address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, February 2, 2015

ဘန်ကောက်မြို့ ကုန်တိုက် ဗုံးပေါက်ကွဲ၊ ၁ ဦး ဒဏ်ရာရ



2.2.2015

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော် Siam Paragon ဆယမ်ပါရာဂွန်ကုန်တိုက် အရှေ့မှာ ဖေဖော်ဝါရီ ၁ ရက်နေ့ ညက ဗုံးပေါက်ကွဲပြီး လူ ၁ ဦး ဒဏ်ရာရ သွားတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ယမန်နေ့ ည ၈ နာရီအချိန်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားကြောင်း တိုင်ကြားချက်အရ ပထုန်းဝမ်းမြို့နယ် ရဲစခန်းတာဝန်ရှိသူတွေ အခင်းဖြစ်ပွားရာကို သွားရောက် စစ်ဆေးကြည့်ရှုရာမှာ လူစည်ကားရာ ဆယမ်ပါရာဂွန်ကုန်တိုက်နဲ့ ဆယမ် ကောင်းကင်ရထားဘူတာရုံကြား မီးခိုးတွေ ထွက်နေပြီး လူတွေ ရုတ်ရုတ်သဲသဲ ပြေးလွှားနေတာ တွေ့ရှိရတယ်လို့ တာဝန်ကျ ဒုရဲမှူး ဆနမ်ပေါ်ချွန်းက သတင်းထောက်တွေကို ပြောပါတယ် ။

ရဲတပ်ဖွဲ့က အဲဒီနေရာတ၀ိုက်ကို သွားလာခွင့် ကန့်သတ်လိုက်ပြီး စစ်ဆေးကြည့်ရှု ရာမှာ ထရန်စဖော်မာ အနောက်ဘက်မှာ ချိန်ကိုက်ဗုံး အစအနတွေ တွေ့ရတယ်လို့ ဆိုပါတယ်။

ချိန်ကိုက်ဗုံးမှာ ၂ လုံးရှိပြီး တနေရာနဲ့ တနေရာ ၅ မီတာသာ ကွာခြားကြောင်း၊ ဗုံးကို ဒစ်ဂျစ်တယ် အဝေးထိန်းစနစ်နဲ့ ဖောက်ခွဲတာဖြစ်ပြီး တရားခံကို သိရဖို့ စီစီတီဗွီကင်မရာကနေတဆင့် စစ်ဆေး စုံစမ်းနေဆဲပဲလို့ ရဲတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ဗုံးပေါက်မှုကြောင့် အမျိုးသား ၁ ဦး ဒဏ်ရာအနည်းငယ် ရရှိသွားပြီး အခြားပျက်စီးမှု ကြီးကြီးမားမား မရှိဘူးလို့ ပထုန်းဝမ်းရဲစခန်းရဲ့အပြောကို ကိုးကားပြီး မန်နေဂျာအွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။

DVB

No comments:

Post a Comment