9.2.2015
ဇန်န၀ါရီ ၁၅ ရက်က စတင်ပြီး ထိုင်းမှာ လုပ်ဆောင်ခဲ့တဲ့ လှုပ်ရှားမှုမှာ မဲခေါင် မြစ်ဝှမ်းတလျှောက်မှာ မူးယစ်ဆေးဝါးနဲ့ ဆက်နွှယ်တဲ့ အမှု ၅၉၀ ဖမ်းဆီးရ မိခဲ့သလို ဘိန်းဖြူ ၇၀ ကီလိုဂရမ်၊ ဘိန်း ၁.၂ ကီလိုဂရမ်နဲ့ မက်သဖက်တမင်း ၄သန်းကျော် ဖမ်းဆီးရမိခဲ့တယ်လို့ China.org.cn သတင်းဌာနက ရေးပါတယ်။
၎ နိုင်ငံက အရာရှိ ၅၄၈၂ ဦးနဲ့ စက်လှေ ၅၁၂ စင်းနဲ့ မဲခေါင်မြစ်မှာ ဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။
မူးယစ်ဆေးဝါးနဲ့ ဆက်နွယ်နေတဲ့ ရွာတွေကိုလှည့်လည်တာ သတင်းတွေကို ထောက်လှမ်းတာ သံသယရှိသူတွေကို ဖမ်းဆီးတာ စစ်ဆေးရေးဂိတ်တွေ ဖွင့်လှစ် စစ်ဆေးတာတွေ ပါဝင်နေပါတယ်။
၂၀၁၃ ဧပြီ-ဇွန်မှာတော့ ပထမအကြိမ် မူးယစ်ဆေးဝါး နှိမ်နှင်းရေး လှုပ်ရှားမှု တွေ ကို တရုတ်နိုင်ငံ ယူနန်ခရိုင်မှာ လုပ်ဆောင်ခဲ့ပါတယ်။
DVB
No comments:
Post a Comment