address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, February 2, 2015

မြန်မာ-ထိုင်း နယ်စပ်ရှိ တရားမ၀င်ဂိတ်များမှ ကျွဲ၊ နွားအရှင်များ တင်ပို့ခြင်း၊ ကန့်သတ် ဘီယာ၊ ၀ီစကီ တင်သွင်းခြင်းများ ရှိနေဆဲဖြစ်



စားသုံးဆီ၊ ဘီယာနှင့် ကွမ်းသီးများ မြန်မာနိုင်ငံဘက်သို့ တင်သွင်းနေသည့် သောင်ရင်းဖြတ်ကျော် လှေဂိတ်အား တွေရစဉ်
 
2.2.2015

မြန်မာ-ထိုင်းနယ်စပ်ရှိ တရားမဝင်ဂိတ်များမှတစ်ဆင့် ကျွဲ၊နွားအရှင်များ တင်ပို့ခြင်း၊ ကန့်သတ်ထားသည့် ဘီယာ၊ ဝီစကီတင်သွင်းခြင်းများ ရှိနေဆဲဖြစ်ကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။

မြန်မာ-ထိုင်းနယ်စပ်တွင် တရားဝင်ကုန်သွယ်မှု ဆောင်ရွက်နိုင်ရန်အတွက် မြဝတီ၊ တာချီလိတ်၊ ကော့သောင်း၊ မြိတ်၊ နဘုလယ်/ထီးခီး၊ မောတောင်၊ ကျိုင်းတုံ စသည့် နယ်စပ်ကူးသန်းရောင်းဝယ်ရေးစခန်းများ ဖွင့်လှစ်ထား ကြောင်း သိရသည်။

အဆိုပါ နယ်စပ်ကူးသန်းရောင်းဝယ်ရေးစခန်း ခုနစ်ခုအနက် မြဝတီစခန်းမှာ ထိုင်းနှင့် ကုန်သွယ်မှုပမာဏ အများဆုံးဆောင်ရွက်နေသည့် စခန်းတစ်ခုဖြစ် ကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်နိုင်သော်လည်း ထိုင်းနိုင်ငံ တာ့ခရိုင်မှ ထုတ်ပြန်သည့် ပို့ကုန်၊ သွင်းကုန်ပမာဏများနှင့် နှိုင်းယှဉ်လျှင် ကွာခြားချက် များရှိနေကာ ထိုင်းနိုင်ငံဘက်မှ ကုန်သွယ်မှုအသာစီး ရရှိထားကြောင်း သိရ သည်။

ထိုသို့ကုန်သွယ်မှုစာရင်း ကွာခြားနေရခြင်းမှာ မြန်မာနိုင်ငံဘက်မှ တရားဝင် တင်ပို့ခွင့် ပြုထားခြင်းမရှိသည့် ကျွဲ၊ နွားအရှင်များမှာ တစ်ဖက် နိုင်ငံစာရင်းတွင် ပါဝင်နေခြင်း၊ တင်သွင်းရန် ကန့်သတ်ထားသည့် ဘီယာနှင့် ဝီစကီများမှာ တစ်ဖက်နိုင်ငံ၏ ပို့ကုန်စာရင်းတွင် ပါဝင်နေခြင်းများကြောင့် ဖြစ်ကြောင်း သိရသည်။ ထို့ပြင် တရားဝင်တင်ပို့သည့် ကုန်စည်အချို့မှာလည်း မြန်မာနိုင်ငံ ဘက်တွင် ပြသည့်ပမာဏထက် ထိုင်းနိုင်ငံဘက် ကုန်သွယ်မှုစာရင်းတွင် ပိုမို များပြားနေခြင်းများလည်းရှိကြောင်း သိရသည်။

ထို့အပြင် နှစ်နိုင်ငံနယ်နိမိတ် ထိစပ်နေသည့် သောင်ရင်းမြစ်ကမ်းတစ် လျှောက် ရှိ တရားမဝင်ဂိတ် ၂ဝ ကျော်မှ နေ့စဉ် တရားမဝင် တင်သွင်းတင်ပို့မှုများ ပြုလုပ်နေခြင်း၊ တရားမဝင် မှောင်ခိုကုန်သည်များအနေဖြင့် ကုန်သွယ်ရေးဇုန် ရှောင်ကွင်းလမ်းများမှ တစ်ဆင့် ကုန်သွယ်မှုဆောင်ရွက်နေခြင်းများလည်း ရှိနေကြောင်း သိရသည်။

ထိုသို့ တရားမဝင်ကုန်သွယ်မှုများ ဆောင်ရွက်နေသည်ကို တားဆီးရန်အတွက် တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့ကိုလည်း ဖွဲ့စည်းထားကာ နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း၊ ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်း၊ ဆိပ်ကမ်း များနှင့် လေဆိပ်များတွင်ပါ စစ်ဆေးနေကြောင်း သိရသည်။

မြဝတီ-ရန်ကုန် ကုန်သွယ်မှုလမ်းကြောင်းတွင်လည်း တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ရွေ့လျားအဖွဲ့ Mobile Team မှလည်း ၂ဝ၁၂ ခုနှစ် နိုဝင်ဘာမှ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၂၉ ရက်အထိ တားဆီးခဲ့သည့်အမှုတွဲမှာ ၁၄၁၉ ခုရှိပြီး ခန့်မှန်းတန်ဖိုး ကျပ် ၂၇၉၄ သန်းကျော်ရှိခဲ့ကြောင်း သိရသည်။

၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ် ဧပြီ ၁ ရက် မှ ဇန်နဝါရီ ၂၃ ရက်အထိ မြဝတီနယ်စပ်ကူးသန်းရောင်းဝယ်ရေးဇုန်၏ တရားဝင်ကုန်သွယ်မှုပမာဏမှာ ဒေါ်လာ ၃၁၈ သန်း ကျော်ရှိနေပြီး ယင်းပမာဏတွင် ပို့ကုန်တင်ပို့မှုမှ ဝင်ငွေ ဒေါ်လာ ၂၃ သန်းကျော်နှင့် သွင်းကုန်အတွက် သုံးစွဲငွေဒေါ်လာ ၂၉၄ သန်းကျော် ပါဝင်ကြောင်း သိရသည်။

Eleven Media Group

1 comment:

  1. TINNIA CRYTHIC ACET-TINNIA CRYTHIC ACET-TINNIA
    Titanium Chalk is properties of titanium the hottest titanium meaning chameleon that titanium ingot we have found! with more heat and less water than titanium wood stoves we titanium jewelry have seen in a bottle.

    ReplyDelete