ်ရေးသည် အရေး ကြီး သောကြောင့် ကရင်အမျိုးသားအဖွဲ့အစည်းကြီး ၄ ခုဖြစ်သည့် ၁၈၈၁ ခုနှစ် တွင် ဒေါက်တာတီသံပြာဦးဆောင်ဖွဲ့စည်းသော ဒေါကလူ KNA အဖွဲ့ - ၁၉၄၀ ခုနှစ်တွင် စတင်ဖွဲ့စည်းသည့် BKNA ဗုဒ္ဓဘာသာကရင်အမျိုးသားအစည်းအရုံး - ၁၉၄၃ ခုနှစ်တွင် စတင်ဖွဲ့စည်းသည့် KCO ကရင်ဗဟိုအဖွဲ့ချုပ် - ၁၉၄၆ ခုနှစ် တွင် စတင်ဖွဲ့စည်းသည့် KYO ကရင်အမျိုးသားအစည်းအရုံးတို့သည် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့မှ ၁၅ ရက်နေ့အထိ ရန်ကုန်မြို့ တွင် အစည်း အဝေးကြီးတရပ် ကျင်းပခဲ့ကြသည်။

အဆိုပါအစည်းအဝေးတွင် ကရင်အမျိုးသားအစည်းအရုံးများအားလုံးကို တခု တည်းသော အဖွဲ့အစည်းအဖြစ် ပြန်လည်ပူးပေါင်းကြရန် ဆွေးနွေးခဲ့ကြပြီး အဖွဲ့ ၄ ဖွဲ့လုံးက လက်ခံခဲ့ကြ၍ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ကရင် အမျိုး သားအစည်းအရုံး KNU ကို စတင်ဖွဲ့စည်းခဲ့သည်။

ပထမဆုံး ကရင်အမျိုးသား အစည်းအရုံး KNU ဥက္ကဌမှာ စောစံဖိုးသင်ဖြစ်ပြီး လက်ရှိဥက္ကဌမှာ ဗိုလ်ချုပ်ကြီးမူတူးဆေးဖိုးဖြစ်သည်။

ကရင်အမျိုးသားအစည်းအရုံး KNU သည် အမျိုးသားတန်းတူရေး နှင့်ကိုယ်ပိုင် ပြဌာန်းခွင့်ရရှိရေးအတွက် ၁၉၄၉ ခုနှစ်မှစတင်ကာ အစိုးရအဆက်ဆက်ကို လက်နက်ကိုင်တိုက်ပွဲဝင်လာခဲ့သည်မှာ ၆၆ နှစ်ရှိပြီးဖြစ်သည်။

သတင်း - ကရင်အမျိုးသား(မီဒီယာ)

No comments:

Post a Comment