address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, February 9, 2015

တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးရန် အဆင်သင့်မဖြစ်သေး ကြောင်း ကေအင်န်ယူသုံးသပ်


9.2.2015

ငါးရက်ကြာပြုလုပ်ခဲ့သော ကရင်အမျိုးသားအစည်းအရုံး (KNU) နှစ်ပတ်လည် ဗဟိုကော်မတီအစည်းအဝေးတွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ် လက်မှတ်ရေးထိုးရန် အဆင်သင့်မဖြစ်သေးကြောင်း သုံးသပ်ခဲ့ကြသည်ဟု သတင်းရရှိသည်။

တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်းတွင် ပါဝင်သော အခြေခံမူ နိုင်ငံရေးလမ်းပြမြေပုံ၊ တပ်ပိုင်းဆိုင်ရာကိစ္စနှင့် ကြားကာလအစီအစဉ်တို့၌ အစိုးရနှင့် ဆက်လက်ဆွေးနွေးရန်ကိစ္စများရှိနေသဖြင့် လက်မှတ်ရေးထိုးရန် အဆင်သင့်မဖြစ်သေးကြောင်း သုံးသပ်ခဲ့ကြသည်ဟု ကေအင်န်ယူ တွဲဖက် အထွေထွေအတွင်းရေးမှူး (၂) ဖဒိုမန်းမန်းကပြောသည်။

‘‘နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အ ခြေခံမူမှာဆိုရင် ဖက်ဒရယ် ပြည် ထောင်စု တည်ဆောက် ရေးနဲ့ ဖက်ဒရယ်တပ်မတော် တည်ဆောက်ရေးကိစ္စတွေဟာ ဆက်လက် ဆွေးနွေးဖို့ကျန်သေးတယ်’’ ဟု ဖဒိုမန်းမန်းကပြောသည်။

ထို့အပြင် တပ်ပိုင်းဆိုင်ရာ ကိစ္စတွင် တပ်များနေရာချထား ရေး၊ အပစ်အခတ် ရပ်စဲရေး၊ လက်မှတ်ရေးထိုးပြီးနောက် နှစ် ဖက်တပ်များ လိုက်နာရမည့် စည်း ကမ်း (စစ်သည်တော်ကျင့်ဝတ်)တို့မှာလည်း ဆက်လက် ဆွေးနွေးရမည့်ကိစ္စများ ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။

သမ္မတဦးသိန်းစိန်က လာ မည့်ပြည်ထောင်စုနေ့တွင် တစ် နိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး စာချုပ် လက်မှတ်ရေးထိုးလို ကြောင်း တိုင်းရင်းသားလက်နက် ကိုင်ခေါင်းဆောင်များအား ကမ်း လှမ်းထားသည်။

အင်အားကြီးလက်နက်ကိုင် အဖွဲ့များတွင် ကေအင်န်ယူနှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) တို့မှာ တစ်နိုင်ငံ လုံးအပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးပြီး နိုင်ငံရေး ဆွေးနွေးပွဲများ အမြန်စတင်လို သောအဖွဲ့များဖြစ်သည်။

ပြည်ထောင်စုနေ့တွင် တစ် နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်မရေးထိုး နိုင် ပါက အပစ်အခတ်ရပ်စဲရေးစာချုပ်နှင့် ပတ်သက်၍ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရန် ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ် ကောင်စီ(UNFC) က အစိုးရသို့ ကမ်းလှမ်းထား သည်။

ကရင်အမျိုးသားအစည်း အရုံးနှစ်ပတ်လည်ဗဟိုကော်မတီ အစည်းအဝေးကို ကေအင်န်ယူ ဌာနချုပ်တည်ရှိရာ လော်ခီးလာ ဒေသတွင် ဖေဖော်ဝါရီ ၃ ရက်မှ ၇ ရက်အထိ ငါးရက်ကြာကျင်းပခဲ့ သည်။ ဒုဥက္ကဋ္ဌ နော်စီဖိုးရာစိန်နှင့် ဒုတိယ စစ်ဦးစီးချုပ်အပါအ၀င် ဗဟိုကော်မတီဝင်အားလုံးနီးပါးတက်ရောက်ခဲ့ကြသည်။

7Day Daily

No comments:

Post a Comment